


Zawgyi ဖြင့်ဖတ်ရန်

















Unicode ဖြင့်ဖတ်ရန်

မဟာဗန္ဓုလပန်းခြံမှာ ထိုင်နေရင်း ကားနဲ့ခေါ်ခံရတဲ့ သမီးလေးတွေ ပျောက်ဆုံးနေလို့ ကူပေးကြပါ

ပရိသတ်ကြီးရေ ဒီတစ်ခါတော့ အကူအညီတောင်းတဲ့ စာလေးတင်ပါရစေနော်…. ပုံထဲမှာပါတဲ့ သမီးလေးတွေ ပျောက်နေလို့ ကူညီရှာဖွေတဲ့နေရာမှာ အထောက်အကူပြုအောင်လို့ ဒီစာလေးကို မျှဝေပေးစေချင်ပါတယ်…

ဖြစ်စဉ်က ပုံထဲက သီလရှင်ဝတ်ပြီး လူထွက်လာတဲ့ ကလေးမလေး ၂ ဦးဟာ မဟာဗန္ဓုလပန်းခြံမှာ ထိုင်နေတုန်း တက္ကစီယာဉ်မောင်းတစ်ဦးကနေ အလုပ်ရှာပေးမည်ပြောပြီး ကလေးမလေးနှစ်ဦးအား ကားပေါ်တင်ခေါ်သွားပါတယ်…




အဲဒီနောက် အငယ်ကိုတော့ ဘူတာရုံကြီးသို့ ပို့ဆောင်ပေးပြီးတော့ အကြီးမကြီးကိုတော့အလုပ်ရှာပေးမည်လို့ ပြောပြီး 11.11.2019 ရက်နေ့က ခေါ်ဆောင်သွားခဲ့တယ်လို့ မိဘတွေပြောလို့ သိရပါတယ်…





သူတို့နေတာက ကြို့ပင်ကောက်မှာပါ….အခုတော့ အဲဒီကလေးမလေးတွေပျောက်နေပါတယ်…. ပန်းခြံမှာ CCTV တပ်ထားမယ်ဆိုရင် ကလေးမလေးနှစ်ဦးကိုတင်ခေါ်သွားတဲ့ တက္ကစီကို ဖော်ထုတ်နိုင်မှာ ဖြစ်လို့ အကူအညီပေးအကြောင်းကြားပေးစေချင်ပါတယ်….



ကလေးမလေးတွေကို တွေ့ရှိခဲ့ရင်လည်း ဖုန်းနံပါတ် 09 2617 333 00 သို့ အကြောင်းကြားပေးစေလိုပါတယ်…အားလုံးပဲ ဝိုင်းဝန်းကူညီလိုက်ကြရအောင်နော်…

Writer – HW (Shwe Yaung Lan)


မှတ်ချက်များ