Goo Hara မဆုံးခင္က သူမရဲ႕ IG မွာ တင္ခဲ့တဲ့ ေနာက္ဆံုး Post


Zawgyiျဖင့္ဖတ္ရန္

ကုိရီးယား အႏုပညာ ေလာကနဲ႔ ဒီေလာကထဲမွာရွိေနတဲ့ စိတ္က် ေ၀ဒနာရွင္ ဆယ္လီေတြ ရဲ႕ အေျခအေန ေတြကေတာ့ ပိုၿပီး စိုးရိမ္စရာ ျဖစ္ေနပါတယ္။ Sulli တစ္ေယာက္ ကိုယ့္ကိုယ္ကို အဆံုးစီရင္ၿပီး လပိုင္းအၾကာမွာပဲ Goo Ha-ra ကို သူမရဲ႕ ေနအိမ္မွာ ေသဆံုး ေနတာကို ေတြ႔ခဲ့ရပါတယ္။ Goo Hara ေသဆံုးရတဲ့ အေၾကာင္းအရင္း တိတိက်က် ကိုေတာ့ ထုတ္ျပန္ျခင္းမရွိေသးေပမယ့္ အရင္က ကိုယ့္ကိုယ္ကို အဆုံးစီရင္ဖုိ႔ ႀကိဳးစားခဲ့ ဖူးတဲ့ သူမဟာ ဒီတစ္ႀကိမ္မွာလည္း အဆံုးစီရင္ခဲ့တာလုိ႔ အားလံုးက တစ္ထစ္ခ် ယံုၾကည္ေနၾကပါတယ္။ January 13, 1991 မွာ ေမြးဖြားခဲ့တာ သူမဟာ အသက္ (၂၈)ႏွစ္အရြယ္မွာ ကြယ္လြန္သြားခဲ့တာပါ။

Sulli နဲ႔ကလည္း အရမ္းခင္ၾကတဲ့ သူငယ္ခ်င္းေတြ ျဖစ္ၿပီး Sulli ေသဆံုးေတာ့လည္း Live လႊင့္ရင္း ပူေဆြး၀မ္းနည္းခဲ့သလို စ်ာပန ပြဲမွာလည္း ေတာက္ေလ်ာက္ အတူရွိေနေပးခဲ့ပါတယ္။

Goo Hara ကိုေတာ့ ႏုိ၀င္ဘာ (၂၄) ေဒသစံေတာ္ခ်ိန္ ညေန (၆)နာရီ ေလာက္က သူမရဲ႕ အိမ္မွာ ေသေနတာ ကို ေတြ႕ခဲ့တာပါ။ လက္တေလာမွာေတာ့  Goo Hara  သူမရဲ႕  IG မွာ ေနာက္ဆံုး တင္ခဲ့တဲ့ Post ကေတာ့ ေတာ္ေတာ္ ေလး လူေျပာမ်ားေနပါတယ္ ။ေရးတားတဲ့ Caption ကေတာ့ ရုိးရိုး ေလး ပါ။ ပံုထဲမွာေတာ့ သူမက အိပ္ယာေပၚမွာ လဲ ေလ်ာင္းေနၿပီး “Sleep well.”  လုိ႔ Caption ေရးၿပီး တင္ခဲ့တာပါ။

KARA အဖြဲ႕၀င္ေဟာင္းျဖစ္တဲ့ သူမဟာ အရင္တုန္းကေတာ့ ကိုယ့္ကိုယ္ကို သတ္ေသဖို႔ ႀကိဳးစားခဲ့ဖူးပါတယ္။ (၂၀၁ ၉) ေမ (၂၆) တုန္းက သူမကိုယ္သူမ သတ္ေသဖုိ႔ ႀကိဳးစားခဲ့ဖူးတယ္ဆုိတဲ့ သတင္းေတြ ထြက္ခဲ့တာပါ။ သူမကို ဆက္သြယ္ လုိ႔ မရတဲ့ အတြက္ မန္ေနဂ်ာ ျဖစ္သူက ေနအိမ္ကို အေျပးသြားခ်ိန္မွာ အိမ္ထဲမွာ မီးခိုးေငြ႕ ေတြ ျပည့္ေနတာကို ေတြ႕ ခဲ့ပါတယ္။ စိတ္က်ေရာဂါ ခံစားေနရတဲ့ သူမဟာ ေနာက္ဆံုးမွာေတာ့ ဒီဒဏ္ေတြကို မခံစားႏိုင္ေတ့ာပဲ ကိုယ့္ကိုယ္ကို သတ္ေသ ဖို႔ ႀကိဳးစားခဲ့တာပါ။

ဒါေပမယ့္ ကံေကာင္းစြာ နဲ႔ ေဆးရံုကို အခ်ိန္မီ တင္ပို႔ ႏိုင္ခဲ့တဲ့ အတြက္ အသက္ေဘးက လြတ္ေျမာက္ခဲ့တာပါ။ အသက္ေဘး ကေန လြတ္ေျမာက္ လာၿပီးေနာက္ မွာေတာ့ ပရိသတ္ေတြကိုေတာင္ မွ  အခုလို ေတာင္းပန္ခဲ့ပါေသးတယ္။ “စိတ္ပူေအာင္ လုပ္မိလို႔ အားလံုးကို ေတာင္းပန္ပါတယ္။ အခုက စၿပီး က်မ က်န္းက်န္းမာမာနဲ႔ ေန သြာပါ့မယ္..” ဆိုၿပီး ေျပာခဲ့ပါတယ္။ အဲ့ဒီတုန္းကလည္း သူမဘာေၾကာင့္ ဒီလိုလုပ္ရလဲ ဆိုတာကို ထုတ္ မ ေျပာခဲ့ပါဘူး။ အေၾကာင္းျပခ်က္ ေရေရာရာရာကို မေျပာခဲ့ပေမယ့္  ခ်စ္သူေဟာင္းChoi JongBum ကGoo Hara ကို  Sex Tape ကို ခ်ျပမယ္ဆိုၿပီး ၿခိမ္းေျခာက္တာမ်ိဳး ေတြ ရွိခဲ့တယ္ဆုိတဲ့ သတင္းေတြ ေတာ့ ထြက္ေပၚခဲ့ဖူးပါတယ္။

Source:kstarlive/Allkpop

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

Goo Hara မဆုံးခင်က သူမရဲ့ IG မှာ တင်ခဲ့တဲ့ နောက်ဆုံး Post

ကိုရီးယား အနုပညာ လောကနဲ့ ဒီလောကထဲမှာရှိနေတဲ့ စိတ်ကျ ဝေဒနာရှင် ဆယ်လီတွေ ရဲ့ အခြေအနေ တွေကတော့ ပိုပြီး စိုးရိမ်စရာ ဖြစ်နေပါတယ်။ Sulli တစ်ယောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်ပြီး လပိုင်းအကြာမှာပဲ Goo Ha-ra ကို သူမရဲ့ နေအိမ်မှာ သေဆုံး နေတာကို တွေ့ခဲ့ရပါတယ်။ Goo Hara သေဆုံးရတဲ့ အကြောင်းအရင်း တိတိကျကျ ကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပေမယ့် အရင်က ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားခဲ့ ဖူးတဲ့ သူမဟာ ဒီတစ်ကြိမ်မှာလည်း အဆုံးစီရင်ခဲ့တာလို့ အားလုံးက တစ်ထစ်ချ ယုံကြည်နေကြပါတယ်။ January 13, 1991 မှာ မွေးဖွားခဲ့တာ သူမဟာ အသက် (၂၈)နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာပါ။

Sulli နဲ့ကလည်း အရမ်းခင်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်ပြီး Sulli သေဆုံးတော့လည်း Live လွှင့်ရင်း ပူဆွေးဝမ်းနည်းခဲ့သလို ဈာပန ပွဲမှာလည်း တောက်လျောက် အတူရှိနေပေးခဲ့ပါတယ်။

Goo Hara ကိုတော့ နိုဝင်ဘာ (၂၄) ဒေသစံတော်ချိန် ညနေ (၆)နာရီ လောက်က သူမရဲ့ အိမ်မှာ သေနေတာ ကို တွေ့ခဲ့တာပါ။ လက်တလောမှာတော့  Goo Hara  သူမရဲ့  IG မှာ နောက်ဆုံး တင်ခဲ့တဲ့ Post ကတော့ တော်တော် လေး လူပြောများနေပါတယ် ။ရေးတားတဲ့ Caption ကတော့ ရိုးရိုး လေး ပါ။ ပုံထဲမှာတော့ သူမက အိပ်ယာပေါ်မှာ လဲ လျောင်းနေပြီး “Sleep well.”  လို့ Caption ရေးပြီး တင်ခဲ့တာပါ။

KARA အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ သူမဟာ အရင်တုန်းကတော့ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့ဖူးပါတယ်။ (၂၀၁ ၉) မေ (၂၆) တုန်းက သူမကိုယ်သူမ သတ်သေဖို့ ကြိုးစားခဲ့ဖူးတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့တာပါ။ သူမကို ဆက်သွယ် လို့ မရတဲ့ အတွက် မန်နေဂျာ ဖြစ်သူက နေအိမ်ကို အပြေးသွားချိန်မှာ အိမ်ထဲမှာ မီးခိုးငွေ့ တွေ ပြည့်နေတာကို တွေ့ ခဲ့ပါတယ်။ စိတ်ကျရောဂါ ခံစားနေရတဲ့ သူမဟာ နောက်ဆုံးမှာတော့ ဒီဒဏ်တွေကို မခံစားနိုင်တေ့ာပဲ ကိုယ့်ကိုယ်ကို သတ်သေ ဖို့ ကြိုးစားခဲ့တာပါ။

ဒါပေမယ့် ကံကောင်းစွာ နဲ့ ဆေးရုံကို အချိန်မီ တင်ပို့ နိုင်ခဲ့တဲ့ အတွက် အသက်ဘေးက လွတ်မြောက်ခဲ့တာပါ။ အသက်ဘေး ကနေ လွတ်မြောက် လာပြီးနောက် မှာတော့ ပရိသတ်တွေကိုတောင် မှ  အခုလို တောင်းပန်ခဲ့ပါသေးတယ်။ “စိတ်ပူအောင် လုပ်မိလို့ အားလုံးကို တောင်းပန်ပါတယ်။ အခုက စပြီး ကျမ ကျန်းကျန်းမာမာနဲ့ နေ သွာပါ့မယ်..” ဆိုပြီး ပြောခဲ့ပါတယ်။ အဲ့ဒီတုန်းကလည်း သူမဘာကြောင့် ဒီလိုလုပ်ရလဲ ဆိုတာကို ထုတ် မ ပြောခဲ့ပါဘူး။ အကြောင်းပြချက် ရေရောရာရာကို မပြောခဲ့ပမေယ့်  ချစ်သူဟောင်းChoi JongBum ကGoo Hara ကို  Sex Tape ကို ချပြမယ်ဆိုပြီး ခြိမ်းခြောက်တာမျိုး တွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ တော့ ထွက်ပေါ်ခဲ့ဖူးပါတယ်။

Source:kstarlive/Allkpop


Credit:Aunty May

မှတ်ချက်များ