အသက္ ၅၀ ေက်ာ္အခ်ိန္ထိ ႏုပ်ိဳေနေစမယ့္ ဂ်ပန္႐ိုးရာ အသားအေရထိန္းသိမ္းနည္း လ်ိဳ႕ဝွက္ခ်က္



Zawgyi ျဖင့္ဖတ္ရန္

အိုမင္းရင့္ေရာ္မႈကို ဘယ္သူမွ မတားဆီးႏိုင္ပါဘူး။ ဒါေပမဲ့ လြယ္လြယ္နဲ႔ အသားအေရမပ်က္စီးေအာင္ ထိန္းသိမ္းနည္း လ်ိဳ႕ဝွက္ခ်က္ေတြ ရွိပါတယ္။ ပ်ိဳေမတို႔ တခ်ိဳ႕အမ်ိဳးသမီးေတြကို ျမင္ဖူးမွာပါ။ အသက္ ၅၀ ေက်ာ္တာေတာင္ ၂၀ ေက်ာ္အ႐ြယ္လို လွေနတဲ့ အမ်ိဳးသမီးေတြရွိပါတယ္။ ဒီလိုလူေတြက သူတို႔ရဲ႕ အသားအေရကို ထိန္းသိမ္းလို႔ပါ။ ဒါေၾကာင့္ ပ်ိဳေမတို႔ အသက္ ၅၀ ေက်ာ္အ႐ြယ္အထိ ငယ္႐ြယ္ႏုပ်ိဳေနေစဖို႔ ဂ်ပန္႐ိုးရာ အလွအပထိန္းသိမ္းနည္း တစ္ခုကို ေဝမွ်ေပးလိုပါတယ္။

ဒီထိန္းသိမ္းနည္းအတြက္ လိုအပ္တဲ့ ပစၥည္းေတြကေတာ့-

(၁)ဆန္ညိဳ ၃ ဇြန္း

(၂)ေထာပတ္သီးမွည့္ ၂ ဇြန္း

(၃)ပ်ားရည္ ဇြန္းဝက္

ကိုယ္အသုံးျပဳတဲ့ဆန္က ဓာတုပစၥည္းပါဝင္မႈမရွိဖို႔ေတာ့ လိုပါတယ္။

ပထမဆုံး ဆန္ကို ထမင္းခ်က္ေနက်အတိုင္း ခ်က္လိုက္ပါ။ ဆန္ညိဳျဖစ္ဖို႔ေတာ့ လိုပါတယ္။ ဆန္ေဆးရည္ကို မလႊင့္ပစ္ဘဲ သိမ္းထားပါ။  ၿပီးေနာက္ရလာတဲ့ ထမင္းကို ကိုယ္လိုအပ္တဲ့ပမာဏေလာက္ ခြက္တစ္ခြက္ထဲ ထည့္လိုက္ပါ။ ေထာပတ္သီးနဲ႔ ပ်ားရည္ ထည့္လိုက္ပါ။ အႏွစ္ရတဲ့အထိ ဒီသုံးမ်ိဳးကို ေမႊေပးပါ။ ၿပီးေနာက္ သုံးႏိုင္ပါၿပီ။ မ်က္ႏွာေပၚတင္ၿပီး ၁၅ မိနစ္ကေန မိနစ္ ၂၀ အထိထားေပးပါ။ ထားၿပီးတာနဲ႔ ကိုယ္သိမ္းထားတဲ့ ဆန္ေဆးရည္နဲ႔ မ်က္ႏွာေဆးခ်ပါ။ ဒီလိုလုပ္တာက မ်က္ႏွာေခ်းခြၽတ္ရာ ေရာက္ပါတယ္။ ဒီနည္းလမ္းကို တစ္ပတ္မွာ ၂ ႀကိမ္ ျပဳလုပ္ႏိုင္ပါတယ္။ ဆန္ညိဳက အေရးအေၾကာင္းေတြကို ေလွ်ာ့ခ်ေပးၿပီး အသားအေရကို စိုေျပေစပါတယ္။

Credit-MyStyle Myanmar


Unicode ဖြင့်ဖတ်ရန်

အသက် ၅၀ ကျော်အချိန်ထိ နုပျိုနေစေမယ့် ဂျပန်ရိုးရာ အသားအရေထိန်းသိမ်းနည်း လျို့ဝှက်ချက်



အိုမင်းရင့်ရော်မှုကို ဘယ်သူမှ မတားဆီးနိုင်ပါဘူး။ ဒါပေမဲ့ လွယ်လွယ်နဲ့ အသားအရေမပျက်စီးအောင် ထိန်းသိမ်းနည်း လျို့ဝှက်ချက်တွေ ရှိပါတယ်။ ပျိုမေတို့ တချို့အမျိုးသမီးတွေကို မြင်ဖူးမှာပါ။ အသက် ၅၀ ကျော်တာတောင် ၂၀ ကျော်အရွယ်လို လှနေတဲ့ အမျိုးသမီးတွေရှိပါတယ်။ ဒီလိုလူတွေက သူတို့ရဲ့ အသားအရေကို ထိန်းသိမ်းလို့ပါ။ ဒါကြောင့် ပျိုမေတို့ အသက် ၅၀ ကျော်အရွယ်အထိ ငယ်ရွယ်နုပျိုနေစေဖို့ ဂျပန်ရိုးရာ အလှအပထိန်းသိမ်းနည်း တစ်ခုကို ဝေမျှပေးလိုပါတယ်။

ဒီထိန်းသိမ်းနည်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့-

(၁)ဆန်ညို ၃ ဇွန်း

(၂)ထောပတ်သီးမှည့် ၂ ဇွန်း

(၃)ပျားရည် ဇွန်းဝက်

ကိုယ်အသုံးပြုတဲ့ဆန်က ဓာတုပစ္စည်းပါဝင်မှုမရှိဖို့တော့ လိုပါတယ်။

ပထမဆုံး ဆန်ကို ထမင်းချက်နေကျအတိုင်း ချက်လိုက်ပါ။ ဆန်ညိုဖြစ်ဖို့တော့ လိုပါတယ်။ ဆန်ဆေးရည်ကို မလွှင့်ပစ်ဘဲ သိမ်းထားပါ။  ပြီးနောက်ရလာတဲ့ ထမင်းကို ကိုယ်လိုအပ်တဲ့ပမာဏလောက် ခွက်တစ်ခွက်ထဲ ထည့်လိုက်ပါ။ ထောပတ်သီးနဲ့ ပျားရည် ထည့်လိုက်ပါ။ အနှစ်ရတဲ့အထိ ဒီသုံးမျိုးကို မွှေပေးပါ။ ပြီးနောက် သုံးနိုင်ပါပြီ။ မျက်နှာပေါ်တင်ပြီး ၁၅ မိနစ်ကနေ မိနစ် ၂၀ အထိထားပေးပါ။ ထားပြီးတာနဲ့ ကိုယ်သိမ်းထားတဲ့ ဆန်ဆေးရည်နဲ့ မျက်နှာဆေးချပါ။ ဒီလိုလုပ်တာက မျက်နှာချေးချွတ်ရာ ရောက်ပါတယ်။ ဒီနည်းလမ်းကို တစ်ပတ်မှာ ၂ ကြိမ် ပြုလုပ်နိုင်ပါတယ်။ ဆန်ညိုက အရေးအကြောင်းတွေကို လျှော့ချပေးပြီး အသားအရေကို စိုပြေစေပါတယ်။

Credit-MyStyle Myanmar

မှတ်ချက်များ