ကံမကောင်းစွာနဲ့ပဲ အဆုံးသတ်မလှခဲ့ရတဲ့ Idol Couple များ


Zawgyiျဖင့္ဖတ္ရန္
မင္းသား မင္းသမီးေတြကို ဇာတ္လမ္းတြဲေတြမွာ အတူတူတြဲျမင္ၿပီးတဲ့အခါေတြမွာေတာ့ လက္ေတြ႕ဘဝမွာပါ ခ်စ္ႀကိဳက္ေစဖို႔ တခ်ိဳ႕ပရိသတ္ေတြက ေမၽွာ္လင့္တတ္ၾကပါတယ္။ ေမၽွာ္လင့္တာေတြတကယ္ျဖစ္လာခဲ့ေပမယ့္လည္း ကိုယ္သေဘာက်ႏွစ္သက္ရတဲ့အတြဲေတြဟာ ကံမေကာင္းစြာပဲနဲ႔ ဇာတ္လမ္းေတြထဲကလို အဆံုးသတ္မလွခဲ့ပါဘူး။

Song-Song Couple၂၀၁၆ မွာတုန္းကထုတ္လြင့္ျပသသြားခဲ့တဲ့ နာမည္ႀကီးဇာတ္လမ္းတြဲ “Descendants of the Sun” ရဲ႕ အဓိကဇာတ္ေဆာင္ႏွစ္ဦးျဖစ္တဲ့ Song Joongki နဲ႔ Song Hyekyo တို႔ဟာ အရမ္းလိုက္ဖက္ၾကတဲ့ အတြဲတစ္တြဲျဖစ္ပါတယ္။သူတို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးကို တရားဝင္အသိေပးလိုက္တဲ့ေနာက္မွာလည္း ပရိသတ္ေတြက Song-Song Couple ကို ဝမ္းေျမာက္ဝမ္းသာနဲ႔ပဲသေဘာတူခဲ့ၾကပါတယ္။
၂၀၁၇ ေအာက္တို႔ဘာလ ၃၁ ရက္ေန႔မွာေတာ့ လက္ထက္ပြဲက်င္းပခဲ့တာျဖစ္ၿပီး အိမ္ေထာင္သက္ သက္တမ္းတစ္ႏွစ္ခြဲေလာက္အၾကာမွာေတာ့ Song Joongki ဘက္က Song Hyekyo နဲ႔ကြာရွင္းဖို႔အတြက္ ေၾကျငာခဲ့ပါတယ္။ မတူညီၾကတဲ့အက်င့္စရုိက္ေတြက သူ႔တို႔ႏွစ္ဦးရဲ႕ဆက္ဆံေရးကို အဆံုးသတ္ေစခဲ့တာျဖစ္ပါတယ္။ ဒီသတင္းေၾကာင့္ ပရိသတ္ႀကီးေတြလည္း တုန္လႈပ္စိတ္မေကာင္းျဖစ္ခဲ့ၾကရပါတယ္။
Ahn Jaehyun နဲ႔ Goo Hyesan

Ahn Jaehyun နဲ႔ Goo Hyesan တို႔ကေတာ့ အတူသရုပ္ေဆာင္ခဲ့တဲ့ဇာတ္လမ္းတြဲ “Blood” မွာေတြ႕ဆံုခ်စ္ႀကိဳက္ခဲ့တာျဖစ္ပါတယ္။ ၂၀၁၆ မွာေတာ့ သူတို႔ရဲ႕ဆက္ဆံေရးကိုအသိေပးခဲ့တာျဖစ္ၿပီး လပိုင္းေလာက္အၾကာမွာပဲ လက္ထက္ခဲ့ၾကပါတယ္။ Ahn Jaehyun နဲ႔ Goo Hyesan အတြဲဟာ အရမ္းခ်စ္ၾကရတဲ့ပံုထင္ရတဲ့အတြက္ ပရိသတ္ေတြကေတာ့ အားက်ႏွစ္သက္ခဲ့ၾကရပါတယ္။
၂၀၁၉ ဩဂုတ္လမွာေတာ့ Ahn Jaehyun က ကြာရွင္းခ်င္တဲ့အေၾကာင္းနဲ႔ ပတ္သတ္ၿပီး post ေတြကို Goo Hyesan ဘက္ကတင္ခဲ့ပါတယ္။ အဲ့ေနာက္မွာလည္း Goo Hyesan က Ahn Jaehyun နဲ႔ပတ္သတ္ၿပီးမေကာင္းတဲ့ post ေတြကို အဆက္မျပတ္တင္ခဲ့တာေၾကာင့္ သူတို႔ႏွစ္ဦးရဲ႕ဆက္ဆံေရးဟာ ပိုပိုတင္းမာလာခဲ့ပါတယ္။ လတ္တေလာမွာေတာ့ Ahn Jaehyun ဘက္က Goo Hyesan နဲ႔ကြာရွင္းျပတ္စဲဖို႔အတြက္ တရားရုံးမွာ ေလွ်ာက္တင္ထားဆဲျဖစ္ပါတယ္။
Lee DongGun နဲ႔ T-ARA အဖြဲ႕ဝင္ Jiyeon

Lee DongGun နဲ႔ T-ARA အဖြဲ႕ဝင္ Jiyeon တို႔ကေတာ့ ၂၀၁၅ မွာ တရုတ္ကိုရီးယားဇာတ္လမ္းတြဲတစ္ခုမွာ ခ်စ္ႀကိဳက္ခဲ့ၾကတာျဖစ္ၿပီး သူတို႔ႏွစ္ဦးကေတာ့ အသက္ ၁၃ ႏွစ္ကြာၾကတဲ့အတြဲျဖစ္ပါတယ္။ ၂၀၁၇ မွာေတာ့ Lee DongGun နဲ႔ Jiyeon တို႔က မအားလပ္တဲ့အခ်ိန္ဇယားေတြေၾကာင့္ လမ္းခြဲလိုက္ၿပီဆိုျပီးအသိေပးခဲ့ပါတယ္။ ဒါေပမဲ့ ဒီကိစၥမွာ မင္းသား Lee DongGun နဲ႔ “Laurel Tree Tailors” ဇာတ္လမ္းတြဲမွာ အတူသရုပ္ေဆာင္တဲ့ မင္းသမီး Jo Yoon Hee လည္း ပါဝင္ပတ္သတ္ေနတာျဖစ္မယ္ဆိုၿပီး ပရိသတ္ေတြက ထင္ေၾကးေတြေပးခဲ့ၾကပါတယ္။
Jiyeon နဲ႔ လမ္းခြဲေၾကာင္းေၾကျငာၿပီး ၂၆ ရက္ အၾကာမွာပဲ Lee Dong Gun နဲ႔ Jo Yoon Hee တို႔ဟာ ကိုယ္ဝန္သံုးလရွိေနၿပီျဖစ္ၿပီး လက္ထက္ေတာ့မွာျဖစ္တယ္လို႔ အတည္ျပဳခဲ့ၾကပါတယ္။ ဒီသတင္းကေတာ့ ပရိသတ္ေတြအတြက္ ထိတ္လန္႔စရာေတြ ျဖစ္ခဲ့ရပါတယ္။
U-Kiss အဖြဲ႕ဝင္ေဟာင္း Dongho

U-Kiss အဖြဲ႕ဝင္ေဟာင္း Dongho ကေတာ့ အသက္ ၂၁ ႏွစ္မွာတင္ အႏုပညာရွင္မဟုတ္တဲ့ သာမာန္မိန္းကေလးတစ္ေယာက္နဲ႔ပဲ ၂၀၁၅ ႏိုဝင္ဘာလ မွာလက္ထက္ခဲ့ၿပီး အိမ္ေထာင္က်တာ အေစာဆံုး Idol ျဖစ္ခဲ့ပါတယ္။ သိပ္မၾကာခင္မွာပဲ Dongho ရဲ႕ပထမကေလးကို ဇြန္လ ၂၀၁၆ မွာေမြးဖြားခဲ့တာေၾကာင့္ ပရိသတ္ေတြအံဩခဲ့ရပါတယ္။
၂၀၁၈ စက္တင္ဘာလမွာေတာ့ Dongho ရဲ႕ ကြာရွင္းသတင္းကထြက္ေပၚလာခဲ့ပါတယ္။ အဲ့ေနာက္မွာေတာ့ Dongho ရဲ႕ မိန္းမေဟာင္းဘက္ကပဲ ကေလးကိုတစ္ေယာက္ထဲ ေစာင့္ေရွာက္ခဲ့ရတာျဖစ္ၿပီး Dongho ဟာ ကေလးရဲ႕ေမြးေန႔ကိုေတာင္ လာေရာက္ခဲ့ျခင္းမရွိဘူးလို႔ဆိုပါတယ္။
Credit:momolay

Unicodeဖြင့်ဖတ်ရန်

ကံမကောင်းစွာနဲ့ပဲ အဆုံးသတ်မလှခဲ့ရတဲ့ Idol Couple များ

မင်းသား မင်းသမီးတွေကို ဇာတ်လမ်းတွဲတွေမှာ အတူတူတွဲမြင်ပြီးတဲ့အခါတွေမှာတော့ လက်တွေ့ဘဝမှာပါ ချစ်ကြိုက်စေဖို့ တချို့ပရိသတ်တွေက မျှော်လင့်တတ်ကြပါတယ်။ မျှော်လင့်တာတွေတကယ်ဖြစ်လာခဲ့ပေမယ့်လည်း ကိုယ်သဘောကျနှစ်သက်ရတဲ့အတွဲတွေဟာ ကံမကောင်းစွာပဲနဲ့ ဇာတ်လမ်းတွေထဲကလို အဆုံးသတ်မလှခဲ့ပါဘူး။
Song-Song Couple
၂၀၁၆ မှာတုန်းကထုတ်လွင့်ပြသသွားခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတွဲ “Descendants of the Sun” ရဲ့ အဓိကဇာတ်ဆောင်နှစ်ဦးဖြစ်တဲ့ Song Joongki နဲ့ Song Hyekyo တို့ဟာ အရမ်းလိုက်ဖက်ကြတဲ့ အတွဲတစ်တွဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို တရားဝင်အသိပေးလိုက်တဲ့နောက်မှာလည်း ပရိသတ်တွေက Song-Song Couple ကို ဝမ်းမြောက်ဝမ်းသာနဲ့ပဲသဘောတူခဲ့ကြပါတယ်။
၂၀၁၇ အောက်တို့ဘာလ ၃၁ ရက်နေ့မှာတော့ လက်ထက်ပွဲကျင်းပခဲ့တာဖြစ်ပြီး အိမ်ထောင်သက် သက်တမ်းတစ်နှစ်ခွဲလောက်အကြာမှာတော့ Song Joongki ဘက်က Song Hyekyo နဲ့ကွာရှင်းဖို့အတွက် ကြေငြာခဲ့ပါတယ်။ မတူညီကြတဲ့အကျင့်စရိုက်တွေက သူ့တို့နှစ်ဦးရဲ့ဆက်ဆံရေးကို အဆုံးသတ်စေခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကြောင့် ပရိသတ်ကြီးတွေလည်း တုန်လှုပ်စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။
Ahn Jaehyun နဲ့ Goo Hyesan
Ahn Jaehyun နဲ့ Goo Hyesan တို့ကတော့ အတူသရုပ်ဆောင်ခဲ့တဲ့ဇာတ်လမ်းတွဲ “Blood” မှာတွေ့ဆုံချစ်ကြိုက်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ မှာတော့ သူတို့ရဲ့ဆက်ဆံရေးကိုအသိပေးခဲ့တာဖြစ်ပြီး လပိုင်းလောက်အကြာမှာပဲ လက်ထက်ခဲ့ကြပါတယ်။ Ahn Jaehyun နဲ့ Goo Hyesan အတွဲဟာ အရမ်းချစ်ကြရတဲ့ပုံထင်ရတဲ့အတွက် ပရိသတ်တွေကတော့ အားကျနှစ်သက်ခဲ့ကြရပါတယ်။
၂၀၁၉ ဩဂုတ်လမှာတော့ Ahn Jaehyun က ကွာရှင်းချင်တဲ့အကြောင်းနဲ့ ပတ်သတ်ပြီး post တွေကို Goo Hyesan ဘက်ကတင်ခဲ့ပါတယ်။ အဲ့နောက်မှာလည်း Goo Hyesan က Ahn Jaehyun နဲ့ပတ်သတ်ပြီးမကောင်းတဲ့ post တွေကို အဆက်မပြတ်တင်ခဲ့တာကြောင့် သူတို့နှစ်ဦးရဲ့ဆက်ဆံရေးဟာ ပိုပိုတင်းမာလာခဲ့ပါတယ်။ လတ်တလောမှာတော့ Ahn Jaehyun ဘက်က Goo Hyesan နဲ့ကွာရှင်းပြတ်စဲဖို့အတွက် တရားရုံးမှာ လျှောက်တင်ထားဆဲဖြစ်ပါတယ်။
Lee DongGun နဲ့ T-ARA အဖွဲ့ဝင် Jiyeon
Lee DongGun နဲ့ T-ARA အဖွဲ့ဝင် Jiyeon တို့ကတော့ ၂၀၁၅ မှာ တရုတ်ကိုရီးယားဇာတ်လမ်းတွဲတစ်ခုမှာ ချစ်ကြိုက်ခဲ့ကြတာဖြစ်ပြီး သူတို့နှစ်ဦးကတော့ အသက် ၁၃ နှစ်ကွာကြတဲ့အတွဲဖြစ်ပါတယ်။ ၂၀၁၇ မှာတော့ Lee DongGun နဲ့ Jiyeon တို့က မအားလပ်တဲ့အချိန်ဇယားတွေကြောင့် လမ်းခွဲလိုက်ပြီဆိုပြီးအသိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာ မင်းသား Lee DongGun နဲ့ “Laurel Tree Tailors” ဇာတ်လမ်းတွဲမှာ အတူသရုပ်ဆောင်တဲ့ မင်းသမီး Jo Yoon Hee လည်း ပါဝင်ပတ်သတ်နေတာဖြစ်မယ်ဆိုပြီး ပရိသတ်တွေက ထင်ကြေးတွေပေးခဲ့ကြပါတယ်။
Jiyeon နဲ့ လမ်းခွဲကြောင်းကြေငြာပြီး ၂၆ ရက် အကြာမှာပဲ Lee Dong Gun နဲ့ Jo Yoon Hee တို့ဟာ ကိုယ်ဝန်သုံးလရှိနေပြီဖြစ်ပြီး လက်ထက်တော့မှာဖြစ်တယ်လို့ အတည်ပြုခဲ့ကြပါတယ်။ ဒီသတင်းကတော့ ပရိသတ်တွေအတွက် ထိတ်လန့်စရာတွေ ဖြစ်ခဲ့ရပါတယ်။
U-Kiss အဖွဲ့ဝင်ဟောင်း Dongho
U-Kiss အဖွဲ့ဝင်ဟောင်း Dongho ကတော့ အသက် ၂၁ နှစ်မှာတင် အနုပညာရှင်မဟုတ်တဲ့ သာမာန်မိန်းကလေးတစ်ယောက်နဲ့ပဲ ၂၀၁၅ နိုဝင်ဘာလ မှာလက်ထက်ခဲ့ပြီး အိမ်ထောင်ကျတာ အစောဆုံး Idol ဖြစ်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ Dongho ရဲ့ပထမကလေးကို ဇွန်လ ၂၀၁၆ မှာမွေးဖွားခဲ့တာကြောင့် ပရိသတ်တွေအံဩခဲ့ရပါတယ်။
၂၀၁၈ စက်တင်ဘာလမှာတော့ Dongho ရဲ့ ကွာရှင်းသတင်းကထွက်ပေါ်လာခဲ့ပါတယ်။ အဲ့နောက်မှာတော့ Dongho ရဲ့ မိန်းမဟောင်းဘက်ကပဲ ကလေးကိုတစ်ယောက်ထဲ စောင့်ရှောက်ခဲ့ရတာဖြစ်ပြီး Dongho ဟာ ကလေးရဲ့မွေးနေ့ကိုတောင် လာရောက်ခဲ့ခြင်းမရှိဘူးလို့ဆိုပါတယ်။
Credit:momolay

မှတ်ချက်များ