ပရိသတ္ေတြ မူးယစ္ကင္းစင္ၿပီး က်န္းမာေပ်ာ္ရႊင္ေစဖို႔ ဆႏၵရိွေၾကာင္း ထုတ္ေျပာလာတဲ့ ေနတိုး
Zawgyiျဖင့္ဖတ္ရန္
ႏိုင္ငံေက်ာ္ မင္းသားေခ်ာ ေနတိုးက သူ႔ရဲ႕ အႏုပညာသက္တမ္းတစ္ေလ်ွာက္ ဇာတ္႐ုပ္မ်ိဳးစံုကို သ႐ုပ္ေဆာင္ခဲ့ၿပီး အႏုပညာကေဝတစ္ပါးလို႔ေတာင္ တင္စားခံရသူ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္လည္း ေနတိုးက အကယ္ဒမီဆုႀကီး သံုးဆုကို ထိုက္ထိုက္တန္တန္ ဆြတ္ခူးရရိွၿပီး ေအာင္ျမင္မႈေတြမ်ားစြာ ဆြတ္ခူးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ ေနတိုးက သူသ႐ုပ္ေဆာင္ထားတဲ့ 'ဗိုလ္ေနတိုး' ႐ုပ္႐ွင္ဇာတ္ကားႀကီးအေၾကာင္း အခုလိုပဲ ရင္ဖြင့္ ေျပာဆိုလာပါတယ္။
"မွတ္မွတ္ရရ ဒီေန႔က်ေရာက္တဲ့(၉၉)ျကိမ္ေျမာက္အမ်ိဳးသားေန႔မွာ ရံုတင္ျပသခြင့္ရေသာ႐ုပ္ရွင္ကားနဲ႔ပတ္သက္ၿပီး ရင္ထဲမွာခံစားမႈမ်ားေပါက္ဖြားလာျခင္းေၾကာင့္အနည္းငယ္ရင္ဖြင့္ခြင့္ျပဳပါ။"
"မူးယစ္ေဆးဝါးေၾကာင့္ မိမိပတ္ဝန္းက်င္ မွာဆိုးရြားတဲ့ခံစားမႈေတြအျဖစ္အပ်က္မ်ိဳးစံုေတြျမင္ဖူးၾကားဖူးၾကမွာပါ။ အဲဒီမူးယစ္ေဆးဝါးေၾကာင့္ ကိုခ်စ္ရတဲ့ကို႔ မိသားစုညီအကိုေမာင္ႏွမေတြ သူငယ္ခ်င္းအေပါင္းအသင္း မိတ္ေဆြေတြၾကား ဆိုးရြားတဲ့ခံစားမႈေတြနဲ႔ ျကံဳေတြ႕ခဲ့ရတဲ့သူေတြ မတတ္သာလို႔ဝဋ္ေျကြးေတြရွိခဲ့ရင္ေၾကပါေစေတာ့လို႔ပူေဆြးေသာကႀကီးစြာမ်က္ရည္ေတြနဲ႔ေန႔တိုင္းဆုေတာင္းေပးခဲ့ရတဲ့မိဘေတြအမ်ားႀကီးရွိၾကမွာပါ။"
"မိမိႏိုင္ငံအတြက္အနာဂတ္မွာ အားကိုးအားထားရမဲ့ လူငယ္ေတြအခ်ိန္မတန္ခင္ဘဝပ်က္၊ အသက္ေပး၊ ေႂကြလြင့္ခဲ့ရတဲ့လူေတြလဲ အမ်ားႀကီးရွိခဲ့ပါတယ္။ အခုလဲရွိေနတုန္းပဲဆိုတာ အားလံုးျမင္ေနၾကားေနရတဲ့အတိုင္းပါပဲ။ အင္း......လက္ဝယ္ေတြ႕ရွိမႈ သံုးစြဲမႈေပါင္းမ်ားစြာကို ႀကိဳးစားဖမ္းဆီး ေနၾကပါတယ္ဆိုေပမဲ့ သုံးစြဲသူေတြဆီကိုဘယ္ကေနဘယ္လိုေရာက္လာတာလဲလို႔အေျဖရွာရင္း ပိုင္ရွင္မဲ့ျဖစ္ခဲ့ရတဲ့အေျခအေနေတြကိုျမင္ဖူးၾကားဖူးခဲ့ၾကလို႔ ခံျပင္းေဒါသစိတ္ေတြကိုၿမိဳခ်ခဲ့ရတဲ့အခ်ိန္ေတြလဲရွိခဲ့ၾကပါတယ္။"
"ေျပာခ်င္တာက ဗိုလ္ေနတိုးဆိုတဲ့ဇာတ္ေကာင္ဟာ ဒီလိုခံစားမႈေတြ ဒီလိုျပႆနာေတြကိုအေျဖရွာေျဖရွင္းဖို႔ႀကိဳးစားရင္း ဘဝကံၾကမၼာအလွည့္အေျပာင္းေတြေၾကာင့္အခ်ိန္တစ္ခုကိုေပးဆပ္လိုက္ရေပမဲ့ မာန္မေလၽွာ့ပဲ ေနာက္ဆံုးမွာေတာ့ က်ဴပင္ခုတ္က်ဴငုတ္ပါမက်န္ဆိုသလို အားလံုးနဲ႔ပူးေပါင္းၿပီး အျမစ္ျဖတ္ သုတ္သင္ေပးႏိုင္ခဲ့ပါတယ္။ ဒီလိုလုပ္လိုက္ႏိုင္ခဲ့ၾကလို႔လဲပရိသတ္ရဲ႕ လက္ခုပ္သံေတြကိုလဲ အခ်ိန္ၾကာၾကာၾကားခဲ့ရပါတယ္။ ဒါေပမဲ့ ဒါဟာရုပ္ရွင္ပါ။"
"ကၽြန္ေတာ္ေတြးေနမိတာက ရုပ္ရွင္ကိုရုပ္ရွင္လိုပဲထားလိုက္ၾကေတာ့မွာလား? အျပင္မွာရုပ္ရွင္ထဲကလိုတကယ္မျဖစ္ႏိုင္ေတာ့ဘူးလား ဆိုတာ ေမးခြန္းထုတ္စရာပါ သရုပ္ေဆာင္တၚေယာက္အေနနဲ႔ မိမိဇာတ္ေကာင္စရိုက္ကို အသက္သြင္းပံုေဖာ္သရုပ္ေဆာင္ၿပီး အတတ္ႏိုင္ဆံုးသုတရသပါဝင္ႏိုင္တဲ့ ဇာတ္လမ္းေတြကို ေရြးခ်ယ္ရိုက္ကူးတင္ဆက္ရံုကလြဲလို႔မတတ္ႏိုင္ပါ။"
"ဒါေပမဲ့ျပည္သူေတြထဲကျပည္သူတစ္ေယာက္အေနနဲ႔ေတာ့ရုပ္ရွင္ရံုထဲမွာျကားခဲ့ရတဲ့ပရိသတ္ရဲ႕လက္ခုပ္သံေတြလိုမ်ိဳးလက္ခုတ္တီးခြင့္ေတြကိုလိုခ်င္ေနမိပါတယ္ မူးရစ္ကင္းစင္ၿပီးက်မ္းမာေပ်ာ္ရႊင္ေသာဘဝေတြကိုပိုင္ဆိုင္ႏိုင္ၾကပါေစ ေၾကာင္း ဗိုလ္ေနတိုးရွင္ရွင္နဲ႔အတူဆုေတာင္းေမတၱာပို႔သရင္း....ေနတိုး" ဆိုၿပီး မ်ွေဝလာပါတယ္။
ေနတိုးကေတာ့ သူခ်စ္ရတဲ့ ပရိသတ္ေတြ မူးယစ္ကင္းစင္ၿပီး က်န္းမာေပ်ာ္ရႊင္ဖို႔ ဆုေတာင္းေပးလိုက္တာ ျဖစ္ပါတယ္။ အခ်ိန္ေပးၿပီး ဖတ္႐ႈေပးတဲ့ ပရိသတ္ႀကီးကို မိုမိုေလးမွ ေက်းဇူးအထူးတင္ရိွပါတယ္။
Rowena
Source: Nay Toe's fb
Credit:Timothy(မိုမိုေလး)
Unicodeဖြင့်ဖတ်ရန်
ပရိသတ်တွေ မူးယစ်ကင်းစင်ပြီး ကျန်းမာပျော်ရွှင်စေဖို့ ဆန္ဒရှိကြောင်း ထုတ်ပြောလာတဲ့ နေတိုး
နိုင်ငံကျော် မင်းသားချော နေတိုးက သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက် ဇာတ်ရုပ်မျိုးစုံကို သရုပ်ဆောင်ခဲ့ပြီး အနုပညာကဝေတစ်ပါးလို့တောင် တင်စားခံရသူ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း နေတိုးက အကယ်ဒမီဆုကြီး သုံးဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိပြီး အောင်မြင်မှုတွေများစွာ ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ နေတိုးက သူသရုပ်ဆောင်ထားတဲ့ 'ဗိုလ်နေတိုး' ရုပ်ရှင်ဇာတ်ကားကြီးအကြောင်း အခုလိုပဲ ရင်ဖွင့် ပြောဆိုလာပါတယ်။
"မှတ်မှတ်ရရ ဒီနေ့ကျရောက်တဲ့(၉၉)ကြိမ်မြောက်အမျိုးသားနေ့မှာ ရုံတင်ပြသခွင့်ရသောရုပ်ရှင်ကားနဲ့ပတ်သက်ပြီး ရင်ထဲမှာခံစားမှုများပေါက်ဖွားလာခြင်းကြောင့်အနည်းငယ်ရင်ဖွင့်ခွင့်ပြုပါ။"
"မူးယစ်ဆေးဝါးကြောင့် မိမိပတ်ဝန်းကျင် မှာဆိုးရွားတဲ့ခံစားမှုတွေအဖြစ်အပျက်မျိုးစုံတွေမြင်ဖူးကြားဖူးကြမှာပါ။ အဲဒီမူးယစ်ဆေးဝါးကြောင့် ကိုချစ်ရတဲ့ကို့ မိသားစုညီအကိုမောင်နှမတွေ သူငယ်ချင်းအပေါင်းအသင်း မိတ်ဆွေတွေကြား ဆိုးရွားတဲ့ခံစားမှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့သူတွေ မတတ်သာလို့ဝဋ်ကြွေးတွေရှိခဲ့ရင်ကြေပါစေတော့လို့ပူဆွေးသောကကြီးစွာမျက်ရည်တွေနဲ့နေ့တိုင်းဆုတောင်းပေးခဲ့ရတဲ့မိဘတွေအများကြီးရှိကြမှာပါ။"
"မိမိနိုင်ငံအတွက်အနာဂတ်မှာ အားကိုးအားထားရမဲ့ လူငယ်တွေအချိန်မတန်ခင်ဘဝပျက်၊ အသက်ပေး၊ ကြွေလွင့်ခဲ့ရတဲ့လူတွေလဲ အများကြီးရှိခဲ့ပါတယ်။ အခုလဲရှိနေတုန်းပဲဆိုတာ အားလုံးမြင်နေကြားနေရတဲ့အတိုင်းပါပဲ။ အင်း......လက်ဝယ်တွေ့ရှိမှု သုံးစွဲမှုပေါင်းများစွာကို ကြိုးစားဖမ်းဆီး နေကြပါတယ်ဆိုပေမဲ့ သုံးစွဲသူတွေဆီကိုဘယ်ကနေဘယ်လိုရောက်လာတာလဲလို့အဖြေရှာရင်း ပိုင်ရှင်မဲ့ဖြစ်ခဲ့ရတဲ့အခြေအနေတွေကိုမြင်ဖူးကြားဖူးခဲ့ကြလို့ ခံပြင်းဒေါသစိတ်တွေကိုမြိုချခဲ့ရတဲ့အချိန်တွေလဲရှိခဲ့ကြပါတယ်။"
"ပြောချင်တာက ဗိုလ်နေတိုးဆိုတဲ့ဇာတ်ကောင်ဟာ ဒီလိုခံစားမှုတွေ ဒီလိုပြဿနာတွေကိုအဖြေရှာဖြေရှင်းဖို့ကြိုးစားရင်း ဘဝကံကြမ္မာအလှည့်အပြောင်းတွေကြောင့်အချိန်တစ်ခုကိုပေးဆပ်လိုက်ရပေမဲ့ မာန်မလျှော့ပဲ နောက်ဆုံးမှာတော့ ကျူပင်ခုတ်ကျူငုတ်ပါမကျန်ဆိုသလို အားလုံးနဲ့ပူးပေါင်းပြီး အမြစ်ဖြတ် သုတ်သင်ပေးနိုင်ခဲ့ပါတယ်။ ဒီလိုလုပ်လိုက်နိုင်ခဲ့ကြလို့လဲပရိသတ်ရဲ့ လက်ခုပ်သံတွေကိုလဲ အချိန်ကြာကြာကြားခဲ့ရပါတယ်။ ဒါပေမဲ့ ဒါဟာရုပ်ရှင်ပါ။"
"ကျွန်တော်တွေးနေမိတာက ရုပ်ရှင်ကိုရုပ်ရှင်လိုပဲထားလိုက်ကြတော့မှာလား? အပြင်မှာရုပ်ရှင်ထဲကလိုတကယ်မဖြစ်နိုင်တော့ဘူးလား ဆိုတာ မေးခွန်းထုတ်စရာပါ သရုပ်ဆောင်တါ်ယောက်အနေနဲ့ မိမိဇာတ်ကောင်စရိုက်ကို အသက်သွင်းပုံဖော်သရုပ်ဆောင်ပြီး အတတ်နိုင်ဆုံးသုတရသပါဝင်နိုင်တဲ့ ဇာတ်လမ်းတွေကို ရွေးချယ်ရိုက်ကူးတင်ဆက်ရုံကလွဲလို့မတတ်နိုင်ပါ။"
"ဒါပေမဲ့ပြည်သူတွေထဲကပြည်သူတစ်ယောက်အနေနဲ့တော့ရုပ်ရှင်ရုံထဲမှာကြားခဲ့ရတဲ့ပရိသတ်ရဲ့လက်ခုပ်သံတွေလိုမျိုးလက်ခုတ်တီးခွင့်တွေကိုလိုချင်နေမိပါတယ် မူးရစ်ကင်းစင်ပြီးကျမ်းမာပျော်ရွှင်သောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေ ကြောင်း ဗိုလ်နေတိုးရှင်ရှင်နဲ့အတူဆုတောင်းမေတ္တာပို့သရင်း....နေတိုး" ဆိုပြီး မျှဝေလာပါတယ်။
နေတိုးကတော့ သူချစ်ရတဲ့ ပရိသတ်တွေ မူးယစ်ကင်းစင်ပြီး ကျန်းမာပျော်ရွှင်ဖို့ ဆုတောင်းပေးလိုက်တာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Nay Toe's fb
Credit:Timothy(မိုမိုလေး)


မှတ်ချက်များ