ယာဥ္တုိ္က္မွုနဲ႔ပတ္သတ္ျပီး တရား၀င္အျပစ္ဒဏ္ခ်မွတ္ခံလိုက္ရတဲ႔ BTS အဖြဲ႕၀င္ Jungkook


Zawgyiျဖင့္ဖတ္ရန္

BTS ရဲ႕အဖြဲ႕၀င္တစ္ေယာက္ျဖစ္သူ Jungkook ဟာ ဒီဇင္ဘာလ ၃၁ ရက္ေန႔တုန္းက ျဖစ္ပြားခဲ႔တဲ႔ ယာဥ္တိုက္မွဳတစ္ခုေၾကာင္႔ ျပီးခဲ႔တဲ႔ရက္ပိုင္းတုန္းက ရဲေတြရဲ႕ စစ္ေဆးေမးျမန္းမွုကိုခံခဲ႔ရတယ္ဆိုတာကို ပရိသတ္ေတြအေတာ္မ်ားမ်ား သိထားျပီးုျဖစ္မွာပါ။ တက္စီတစ္စီးကို ၀င္တိုက္ခဲ႔တာေၾကာင္႔ တက္စီသမားေရာ၊ Jungkook ကုိယ္တုိင္ပါ ထိခိုက္ဒဏ္ရာအနည္းငယ္ကိုယ္စီရရွိခဲ႔ျပီး အဲဒီေနာက္မွာေတာ႔ Jungkook ဟာ ယာဥ္စည္းကမ္းခ်ိဳးေဖာက္မွုေၾကာင္႔ စစ္ေဆးေမးျမန္းမွဳေတြကို ခံယူခဲ႔ရတာ ျဖစ္ပါတယ္။

အဲဒီေနာက္မွာေတာ႔ စစ္ေဆးေမးျမန္းမွဳနဲ႔ ပတ္သတ္ျပီး ရဲစခန္းဘက္ကေန "ကၽြန္ေတာ္တို႔ CCTV ေရာ၊ Black box ေရာကို စစ္ၾကည္႔ျပီးပါျပီ။ အခုျဖစ္ခဲ႔တဲ႔ယာဥ္တိုက္မွုက ယာဥ္မေတာ္တဆမွဳဥပေဒေတြထဲမွာမ်ား ပါ၀င္ေနသလားဆိုတာကိုေတာ႔ လက္ရွိမွာ စစ္ေဆးေနၾကဆဲပါ။ တကယ္ပဲဥပေဒကို ခ်ိဳးေဖာက္ခဲ႔တယ္ဆိုရင္လည္း ဘယ္လိုျပစ္မွုမ်ိုးေပးရမလဲဆိုတာကို ဆံုးျဖတ္သြားၾကမွာပါ" လို႔ ဆိုကာ ထုတ္ျပန္ေပးခဲ႔ၾကပါတယ္။

ဒီေန႔ ႏို၀င္ဘာလ ၈ ရက္ေန႔မွာ ထြက္ရွိလာခဲ႔တဲ႔သတင္းအရေတာ႔ အခုဆိုရင္ Jungkook ဟာ ယာဥ္တုိ္က္မွုနဲ႔ပတ္သတ္ျပီး ရဲေတြရဲ႕ တရား၀င္အျပစ္ဒဏ္ခ်မွတ္ခံလိုက္ရျပီျဖစ္တယ္လု႔ိ သိရပါတယ္။ Jungkook ဟာ ယာဥ္စည္းကမ္းဥပေဒခ်ိဳးေဖာက္ျခင္းနဲ႔ မေတာ္တဆျဖစ္ပြားမွဳဆုိင္ရာ အက္ဥပေဒကို ခ်ိဳးေဖာက္ျခင္းတို႔ေၾကာင္႔ အခုလိုမ်ိုး ျပစ္ဒဏ္ခ်မွတ္ခံခဲ႔ရတာျဖစ္လို႔ သတင္းေတြမွာေတာ႔ ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။

ဒီိလိုမ်ိဳးျပစ္ဒဏ္ခ်မွတ္ခံရတာေၾကာင္႔ လိုအပ္တဲ႔စစ္ေဆးေမးျမန္းမွုေတြျပဳလုပ္ဖို႔အတြက္လည္း Jungkook ကို တရားရံုးထံ ဆင္႔ေခၚဖုိ႔ရွိေပမယ္႔လည္း ဘယ္ေန႔၊ ဘယ္ရက္ျဖစ္မယ္ဆိုတာကုိေတာ႔ အတိအက်ေဖာ္ျပထားျခင္း မရွိပါဘူး။

ေအာက္တိုဘာလ ၃၁ ရက္ေန႔ မနက္ ၄ နာရီအခ်ိန္တုန္းက Jungkook ဟာ သူေမာင္းႏွင္လာတဲ႔ Mercedes ကားနဲ႔ တက္စီတစ္စီးကို ၀င္တိုက္မိခဲ႔တာျဖစ္ကာ သူကိုယ္တိုင္ကလည္း သူ႕ရဲ႕ အမွားကို ရဲေတြဆီ ၀န္ခံခဲ႔ပါတယ္။ ယာဥ္တိုက္မွုေၾကာင္႔ တက္စီသမားသာမကပဲ သူကိုယ္တုိင္လည္း ထိခုိက္ဒဏ္ရာေတြရရွိခဲ႔ျပီး လိုအပ္တဲ႔ေဆးကုသမွုေတြကို ခံယူခဲ႔တယ္လို႔ သိရပါတယ္။

Ref : Koreaboo

Credit:Mia (Moomolay)

Unicodeဖြင့်ဖတ်ရန်

ယာဉ်တိုက်မှုနဲ့ပတ်သတ်ပြီး တရားဝင်အပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ BTS အဖွဲ့ဝင် Jungkook

BTS ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Jungkook ဟာ ဒီဇင်ဘာလ ၃၁ ရက်နေ့တုန်းက ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုတစ်ခုကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ရဲတွေရဲ့ စစ်ဆေးမေးမြန်းမှုကိုခံခဲ့ရတယ်ဆိုတာကို ပရိသတ်တွေအတော်များများ သိထားပြီးုဖြစ်မှာပါ။ တက်စီတစ်စီးကို ဝင်တိုက်ခဲ့တာကြောင့် တက်စီသမားရော၊ Jungkook ကိုယ်တိုင်ပါ ထိခိုက်ဒဏ်ရာအနည်းငယ်ကိုယ်စီရရှိခဲ့ပြီး အဲဒီနောက်မှာတော့ Jungkook ဟာ ယာဉ်စည်းကမ်းချိုးဖောက်မှုကြောင့် စစ်ဆေးမေးမြန်းမှုတွေကို ခံယူခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ စစ်ဆေးမေးမြန်းမှုနဲ့ ပတ်သတ်ပြီး ရဲစခန်းဘက်ကနေ "ကျွန်တော်တို့ CCTV ရော၊ Black box ရောကို စစ်ကြည့်ပြီးပါပြီ။ အခုဖြစ်ခဲ့တဲ့ယာဉ်တိုက်မှုက ယာဉ်မတော်တဆမှုဥပဒေတွေထဲမှာများ ပါဝင်နေသလားဆိုတာကိုတော့ လက်ရှိမှာ စစ်ဆေးနေကြဆဲပါ။ တကယ်ပဲဥပဒေကို ချိုးဖောက်ခဲ့တယ်ဆိုရင်လည်း ဘယ်လိုပြစ်မှုမျိုးပေးရမလဲဆိုတာကို ဆုံးဖြတ်သွားကြမှာပါ" လို့ ဆိုကာ ထုတ်ပြန်ပေးခဲ့ကြပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ထွက်ရှိလာခဲ့တဲ့သတင်းအရတော့ အခုဆိုရင် Jungkook ဟာ ယာဉ်တိုက်မှုနဲ့ပတ်သတ်ပြီး ရဲတွေရဲ့ တရားဝင်အပြစ်ဒဏ်ချမှတ်ခံလိုက်ရပြီဖြစ်တယ်လု့ိ သိရပါတယ်။ Jungkook ဟာ ယာဉ်စည်းကမ်းဥပဒေချိုးဖောက်ခြင်းနဲ့ မတော်တဆဖြစ်ပွားမှုဆိုင်ရာ အက်ဥပဒေကို ချိုးဖောက်ခြင်းတို့ကြောင့် အခုလိုမျိုး ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်လို့ သတင်းတွေမှာတော့ ဖော်ပြထားတာကို တွေ့ရပါတယ်။

ဒီလိုမျိုးပြစ်ဒဏ်ချမှတ်ခံရတာကြောင့် လိုအပ်တဲ့စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ဖို့အတွက်လည်း Jungkook ကို တရားရုံးထံ ဆင့်ခေါ်ဖို့ရှိပေမယ့်လည်း ဘယ်နေ့၊ ဘယ်ရက်ဖြစ်မယ်ဆိုတာကိုတော့ အတိအကျဖော်ပြထားခြင်း မရှိပါဘူး။

အောက်တိုဘာလ ၃၁ ရက်နေ့ မနက် ၄ နာရီအချိန်တုန်းက Jungkook ဟာ သူမောင်းနှင်လာတဲ့ Mercedes ကားနဲ့ တက်စီတစ်စီးကို ဝင်တိုက်မိခဲ့တာဖြစ်ကာ သူကိုယ်တိုင်ကလည်း သူ့ရဲ့ အမှားကို ရဲတွေဆီ ဝန်ခံခဲ့ပါတယ်။ ယာဉ်တိုက်မှုကြောင့် တက်စီသမားသာမကပဲ သူကိုယ်တိုင်လည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး လိုအပ်တဲ့ဆေးကုသမှုတွေကို ခံယူခဲ့တယ်လို့ သိရပါတယ်။

Ref : Koreaboo

Credit:Mia (Moomolay)

မှတ်ချက်များ