နိုင္ငံအတြက္ ဂုဏ္ယူစရာေနာက္ထပ္ နိုင္ပြဲရယူခဲ့တဲ့ သက္ထားသူဇာ
Zawgyiျဖင့္ဖတ္ရန္
ျမန္မာနိုင္ငံရဲ့ နိုင္ငံဂုဏ္ေဆာင္တစ္ဦးျဖစ္တဲ့ ၾကက္ေတာင္ အားကစားမယ္ေလးသက္ထားသူဇာကေတာ့ လက္ရွိမွာလည္း ျမန္မာျပည္သူလူထုေတြအတြက္ ေပ်ာ္ရႊင္စရာ သတင္းေလးတစ္ခုကို ထပ္မံဖန္တီးေပးလိုက္ျပန္ပါၿပီ။အဲ့ဒီဝမ္းသာစရာ သတင္းေလးကေတာ့ အိႏၵိယနိုင္ငံမွာ က်င္းပျပဳလုပ္တဲ့ “INFOSYS FOUNDATION – INDIA INTERNATIONAL CHALLENGE 2019” ၿပိဳင္ပြဲႀကီးမွာ အနိုင္ရရွိေအာင္ စြမ္းေဆာင္နိုင္ခဲ့တာပဲျဖစ္ပါတယ္။
သက္ထားသူဇာဟာ “INFOSYS FOUNDATION – INDIA INTERNATIONAL CHALLENGE 2019” ၿပိဳင္ပြဲႀကီးကိုေတာ့ ဒီေန႔ ပထမပြဲစဥ္မွာ အိႏၵိယနိုင္ငံကိုယ္စားျပဳ ကစားသမားျဖစ္တဲ့ IRA SHARMA ကို 2-1 နဲ႔ အနိုင္ရရွိခဲ့ၿပီး ဒုတိယအဆင့္ ကို တက္လွမ္းသြားနိုင္ခဲ့တာလို့ သိရွိရပါတယ္။ဒုတိယအဆင့္ပြဲစဥ္ကိုေတာ့ မနက္ျဖန္ နိုဝင္ဘာလ (၂၂)ရက္ေန႔မွာ ယွဥ္ၿပိဳင္ရမွာပဲျဖစ္ပါတယ္။
ဒုတိယအဆင့္ပြဲစဥ္မွာလည္း အိႏၵိယနိုင္ငံရဲ့ ကစားသမားျဖစ္တဲ့ Tanvi Lad နဲ႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္တာေၾကာင့္ အားေပးၾကဖို့ကိုလည္း သက္ထားသူဇာကေတာင္းဆိုထားပါေသးတယ္။သက္ထားသူဇာဟာဆိုရင္ ၾကက္ေတာင္အားကစားနည္းနဲ႔ ေရႊတံဆိပ္ဆုေတြကို အရယူေပးေနၿပီးနိုင္ငံဂုဏ္ေဆာင္ထားနိုင္ခဲ့တာေၾကာင့္ အခုၿပိဳင္ပြဲႀကီးမွာလည္း ေရႊတံဆိပ္ဆုႀကီးကို အရယူနိုင္ဖို့ ပရိသတ္ႀကီးက သက္ထားသူဇာအတြက္ အားေပးစကားေလးေတြေျပာသြားေပးပါဦ
သက္ထားသူဇာကေတာ့ ျမန္မာနိုင္ငံအတြက္ ဂုဏ္ယူစရာေကာင္းေလာက္ေအာင္ ေပးဆပ္ကစားေနတာျဖစ္ၿပီး ေနာက္လာမယ့္ပြဲေတြမွာလည္း နိုင္ပြဲေတြဆက္ရယူနိုင္ၿပီး ေရႊတံဆိပ္ဆု ထိုက္တန္စြာဆြတ္ခူးနိုင္ပါေစ။ပရိသတ္ေတြကလည္း ဆက္လက္ၿပီး အားေပၾကပါလို႔ ေျပာျပခ်င္ပါတယ္။
Credit:Timothy(မိုမိုေလး)
Unicodeဖြင့်ဖတ်ရန်
နိုင်ငံအတွက် ဂုဏ်ယူစရာနောက်ထပ် နိုင်ပွဲရယူခဲ့တဲ့ သက်ထားသူဇာ
မြန်မာနိုင်ငံရဲ့ နိုင်ငံဂုဏ်ဆောင်တစ်ဦးဖြစ်တဲ့ ကြက်တောင် အားကစားမယ်လေးသက်ထားသူဇာကတော့ လက်ရှိမှာလည်း မြန်မာပြည်သူလူထုတွေအတွက် ပျော်ရွှင်စရာ သတင်းလေးတစ်ခုကို ထပ်မံဖန်တီးပေးလိုက်ပြန်ပါပြီ။အဲ့ဒီဝမ်းသာစရာ သတင်းလေးကတော့ အိန္ဒိယနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ “INFOSYS FOUNDATION – INDIA INTERNATIONAL CHALLENGE 2019” ပြိုင်ပွဲကြီးမှာ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
သက်ထားသူဇာဟာ “INFOSYS FOUNDATION – INDIA INTERNATIONAL CHALLENGE 2019” ပြိုင်ပွဲကြီးကိုတော့ ဒီနေ့ ပထမပွဲစဉ်မှာ အိန္ဒိယနိုင်ငံကိုယ်စားပြု ကစားသမားဖြစ်တဲ့ IRA SHARMA ကို 2-1 နဲ့ အနိုင်ရရှိခဲ့ပြီး ဒုတိယအဆင့် ကို တက်လှမ်းသွားနိုင်ခဲ့တာလို့ သိရှိရပါတယ်။ဒုတိယအဆင့်ပွဲစဉ်ကိုတော့ မနက်ဖြန် နိုဝင်ဘာလ (၂၂)ရက်နေ့မှာ ယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်။
ဒုတိယအဆင့်ပွဲစဉ်မှာလည်း အိန္ဒိယနိုင်ငံရဲ့ ကစားသမားဖြစ်တဲ့ Tanvi Lad နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်တာကြောင့် အားပေးကြဖို့ကိုလည်း သက်ထားသူဇာကတောင်းဆိုထားပါသေးတယ်။သက်ထားသူဇာဟာဆိုရင် ကြက်တောင်အားကစားနည်းနဲ့ ရွှေတံဆိပ်ဆုတွေကို အရယူပေးနေပြီးနိုင်ငံဂုဏ်ဆောင်ထားနိုင်ခဲ့တာကြောင့် အခုပြိုင်ပွဲကြီးမှာလည်း ရွှေတံဆိပ်ဆုကြီးကို အရယူနိုင်ဖို့ ပရိသတ်ကြီးက သက်ထားသူဇာအတွက် အားပေးစကားလေးတွေပြောသွားပေးပါဦ
သက်ထားသူဇာကတော့ မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာကောင်းလောက်အောင် ပေးဆပ်ကစားနေတာဖြစ်ပြီး နောက်လာမယ့်ပွဲတွေမှာလည်း နိုင်ပွဲတွေဆက်ရယူနိုင်ပြီး ရွှေတံဆိပ်ဆု ထိုက်တန်စွာဆွတ်ခူးနိုင်ပါစေ။ပရိသတ်တွေကလည်း ဆက်လက်ပြီး အားပေကြပါလို့ ပြောပြချင်ပါတယ်။
Credit:Timothy(မိုမိုလေး)


မှတ်ချက်များ