ပရိသတ္ေတြတျဖဳတ္ျဖဳတ္ေၾကြေအာင္ မိုက္ေနတဲ့ ဆံရွည္ႀကီးနဲ႔ Lee Dong Wook
Zawgyiျဖင့္ဖတ္ရန္
ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို အျပည့္အဝရရွိထားတဲ့ သရုပ္ေဆာင္မင္းသားတစ္ေယာက္ျဖစ္တဲ့ Lee Dong Wook ကေတာ့ “ံHell is Other People” ရိုက္ကူးမႈၿပီးတဲ့ေနာက္မွာ ဇာတ္လမ္းတြဲရိုက္ကူးေရးေတြကို ရပ္နားထားၿပီး အျခားေသာ အႏုပညာလႈပ္ရွားမႈေတြကို ဆက္တိုက္ျပဳလုပ္ေနတာျဖစ္ပါတယ္။ သူကေတာ့ ၿပီးခဲ့တဲ့ ရက္ပိုင္းက GQ မဂၢဇင္းနဲ႔ အတူ ဓါတ္ပံု ရိုက္ကူးခဲ့တာျဖစ္ပါတယ္။
Lee Dong Wook ကေတာ့ ပရိသတ္ေတြျမင္ေနက်မဟုတ္တဲ့ ပံုစံအသစ္နဲ႔ ဓါတ္ပံုေတြကို ရိုက္ကူးခဲ့တာျဖစ္ပါတယ္။ ပခံုးေအာက္ေလာက္အထိရွည္ေနတဲ့ ဆံႏြယ္အရွည္ေတြနဲ႔ ပရိသတ္ေတြကို တျဖဳတ္ျဖဳတ္ေၾကြသြားေစျပန္ပါၿပီ။
ဘယ္လိုပံုစံမ်ိဳးနဲ႔ မဆိုလိုက္ဖက္ေနလြန္းတဲ့ Lee Dong Wook ရဲ႕ မဂၢဇင္းဓါတ္ပံုေတြကို ပရိသတ္ေတြအတြက္ ေဝမွ်ေပးလိုက္ပါတယ္။
Source: GQ KOREA
Credit:Aunty May
Unicodeဖြင့်ဖတ်ရန်
ပရိသတ်တွေတဖြုတ်ဖြုတ်ကြွေအောင် မိုက်နေတဲ့ ဆံရှည်ကြီးနဲ့ Lee Dong Wook
ပရိသတ်တွေရဲ့ အားပေးမှုတွေကို အပြည့်အဝရရှိထားတဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်ဖြစ်တဲ့ Lee Dong Wook ကတော့ “ံHell is Other People” ရိုက်ကူးမှုပြီးတဲ့နောက်မှာ ဇာတ်လမ်းတွဲရိုက်ကူးရေးတွေကို ရပ်နားထားပြီး အခြားသော အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။ သူကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက GQ မဂ္ဂဇင်းနဲ့ အတူ ဓါတ်ပုံ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
Lee Dong Wook ကတော့ ပရိသတ်တွေမြင်နေကျမဟုတ်တဲ့ ပုံစံအသစ်နဲ့ ဓါတ်ပုံတွေကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ပခုံးအောက်လောက်အထိရှည်နေတဲ့ ဆံနွယ်အရှည်တွေနဲ့ ပရိသတ်တွေကို တဖြုတ်ဖြုတ်ကြွေသွားစေပြန်ပါပြီ။
ဘယ်လိုပုံစံမျိုးနဲ့ မဆိုလိုက်ဖက်နေလွန်းတဲ့ Lee Dong Wook ရဲ့ မဂ္ဂဇင်းဓါတ်ပုံတွေကို ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်။
Source: GQ KOREA
Credit:Aunty May





မှတ်ချက်များ