ႏွလုံးမေကာင္းတဲ့သူဆိုရင္ သူ႔ပြဲေတြကို မၾကည့္ေစခ်င္တဲ့ ေအာင္လအန္ဆန္
Zawgyi ျဖင့္ဖတ္ရန္
ONE Championship ကမာၻ႔ခ်န္ပီယံ ေအာင္လအန္ဆန္နဲ႔ MMA ကစားသမား ဖိုးေသာ္တို႔ပါဝင္တဲ့အဖြဲ႕ဟာ ရန္ကုန္ ေ႐ႊျပည္သာၿမိဳ႕နယ္ကို မေန႔က သြားေရာက္ၿပီး ကေလးငယ္ေတြနဲ႔ ေတြ႕ဆုံကာ ပညာေရးအတြက္ အားေပးခဲ့ၾကပါတယ္။
ျမန္မာေ႐ြ႕လ်ားပညာေရးစီမံကိန္း(MYME ) ရဲ႕အစီအစဥ္နဲ႔ သြားေရာက္တာ ျဖစ္ပါတယ္။ ေအာင္လအန္ဆန္က “ပညာေရးဟာ အေရးအႀကီးဆုံးအရာျဖစ္ၿပီးေတာ့ ပညာေရးနဲ႔ ပတ္သက္ၿပီး တတ္စြမ္းသေလာက္လုပ္ေဆာင္ေနတဲ့ ျမန္မာေ႐ြ႕လ်ားပညာေရး စီမံကိန္း(MYME project) အဖြဲ႕ကိုလည္း ဒီေန႔အစီအစဥ္မွာ ပါဝင္ခြင့္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ သင္တို႔ဟာ ဒီလူမႈအသိုင္းအဝိုင္းအတြက္ တကယ့္သူရဲေကာင္းေတြပါ”လို႔ သူ႔ရဲ႕ လူမႈကြန္ရက္မွာ ေရးထားပါတယ္။
ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕မွာ ေအာက္တိုဘာ ၁၃ ရက္ေန႔ကက်င္းပတဲ့ ONE Championship ၿပိဳင္ပြဲမွာ ေအာင္လအန္ဆန္က စိန္ေခၚသူ ဟဲဗီးဝိတ္ခ်န္ပီယံ ဘရန္ဒန္ဗီရာကို ဒုတိယအခ်ီမွာ အလဲထိုး အႏိုင္ရရွိခဲ့ပါတယ္။လက္ဒဏ္ရာနဲ႔ပတ္ သက္ၿပီး ပရိသတ္ေတြကစိုးရိမ္ ေနၾကတဲ့အတြက္ လက္ရွိဒဏ္ရာ အေနအထားေလးျဖစ္ေနတဲ့ အေပၚမွာ “ ၿပီးခဲ့တဲ့ဘရန္ဒန္ဗီရာနဲ႔ပြဲမွာ ေနာက္ဆုံးထိုးခ်က္ ထိုးလိုက္တဲ့ အခါ လက္မကအ႐ိုးလြဲသြားတာ ပါ။ လက္အိတ္ကို ခြၽတ္လိုက္တဲ့ အခ်ိန္တုန္းက လက္မကနာေန တယ္။ ဒါေပမဲ့ အမ်ားႀကီးေတာ့ မနာဘူး။ အ႐ိုးကေတာ့ ထိသြား တာသိလိုက္တယ္။ X-Ray ေသ ခ်ာစစ္ၾကည့္ေတာ့ လက္မအ႐ိုး ကလြဲသြားတယ္။ ကြၽန္ေတာ့္ရဲ႕ ဆရာဝန္က အဲဒီအ႐ိုးလြဲတာက ခြဲစိတ္ခိုင္းတယ္။ ဒါေၾကာင့္ခြဲ စိတ္ၿပီးေတာ့ ပင္အပ္ႏွစ္ေခ်ာင္း ထည့္ထားတယ္။ ခြဲထားတာေတာ့ ႏွစ္ပတ္ရွိၿပီ။ ေနာက္ထပ္ေလး ပတ္လိုေသးတယ္။ ေလးပတ္ ေလာက္ဆိုရင္ေတာ့ ေကာင္း ေကာင္းမြန္မြန္ေလ့က်င့္ခန္း ျပန္ လုပ္လို႔ရပါၿပီ။ ပရိသတ္မစိုးရိမ္ ပါနဲ႔။ သက္သာပါတယ္လို႔ ေျပာ ခ်င္ပါတယ္။
ဒါ့အျပင္ သူ႔ရဲ႕ပြဲကို ၾကည့္ရင္းနဲ႔ ပရိ သတ္ေတြစိတ္လႈပ္ရွားၿပီး ေသ ဆုံးမႈအခ်ိဳ႕ရွိခဲ့တဲ့အေပၚမွာလဲ အခုလိုပဲ ေျဖၾကားသြားတာပါ။ ” ကြၽန္ေတာ္ တကယ္စိတ္မ ေကာင္းဘူး။ ကြၽန္ေတာ့္ပရိသတ္ ေတြအခုလိုဆုံးသြားတာ ၾကားရ ေတာ့ အရမ္းစိတ္မေကာင္းဘူး။ အဲဒီလိုမ်ိဳး ႏွလုံးနဲ႔ပတ္သက္ၿပီး ျပႆနာရွိတဲ့သူေတြ ပြဲရလဒ္ကို သိၿပီးမွၾကည့္ပါလို႔ ေျပာခ်င္ပါ တယ္။ ဒီလိုပြဲေတြကတိုက္ခိုက္ ေရးကစားနည္းျဖစ္လို႔ ျပင္းျပင္း ထန္ထန္ျဖစ္တတ္တယ္။ ပရိ သတ္ေတြကို ေျပာခ်င္တာက အ ကယ္၍ ႏွလုံးမေကာင္းဘူးဆိုရင္ ကြၽန္ေတာ့္ရဲ႕ပြဲေတြကို မၾကည့္ပါ နဲ႔လို႔ေျပာခ်င္ပါတယ္။ ” 7day သတင္းမွာ ေဖာ္ျပထားတာ ေတြ႕ရပါတယ္။
share from: burmese.asia
Unicode ဖြင့်ဖတ်ရန်
နှလုံးမကောင်းတဲ့သူဆိုရင် သူ့ပွဲတွေကို မကြည့်စေချင်တဲ့ အောင်လအန်ဆန်
ONE Championship ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်နဲ့ MMA ကစားသမား ဖိုးသော်တို့ပါဝင်တဲ့အဖွဲ့ဟာ ရန်ကုန် ရွှေပြည်သာမြို့နယ်ကို မနေ့က သွားရောက်ပြီး ကလေးငယ်တွေနဲ့ တွေ့ဆုံကာ ပညာရေးအတွက် အားပေးခဲ့ကြပါတယ်။
မြန်မာရွေ့လျားပညာရေးစီမံကိန်း(MYME ) ရဲ့အစီအစဉ်နဲ့ သွားရောက်တာ ဖြစ်ပါတယ်။ အောင်လအန်ဆန်က “ပညာရေးဟာ အရေးအကြီးဆုံးအရာဖြစ်ပြီးတော့ ပညာရေးနဲ့ ပတ်သက်ပြီး တတ်စွမ်းသလောက်လုပ်ဆောင်နေတဲ့ မြန်မာရွေ့လျားပညာရေး စီမံကိန်း(MYME project) အဖွဲ့ကိုလည်း ဒီနေ့အစီအစဉ်မှာ ပါဝင်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သင်တို့ဟာ ဒီလူမှုအသိုင်းအဝိုင်းအတွက် တကယ့်သူရဲကောင်းတွေပါ”လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးထားပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အောက်တိုဘာ ၁၃ ရက်နေ့ကကျင်းပတဲ့ ONE Championship ပြိုင်ပွဲမှာ အောင်လအန်ဆန်က စိန်ခေါ်သူ ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဗီရာကို ဒုတိယအချီမှာ အလဲထိုး အနိုင်ရရှိခဲ့ပါတယ်။လက်ဒဏ်ရာနဲ့ပတ် သက်ပြီး ပရိသတ်တွေကစိုးရိမ် နေကြတဲ့အတွက် လက်ရှိဒဏ်ရာ အနေအထားလေးဖြစ်နေတဲ့ အပေါ်မှာ “ ပြီးခဲ့တဲ့ဘရန်ဒန်ဗီရာနဲ့ပွဲမှာ နောက်ဆုံးထိုးချက် ထိုးလိုက်တဲ့ အခါ လက်မကအရိုးလွဲသွားတာ ပါ။ လက်အိတ်ကို ချွတ်လိုက်တဲ့ အချိန်တုန်းက လက်မကနာနေ တယ်။ ဒါပေမဲ့ အများကြီးတော့ မနာဘူး။ အရိုးကတော့ ထိသွား တာသိလိုက်တယ်။ X-Ray သေ ချာစစ်ကြည့်တော့ လက်မအရိုး ကလွဲသွားတယ်။ ကျွန်တော့်ရဲ့ ဆရာဝန်က အဲဒီအရိုးလွဲတာက ခွဲစိတ်ခိုင်းတယ်။ ဒါကြောင့်ခွဲ စိတ်ပြီးတော့ ပင်အပ်နှစ်ချောင်း ထည့်ထားတယ်။ ခွဲထားတာတော့ နှစ်ပတ်ရှိပြီ။ နောက်ထပ်လေး ပတ်လိုသေးတယ်။ လေးပတ် လောက်ဆိုရင်တော့ ကောင်း ကောင်းမွန်မွန်လေ့ကျင့်ခန်း ပြန် လုပ်လို့ရပါပြီ။ ပရိသတ်မစိုးရိမ် ပါနဲ့။ သက်သာပါတယ်လို့ ပြော ချင်ပါတယ်။
ဒါ့အပြင် သူ့ရဲ့ပွဲကို ကြည့်ရင်းနဲ့ ပရိ သတ်တွေစိတ်လှုပ်ရှားပြီး သေ ဆုံးမှုအချို့ရှိခဲ့တဲ့အပေါ်မှာလဲ အခုလိုပဲ ဖြေကြားသွားတာပါ။ ” ကျွန်တော် တကယ်စိတ်မ ကောင်းဘူး။ ကျွန်တော့်ပရိသတ် တွေအခုလိုဆုံးသွားတာ ကြားရ တော့ အရမ်းစိတ်မကောင်းဘူး။ အဲဒီလိုမျိုး နှလုံးနဲ့ပတ်သက်ပြီး ပြဿနာရှိတဲ့သူတွေ ပွဲရလဒ်ကို သိပြီးမှကြည့်ပါလို့ ပြောချင်ပါ တယ်။ ဒီလိုပွဲတွေကတိုက်ခိုက် ရေးကစားနည်းဖြစ်လို့ ပြင်းပြင်း ထန်ထန်ဖြစ်တတ်တယ်။ ပရိ သတ်တွေကို ပြောချင်တာက အ ကယ်၍ နှလုံးမကောင်းဘူးဆိုရင် ကျွန်တော့်ရဲ့ပွဲတွေကို မကြည့်ပါ နဲ့လို့ပြောချင်ပါတယ်။ ” 7day သတင်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
share from: burmese.asia


မှတ်ချက်များ