အချစ်ရေးနဲ့ ပက်သက်လို့ စိတ်ညစ်မခံချင်ဘူးဆိုတဲ့ G Fatt




Zawgyiဖြင့်ဖတ်ရန်











Unicode ဖြင့်ဖတ်ရန်




ပရိသတ်အချစ်တော် Rap အဆိုတော်တစ်ယောက်ဖြစ်တဲ့ G Fatt ဟာ ပရိသတ်တွေကြားမှာ ရေပန်းစားကျော်ကြားနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အမြဲလိုလို ပရိသတ်ကြိုက်သီချင်းအလန်းတွေဖန်တီး သီဆိုတတ်သူဖြစ်ပြီး သူ့ရဲ့ သီချင်းတိုင်းဟာလည်းပရိသတ်တွေကြားမှာရေပန်းစားကျော်ကြားနေတာဖြစ်ပါတယ်။


လက်ရှိမှာတော့ ပရိသတ်အချစ်တော်အဆိုတော် ဖြစ်တဲ့ G Fatt ဟာ မန္တလေးမြို့မှာ ကျင်းပပြုလုပ်မယ့် One Man Show အတွက် အလုပ်တွေများနေတာဖြစ်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားနေကြောင်းကိုလည်း ပရိသတ်တွေကို အသိပေးပြောပြခဲ့ပါတယ်။


G Fatt ရဲ့ အချစ်ရေးနဲ့ပါတ်သတ်ပြီး ပရိသတ်တွေက စိတ်ဝင်စားမှုများပြားနေပေမယ့် G Fatt ကတော့ တိတိကျကျ ဖြေရှင်းထားတာမျိုးမရှိပဲ အချစ်ရေးထက် အလုပ်အပေါ်ကိုသာ ပိုအာရုံစိုက်နေတာလည်းဖြစ်ပါတယ်။


G Fatt ဟာ သူ့ရဲ့ One Man Show ကို ဒီဇင်ဘာလ တစ်ရက်နေ့မှာ မန္တလာသီရိကွင်းမှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ဒီပွဲမှာ ဧည့်သည် အဆိုတော်တွေလည်း များစွာပါဝင်မယ်လို့သိရပါတယ်။


ပရိသတ်တွေရော G Fatt ကိုအားပေးကြသေးရဲ့လားဗျ။ အဆုံးထိဖတ်ရှုပေးတဲ့ အတွက်မှ ကျေးဇူးတင်ရှိပါတယ်။

Credit: San Kyi Par 


မှတ်ချက်များ