Zawgyiဖြင့်ဖတ်ရန်
Credit Aunty May
Source: mirror
Unicodeဖြင့်ဖတ်ရန်
သင့်Ex ProfileကိုFacebookပေါ်မှာ နေ့တိုင်းကြည့်ခြင်းကကျန်းမာရေးကိုထိခိုက်နိုင်..
Social Media ဆိုတာ ကောင်းကျိုး ရှိသလို ဆိုးကျိုးလည်း ရှိပါတယ်။ တိုးပွားလာတဲ့ Social Media အသုံးပြုမှုနဲ့အတူSocial Media ကြောင့်ရတဲ့ ဆိုးကျိုးတွေလည်း ရှိလာပါတယ်..။
လူတွေရဲ့ စိတ်ဓာတ်ကို အဆိုးရွားဆုံး ထိခိုက်စေတဲ့ အချက်ကတော့ Ex ရဲ့အကြောင်းကို သူ့ Profileပေါ်မှာ ခဏခဏဝင်ရောက် ကြည့်ရှုခြင်းပါပဲ။ ဒီလိုလူတော်တော်များများကလည်း မကြည့်ပဲကို မနေနိုင်ကြပါဘူး..။
တစ်နေ့မှာ အနည်းဆုံး တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်လောက်ကြည့်ကြပြီး အချို့ဆိုရင် ၁၀ကြိမ်လောက် အထိကြည့်ကြပါတယ်..။
အကျိုး ရလဒ်ကတော့ Exရဲ့ နောက်တစ်ယောက်နဲ့ ပျော်ရွှင်နေတဲ့ပုံတွေကို မြင်ပြီး စိတ်ဆင်းရဲကြရပါတယ်။ ဒါပေမယ့်လည်း လူတွေဟာ ဆက်လက်ပြီး နေ့တိုင်း Check နေကြတုန်းပါပဲ..။
အခုနောက်ပိုင်းမှာ လူတွေဟာ Facebook ကိုအလွန်အကျွံ စွဲလန်းလာကြပါတယ်။ စိတ်ဆင်းရဲမှုတွေများလာတာနဲ့ အတူ ကျန်းမာရေး ထိခိုက်မှုတွေလည်း ဖြစ်လာနိုင်ပါတယ်..။
လူတွေဟာ အရင်လို မျက်နှာချင်းဆိုင်တွေ့ဖို့ထက် Facebook ပေါ်မှာပဲ ပိုပြိး Communicate လုပ်လာကြပါတယ်။Facebook ပေါ်မှာ Communicate လုပ်သူအများစုဟာ လက်တွေ့ဘဝမှာလည်း တဖြည်းဖြည်းနဲ့ အလွဲလွဲအချော်ချော်တွေဖြစ်လာတာကို လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်..။
ဒါ့ကြောင့် သင့်ကို အဆိပ်အတောက်ဖြစ်စေမယ့် အရာတွေကို ရှောင်ရှာဖို့Facebook ကို တော်ရုံတန်ရုံပဲ အသုံးပြုဖို့ တိုက်တွန်းလိုက်ပါတယ်..။
Credit Aunty May
Source: mirror


မှတ်ချက်များ