RS ေတြထက္ Single ေတြက ပိုႏုပ်ိဳက်န္းမာၿပီး ေပ်ာ္႐ႊင္ၾကသူမ်ား ျဖစ္ေၾကာင္း ေတြ႕ရွိ

Zawgyiျဖင့္ဖတ္ရန္

ဘယ္ကိုၾကည့္ၾကည့္ ညာကိုၾကည့္ၾကည့္ အတြဲေတြခ်ည္းပဲ ျမင္ရတဲ့ ေခတ္ႀကီး ျဖစ္ေနေတာ့ ခ်စ္သူမရွိတဲ့သူမ်ား အတြက္ သတင္းေကာင္းေလး ေပးခ်င္ပါတယ္ေနာ္။ စိတ္ဆိုးလိုက္ စိတ္ေကာက္လိုက္နဲ႔ ခံစားမႈမ်ိဳးစုံျဖစ္ေနၾကတဲ့ အတြဲေတြကို ၾကည့္ၿပီး စိတ္ရႈပ္လာဖူးရင္ေတာ့ သင္က ခ်စ္သူ မရွိတာ ေသခ်ာေနပါၿပီ။ ဒါမွမဟုတ္ ခ်စ္သူတစ္ေယာက္ေလာက္ ရခ်င္မိတယ္ လို႔ ေတြးေနမိရင္ေတာ့ ရပ္လိုက္ပါေနာ္။ ခ်စ္သူမရွိတာက ပိုၿပီး သင့္ကို က်န္းမာႏုပ်ိဳေစေၾကာင္း ဒီအခ်က္ေတြ ေတြ႕ရင္ သင္ လက္ခံသြားမွာပါ။

အခ်ိန္ရတယ္

ခ်စ္သူရွိတဲ့သူေတြက ဂိမ္းလည္း ေျဖာင့္ေျဖာင့္မစားရ။ မုန႔္လည္း ေျဖာင့္ေျဖာင့္ မစားရ။ အျပင္သြားရင္လည္း တတြဲတြဲနဲ႔ ယုတ္စြအဆုံး ညဘက္အိပ္ရင္ေတာင္ ကိုယ့္ဘာသာ အနားယူလို႔ မရဘဲ ဖုန္းေျပာၾကေသးတဲ့ အခ်ိန္ မအားမလပ္တဲ့ သူေတြပါ။ ခ်စ္သူမရွိရင္ေတာ့ သင့္အခ်ိန္အားလုံး သင္ပိုင္ပါတယ္။ ဘယ္အခ်ိန္ ဘာလုပ္လုပ္ သင့္စိတ္ႀကိဳက္လုပ္ႏိုင္ပါတယ္။

အပူအပင္ ကင္းတယ္

လူဆိုတာ အပူအပင္ ရွိတတ္ၾကေပမယ့္ ခ်စ္သူရွိတဲ့ သူေတြကေတာ့ သူဘယ္သြားလဲ ဘာလုပ္လဲ ေတြးပူေနရတာတို႔ စိတ္တိုရတာတို႔ သဝန္တိုရတာတို႔ ရန္ျဖစ္ၾကရတာတို႔ စတာေတြ ရွိကို ရွိေနတတ္ၾကပါတယ္။ ဒီ စိတ္ခံစားခ်က္ေတြ ျဖစ္လာတာက ခႏၶာကိုယ္က်န္းမာေရးပါ ထိခိုက္ေစပါေသးတယ္။ ခ်စ္သူ မရွိရင္ေတာ့ ဒီလိုမ်ိဳးေတြ မျဖစ္တဲ့အတြက္ စိတ္ဖိစီးမႈေတြ ကင္းတာေၾကာင့္ သင့္အသားအရည္ သင့္မ်က္ႏွာေတြက ႏုပ်ိဳေနမွာပါ။


ကိုယ့္ကိုယ္ကို ပိုဂ႐ုစိုက္ႏိုင္တယ္

ခ်စ္သူရွိတဲ့သူေတြက အပူမိေနတဲ့ သူေတြလိုပဲ။ ဘာလုပ္မလဲ၊ ဘယ္သြားမလဲ၊ လိုက္ေတြးေနတဲ့အျပင္ တစ္ေယာက္ကို တစ္ေယာက္ အခ်ိန္ေပးေနရတာနဲ႔ ကိုယ့္ကိုယ္ကိုအတြက္ အခ်ိန္မေပးႏိုင္ ျဖစ္ၾကရပါတယ္။ ခ်စ္သူမရွိတဲ့သူေတြကေတာ့ အခ်ိန္တိုင္း လိုသလို စီမံခန႔္ခြဲလို႔ ရပါတယ္။ ကိုယ့္အတြက္ Skincareလုပ္ခ်ိန္ ေအးေဆးရသလို အိမ္တြင္းပုန္းၿပီး ႐ုပ္ရွင္ပဲ ၾကည့္မလား။ အိမ္ပဲ ရွင္းအုံးမလား။ အလွပဲ ထိုင္ျပင္ေနအုံးမလား မ်ိဳးစုံႀကိဳးခုန္ လုပ္ေနလို႔ ရပါတယ္။

သူငယ္ခ်င္းေတြနဲ႔ မ်က္ႏွာမပ်က္ဘူး

ခ်စ္သူရွိတဲ့သူေတြက သူငယ္ခ်င္းေတြ ေခၚတဲ့အခါ ခ်ိန္းတဲ့အခါ ခ်စ္သူနဲ႔ ခ်ိန္းထားလို႔ ျငင္းရတာနဲ႔၊ သူငယ္ခ်င္းေတြ စု ခရီးထြက္ရင္လည္း စိတ္မခ်တာတို႔ မသြားရဘူးတို႔ ျဖစ္ေနတတ္တဲ့အတြက္ သူငယ္ခ်င္းေတြကို မ်က္ႏွာအပ်က္ခံၿပီး ခ်စ္သူနဲ႔ အဆင္ေျပေအာင္ ေနတတ္ၾကပါတယ္။ ခ်စ္သူမရွိတဲ့သူေတြကေတာ့ သူငယ္ခ်င္းေတြ ႀကိဳက္တဲ့အခ်ိန္ေတြ ခ်ိန္း ကိုယ္ပိုင္အခ်ိန္ေတြကို စီမံၿပီး အားရင္အားသလို ေတြ႕လိုရပါတယ္။ သူငယ္ခ်င္းေတြစုၿပီး Night Out ၾကလည္း ေအးေဆးပါပဲ။

ဝယ္ခ်င္တာ ဝယ္ႏိုင္တယ္

ခ်စ္သူရွိတဲ့သူေတြကေတာ့ ခ်စ္သူဖို႔ ဝယ္ေပးရတာနဲ႔၊ အျပင္သြားရင္ သုံးဖို႔ ခ်န္ထားရတာနဲ႔ လိုခ်င္တာရွိရင္ေတာင္ အလြယ္တကူ ဝယ္လို႔မရပါဘူး။ ေငြအဆင္ေျပေတာင္ ဒါမဝယ္ရဘူး၊ ဟိုဟာ မဝယ္ရဘူးနဲ႔ သူတို႔ လိုခ်င္တာေတြ အၿမဲ ရမေနေတာ့ပါဘူး။ ဒါေပမဲ့ ခ်စ္သူမရွိတဲ့သူေတြကေတာ့ ကိုယ့္အတြက္ကိုယ္ ဘာလာလာ မ်က္ႏွာၾကည့္ေနစရာမလို႔ပဲ ဝယ္လို႔ ရေနတာပါ။

ဒီလိုမ်ိဳး စိတ္ခ်မ္းသာမႈေတြ ျပည့္ေနျခင္းက က်န္းမာေရးအတြက္ ေကာင္းက်ိဳးေတြခ်ည္းပဲ ရသလို စိတ္ဖိစီးမႈကင္းတာနဲ႔အမွ် သင့္အသားအရည္ ႐ုပ္ရည္ေတြက ႏုပ်ိဳေနမွာပါ။ ဒါေၾကာင့္ ခ်စ္သူမရွိတဲ့သူေတြက ပိုၿပီး ေပ်ာ္႐ႊင္ပါတယ္။ FA Life ကို ေပ်ာ္ေပ်ာ္ႀကီး ျဖတ္သန္းလိုက္ၾကပါေနာ္…..

Written by Kham

Credit:Em Em(Auntymay)

Unicodeဖြင့်ဖတ်ရန်

RS တွေထက် Single တွေက ပိုနုပျိုကျန်းမာပြီး ပျော်ရွှင်ကြသူများ ဖြစ်ကြောင်း တွေ့ရှိ

ဘယ်ကိုကြည့်ကြည့် ညာကိုကြည့်ကြည့် အတွဲတွေချည်းပဲ မြင်ရတဲ့ ခေတ်ကြီး ဖြစ်နေတော့ ချစ်သူမရှိတဲ့သူများ အတွက် သတင်းကောင်းလေး ပေးချင်ပါတယ်နော်။ စိတ်ဆိုးလိုက် စိတ်ကောက်လိုက်နဲ့ ခံစားမှုမျိုးစုံဖြစ်နေကြတဲ့ အတွဲတွေကို ကြည့်ပြီး စိတ်ရှုပ်လာဖူးရင်တော့ သင်က ချစ်သူ မရှိတာ သေချာနေပါပြီ။ ဒါမှမဟုတ် ချစ်သူတစ်ယောက်လောက် ရချင်မိတယ် လို့ တွေးနေမိရင်တော့ ရပ်လိုက်ပါနော်။ ချစ်သူမရှိတာက ပိုပြီး သင့်ကို ကျန်းမာနုပျိုစေကြောင်း ဒီအချက်တွေ တွေ့ရင် သင် လက်ခံသွားမှာပါ။

အချိန်ရတယ်

ချစ်သူရှိတဲ့သူတွေက ဂိမ်းလည်း ဖြောင့်ဖြောင့်မစားရ။ မုန့်လည်း ဖြောင့်ဖြောင့် မစားရ။ အပြင်သွားရင်လည်း တတွဲတွဲနဲ့ ယုတ်စွအဆုံး ညဘက်အိပ်ရင်တောင် ကိုယ့်ဘာသာ အနားယူလို့ မရဘဲ ဖုန်းပြောကြသေးတဲ့ အချိန် မအားမလပ်တဲ့ သူတွေပါ။ ချစ်သူမရှိရင်တော့ သင့်အချိန်အားလုံး သင်ပိုင်ပါတယ်။ ဘယ်အချိန် ဘာလုပ်လုပ် သင့်စိတ်ကြိုက်လုပ်နိုင်ပါတယ်။

အပူအပင် ကင်းတယ်

လူဆိုတာ အပူအပင် ရှိတတ်ကြပေမယ့် ချစ်သူရှိတဲ့ သူတွေကတော့ သူဘယ်သွားလဲ ဘာလုပ်လဲ တွေးပူနေရတာတို့ စိတ်တိုရတာတို့ သဝန်တိုရတာတို့ ရန်ဖြစ်ကြရတာတို့ စတာတွေ ရှိကို ရှိနေတတ်ကြပါတယ်။ ဒီ စိတ်ခံစားချက်တွေ ဖြစ်လာတာက ခန္ဓာကိုယ်ကျန်းမာရေးပါ ထိခိုက်စေပါသေးတယ်။ ချစ်သူ မရှိရင်တော့ ဒီလိုမျိုးတွေ မဖြစ်တဲ့အတွက် စိတ်ဖိစီးမှုတွေ ကင်းတာကြောင့် သင့်အသားအရည် သင့်မျက်နှာတွေက နုပျိုနေမှာပါ။

ကိုယ့်ကိုယ်ကို ပိုဂရုစိုက်နိုင်တယ်

ချစ်သူရှိတဲ့သူတွေက အပူမိနေတဲ့ သူတွေလိုပဲ။ ဘာလုပ်မလဲ၊ ဘယ်သွားမလဲ၊ လိုက်တွေးနေတဲ့အပြင် တစ်ယောက်ကို တစ်ယောက် အချိန်ပေးနေရတာနဲ့ ကိုယ့်ကိုယ်ကိုအတွက် အချိန်မပေးနိုင် ဖြစ်ကြရပါတယ်။ ချစ်သူမရှိတဲ့သူတွေကတော့ အချိန်တိုင်း လိုသလို စီမံခန့်ခွဲလို့ ရပါတယ်။ ကိုယ့်အတွက် Skincareလုပ်ချိန် အေးဆေးရသလို အိမ်တွင်းပုန်းပြီး ရုပ်ရှင်ပဲ ကြည့်မလား။ အိမ်ပဲ ရှင်းအုံးမလား။ အလှပဲ ထိုင်ပြင်နေအုံးမလား မျိုးစုံကြိုးခုန် လုပ်နေလို့ ရပါတယ်။

သူငယ်ချင်းတွေနဲ့ မျက်နှာမပျက်ဘူး

ချစ်သူရှိတဲ့သူတွေက သူငယ်ချင်းတွေ ခေါ်တဲ့အခါ ချိန်းတဲ့အခါ ချစ်သူနဲ့ ချိန်းထားလို့ ငြင်းရတာနဲ့၊ သူငယ်ချင်းတွေ စု ခရီးထွက်ရင်လည်း စိတ်မချတာတို့ မသွားရဘူးတို့ ဖြစ်နေတတ်တဲ့အတွက် သူငယ်ချင်းတွေကို မျက်နှာအပျက်ခံပြီး ချစ်သူနဲ့ အဆင်ပြေအောင် နေတတ်ကြပါတယ်။ ချစ်သူမရှိတဲ့သူတွေကတော့ သူငယ်ချင်းတွေ ကြိုက်တဲ့အချိန်တွေ ချိန်း ကိုယ်ပိုင်အချိန်တွေကို စီမံပြီး အားရင်အားသလို တွေ့လိုရပါတယ်။ သူငယ်ချင်းတွေစုပြီး Night Out ကြလည်း အေးဆေးပါပဲ။

ဝယ်ချင်တာ ဝယ်နိုင်တယ်

ချစ်သူရှိတဲ့သူတွေကတော့ ချစ်သူဖို့ ဝယ်ပေးရတာနဲ့၊ အပြင်သွားရင် သုံးဖို့ ချန်ထားရတာနဲ့ လိုချင်တာရှိရင်တောင် အလွယ်တကူ ဝယ်လို့မရပါဘူး။ ငွေအဆင်ပြေတောင် ဒါမဝယ်ရဘူး၊ ဟိုဟာ မဝယ်ရဘူးနဲ့ သူတို့ လိုချင်တာတွေ အမြဲ ရမနေတော့ပါဘူး။ ဒါပေမဲ့ ချစ်သူမရှိတဲ့သူတွေကတော့ ကိုယ့်အတွက်ကိုယ် ဘာလာလာ မျက်နှာကြည့်နေစရာမလို့ပဲ ဝယ်လို့ ရနေတာပါ။

ဒီလိုမျိုး စိတ်ချမ်းသာမှုတွေ ပြည့်နေခြင်းက ကျန်းမာရေးအတွက် ကောင်းကျိုးတွေချည်းပဲ ရသလို စိတ်ဖိစီးမှုကင်းတာနဲ့အမျှ သင့်အသားအရည် ရုပ်ရည်တွေက နုပျိုနေမှာပါ။ ဒါကြောင့် ချစ်သူမရှိတဲ့သူတွေက ပိုပြီး ပျော်ရွှင်ပါတယ်။ FA Life ကို ပျော်ပျော်ကြီး ဖြတ်သန်းလိုက်ကြပါနော်…..

Written by Kham

Credit:Em Em(Auntymay)

မှတ်ချက်များ