စိတ္ဓာတ္က်၊အားငယ္ေနခ်ိန္မွာ ကိုယ့္ကိုယ္ကို ျပန္တည္ေဆာက္ႏိုင္ဖို႔ နည္းလမ္းေကာင္း ၃ ခု


Zawgyiျဖင့္ဖတ္ရန္

လူတိုင္းလူတိုင္းမွာ စိတ္ညစ္စရာေတြ၊ စိတ္႐ႈပ္စရာေတြ ႐ွိေနတတ္ၾကပါတယ္။ ဒါေတြကိုမွ ကိုယ္တစ္ေယာက္တည္းမွာပဲ ဒုကၡေတြ စုပံုေနသလိုမ်ိဳး စိတ္ဓာတ္က်ေနစရာ မလိုပါဘူး။ လဲက်တာက ကိစၥမ႐ွိေပမယ့္ ျပန္ထဖို႔ေတာ့ သင့္မွာ တာဝန္႐ွိပါတယ္။ တစ္စံုတစ္ေယာက္ရဲ႕ ေဖးမကူညီမႈကို ေစာင့္မ့ေနပဲ ကိုယ့္အားကိုယ္ကိုးၿပီး ထဖို႔လိုပါတယ္။ စိတ္ဓာတ္က်၊ အားငယ္ေနတဲ့အခါ ကိုယ့္ကိုယ္ကို ျပန္တည္ေဆာက္ဖို႔ လိုအပ္ပါတယ္။

လႊတ္ခ်သင့္တာ လႊတ္ခ်လိုက္ပါ

စိတ္မြမ္းက်ပ္မႈ အမ်ားစုက လြတ္ခ်သင့္တဲ့ စိတ္္ခံစားအခ်ိဳ႕ကို မလြတ္ခ်လုိက္တဲ့ အတြက္ ျဖစ္ေပၚတတ္ၾကပါတယ္။ ကိုယ္မနုိင္တဲ့ လြတ္ခ်သင့္ေနတဲ့ အရာေတြကို ျပတ္ျပတ္သားသား မလြတ္ခ်ပဲ အတင္းႀကီး ဖမ္းဆုပ္ထားမိတဲ့အခါ လူပင္ပန္း စိတ္ပင္ပန္း ပိုျဖစ္ရတတ္ပါတယ္။ ဒါေၾကာင့္ လြတ္ခ်သင့္တာေတြကို လြတ္ခ်လုိက္ပါ။ ဥပမာ- အဆင္မေျပႏိုင္ေတာ့တဲ့ relationship မ်ိဳး၊ လုပ္ရတာ မေပ်ာ္႐ႊင္တဲ့ အလုပ္အကိုင္မ်ိဳး စသျဖင့္ အဆင္မေျပေတာ့မယ့္အတူတူ လြတ္ခ်လိုက္တာက သင့္အတြက္ ပိုအဆင္ေျပပါလိမ္႔မယ္။

ကိုယ့္ကိုယ္ကို ခ်စ္တတ္ေအာင္ သင္ယူပါ

လူေတာ္ေတာ္မ်ားမ်ားဟာ ကိုယ့္ကိုယ္ကို ခ်စ္ဖို႔ ေမ႔ေလ်ာ့ေနတတ္ၾကပါတယ္။ ဒီလိုမ်ိဳး ကိုယ့္ကိုယ္ကို ခ်စ္ဖို႔ေမ႔ေန႐ံုမက ကိုယ့္ကိုယ္ကို ႏွိပ္စက္မွန္းမသိ ႏွိပ္စက္ေနတတ္ၾကပါေသးတယ္။ ဒါေၾကာင့္မို႔ စိတ္ဓာတ္က်ေနတဲ့အခ်ိန္မွာ ကိုယ့္ကိုယ္ကို ခ်စ္ၾကည့္တာက အမ်ားႀကီး အေထာက္အကူျပဳပါတယ္။ ကိုယ့္အတြက္ အခ်ိန္သီးသန္႔ေပးသင့္ၿပီး ကိုယ္လုပ္ခ်င္တာေတြကို လုပ္ၾကည္ျခင္းက သင့္ကို ျပန္တည္ေဆာက္ဖို႔ အေကာင္းဆံုးနည္းလမ္းတစ္ခုပါ။

သင့္ကိုသင္ အတင္းေျပာင္းလဲဖို႔ မႀကိဳးစားပါနဲ႔

လူေတြဟာ တစ္ခါတစ္ေလမွာ ကိုယ့္ကိုယ္ကို အတင္းေျပာင္းလဲဖို႔ ႀကိဳးစားတတ္ပါတယ္။ ဒီလုိမ်ိဳး ႀကိဳးစားျခင္းက အလုပ္မျဖစ္တဲ့အျပင္ သင့္ကို ပိုထိခိုက္ေစႏိုင္ပါတယ္။ ဒါေၾကာင့္မို႔ သင့္ကိုသင္ အတင္းေျပာင္းလဲဖို႔ မႀကိဳးစားပါနဲ႔။ ကိုယ္႔ရဲ႕ လက္႐ွိပံုစံ၊ လက္႐ွိအေနအထားအတုိင္း အေကာင္းဆံုး ႀကိဳးစားပါ။ ဒီလိုမ်ိဳး ကိုယ့္ကိုယ္ကို အေကာင္းဆံုး ႀကိဳးစား႐ုန္းကန္ရင္း ဘဝကို ေပ်ာ္႐ႊင္ေအာင္ ေနထိုင္ဖို႔က အဓိက က်ပါတယ္။ ကိုယ့္ပံုစံနဲ႔ ကိုယ္႐ွင္သန္ပါ။

Khin

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

စိတ်ဓာတ်ကျ၊အားငယ်နေချိန်မှာ ကိုယ့်ကိုယ်ကို ပြန်တည်ဆောက်နိုင်ဖို့ နည်းလမ်းကောင်း ၃ ခု

လူတိုင်းလူတိုင်းမှာ စိတ်ညစ်စရာတွေ၊ စိတ်ရှုပ်စရာတွေ ရှိနေတတ်ကြပါတယ်။ ဒါတွေကိုမှ ကိုယ်တစ်ယောက်တည်းမှာပဲ ဒုက္ခတွေ စုပုံနေသလိုမျိုး စိတ်ဓာတ်ကျနေစရာ မလိုပါဘူး။ လဲကျတာက ကိစ္စမရှိပေမယ့် ပြန်ထဖို့တော့ သင့်မှာ တာဝန်ရှိပါတယ်။ တစ်စုံတစ်ယောက်ရဲ့ ဖေးမကူညီမှုကို စောင့်မ့နေပဲ ကိုယ့်အားကိုယ်ကိုးပြီး ထဖို့လိုပါတယ်။ စိတ်ဓာတ်ကျ၊ အားငယ်နေတဲ့အခါ ကိုယ့်ကိုယ်ကို ပြန်တည်ဆောက်ဖို့ လိုအပ်ပါတယ်။

လွှတ်ချသင့်တာ လွှတ်ချလိုက်ပါ

စိတ်မွမ်းကျပ်မှု အများစုက လွတ်ချသင့်တဲ့ စိတ်ခံစားအချို့ကို မလွတ်ချလိုက်တဲ့ အတွက် ဖြစ်ပေါ်တတ်ကြပါတယ်။ ကိုယ်မနိုင်တဲ့ လွတ်ချသင့်နေတဲ့ အရာတွေကို ပြတ်ပြတ်သားသား မလွတ်ချပဲ အတင်းကြီး ဖမ်းဆုပ်ထားမိတဲ့အခါ လူပင်ပန်း စိတ်ပင်ပန်း ပိုဖြစ်ရတတ်ပါတယ်။ ဒါကြောင့် လွတ်ချသင့်တာတွေကို လွတ်ချလိုက်ပါ။ ဥပမာ- အဆင်မပြေနိုင်တော့တဲ့ relationship မျိုး၊ လုပ်ရတာ မပျော်ရွှင်တဲ့ အလုပ်အကိုင်မျိုး စသဖြင့် အဆင်မပြေတော့မယ့်အတူတူ လွတ်ချလိုက်တာက သင့်အတွက် ပိုအဆင်ပြေပါလိမ့်မယ်။

ကိုယ့်ကိုယ်ကို ချစ်တတ်အောင် သင်ယူပါ

လူတော်တော်များများဟာ ကိုယ့်ကိုယ်ကို ချစ်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဒီလိုမျိုး ကိုယ့်ကိုယ်ကို ချစ်ဖို့မေ့နေရုံမက ကိုယ့်ကိုယ်ကို နှိပ်စက်မှန်းမသိ နှိပ်စက်နေတတ်ကြပါသေးတယ်။ ဒါကြောင့်မို့ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ချစ်ကြည့်တာက အများကြီး အထောက်အကူပြုပါတယ်။ ကိုယ့်အတွက် အချိန်သီးသန့်ပေးသင့်ပြီး ကိုယ်လုပ်ချင်တာတွေကို လုပ်ကြည်ခြင်းက သင့်ကို ပြန်တည်ဆောက်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။

သင့်ကိုသင် အတင်းပြောင်းလဲဖို့ မကြိုးစားပါနဲ့

လူတွေဟာ တစ်ခါတစ်လေမှာ ကိုယ့်ကိုယ်ကို အတင်းပြောင်းလဲဖို့ ကြိုးစားတတ်ပါတယ်။ ဒီလိုမျိုး ကြိုးစားခြင်းက အလုပ်မဖြစ်တဲ့အပြင် သင့်ကို ပိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်မို့ သင့်ကိုသင် အတင်းပြောင်းလဲဖို့ မကြိုးစားပါနဲ့။ ကိုယ့်ရဲ့ လက်ရှိပုံစံ၊ လက်ရှိအနေအထားအတိုင်း အကောင်းဆုံး ကြိုးစားပါ။ ဒီလိုမျိုး ကိုယ့်ကိုယ်ကို အကောင်းဆုံး ကြိုးစားရုန်းကန်ရင်း ဘဝကို ပျော်ရွှင်အောင် နေထိုင်ဖို့က အဓိက ကျပါတယ်။ ကိုယ့်ပုံစံနဲ့ ကိုယ်ရှင်သန်ပါ။

Khin

Credit:Aunty May

မှတ်ချက်များ