Justin Bieber ကို သူ႔သီခ်င္းေတြနားေထာင္ေစခ်င္တယ္ဆိုတဲ့ Selena Gomez


Zawgyiျဖင့္ဖတ္ရန္

Selena ရဲ႕ သီခ်င္းအသစ္ျဖစ္တဲ့ Lose You To Love Me ဟာ ျပီးခဲ့တဲ့ (22.10.2019)မွာထြက္ရွိိလာျပီး ထြက္ရွိျပီးမိနစ္ပိုင္းမွာတင္ တစ္ကမၻာလံုးက ပရိသတ္ေတြရဲ႕အားေပးမႈခံခဲ့ရပါတယ္။ Lose You To Love Me ဟာ Youtube မွာတင္ျပီး တစ္ရက္အတြင္းမွာတင္ ၾကည့္ရႈသူ (၁၈)သန္းေက်ာ္သြားခဲ့ျပီး တစ္ကမၻာလံုးက ပရိသတ္ေတြၾကားမွာေရပန္းစားသြားခဲ့တာပါ။ Selena Gomez ကုိ Justin Bieber က သူ႔အေဖမဂၤလာေဆာင္ကိုုေခၚသြားခဲ့ျပီးေနာက္ နွစ္လအတြင္းမွာတင္ Hailey နဲ႔ ျပန္တြဲခဲ့တာျဖစ္ျပီး အဲဒါက Selena ကုိ မယုံနုိင္ေအာင္ခံစားသြားေစခဲ့ပံုေပၚပါတယ္။

အဲဒါကုိ Selena က သူ႔ရဲ႕ Lose You To Love Me သီခ်င္းထဲမွာ “In two months, you replaced us. Like it was easy. Made me think I deserved it and to think of healing”လို႔ထည့္သြင္းေရးသားထားခဲ့ျပီး သီခ်င္းရဲ႕ Official Video မွာလည္း Selena က အဲဒီစာသားေတြကုိသီဆုိေနခ်ိန္မွာ မယံုနုိင္ျခင္းေတြတုန္လႈပ္မႈေတြေပၚလြင္ေနခဲ့ပါတယ္။ အဲဒါကုိၾကည့္ျခင္းအားျဖင့္ JB ရဲ႕ လုပ္ရပ္ေတြဟာ Selena ကုိ နက္နက္ရႈိင္းရိႈင္းခံစားရေစခဲ့တာေသခ်ာတယ္လို႔ ပရိသတ္ေတြက မွတ္ခ်က္ခ်ေနၾကပါတယ္။

အဲ့ဒီလို Drama ေပါင္းမ်ားစြာၾကားမွာ Justin နဲ႔ Selena ကိုသေဘာတူခဲ့ၾကတဲ့ပရိသတ္ေတြကေတာ့ Lose You To Love Me ကို နားေထာင္အၿပီးမွာ JB အေပၚ Selena ရဲ႕ခံစားခ်က္ေတြအေရာင္စံုေနတုန္းပဲလို႔ ေမ်ွာ္လင့္ေနၾကပါတယ္။ အဲ့ဒီလိုေမ်ွာ္လင့္ေနတ့ဲပရိသတ္ေတြအတြက္ ဝမ္းသာဝမ္းနည္းျဖစ္ရမယ့္ သတင္းတစ္ခုကလည္းထြက္လာခဲ့ျပန္ပါၿပီ။အဲ့ဒီသတင္းကေတာ့ Selena က JB ကို သူမရဲ႕သီခ်င္းေတြနားေထာင္ေစခ်င္ေနတုန္းပါပဲတဲ့။

Selena က သူမရဲ႕ Lose You To Love Me ထြက္ျပီးေနာက္ပိုင္း Interview ေတြေတာ္ေတာ္မ်ားမ်ားေျဖၾကားေနခဲ့ရာမွာ မၾကာေသးမီက Zach Sang နဲ႔ Interview မွာ “သူမသီခ်င္းထဲမွာထည့္သြင္းေရးသားခံရတဲ့ ကာယကံ႐ွင္ကို သူမရဲ႕သီခ်င္းေတြနားေထာင္ေစခ်င္လား”လို႔ အေမးခံခဲ့ရခ်ိန္မွာSelena က အနည္းငယ္စဥ္းစားေနၿပီးမွ အျဖဴစင္ဆံုးျပံဳးၿပီး “ဟုတ္ကဲ့ နားေထာင္ေစခ်င္ပါတယ္” လို႔ ေျဖၾကားခဲ့ပါတယ္။ ဒါကိုၾကည့္္္ျခင္းအားျဖင့္ Selena ဘက္က Justin ကို ခ်စ္ေနေသးလ္ို႔ သူမရင္ထဲမွာ ခံစားေနရတာေတြကို သိေစခ်င္လို႔ နားေထာင္ေစခ်င္တာလို႔ထင္ေၾကးေပးေနသူေတြလည္း႐ွိသလို Selena က JB မပါတဲ့ဘဝမွာဘယ္ေလာက္ေတာင္ေပ်ာ္ရႊင္ေနလဲဆိုတာကိုျမင္ေစခ်င္တာေၾကာင့္လို႔ ေဝဖန္ေနသူေတြလည္း႐ွိေနပါတယ္။

မၾကာေသးမီကမွ Selena ရဲ႕သီခ်င္းထြက္ၿပီးေနာက္ပိုင္း JB က သူ႔ဇနီးကိုထားခဲ့ၿပီး တစ္ေယာက္တည္းစဥ္းစားစရာေတြ႐ွိလို႔ခရီးထြက္သြားတယ္ဆိုတဲ့သတင္းေတြလည္းထြက္လာတာေၾကာင့္ သူတ္ို႔ၾကားမွာ ဘာေတြဆက္ျဖစ္လာမလဲဆ္ိုတာ စိတ္ဝင္စားေနၾကတဲ့ပရိသတ္ႀကီးကလည္း တစ္ကမၻာလံုးမွာ႐ွိေနပါတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးေရာ Selena က ဘယ္လိုစိတ္ကူးမ်ိဳးနဲ႔ JB ကိုသူ႔သီခ်င္းေတြနားေထာင္ေစခ်င္တယ္လို႔ေျဖခဲ့တာျဖစ္မလဲ။ ထင္ျမင္ခ်က္ေလးေတြေဝမ်ွခဲ့ၾကပါဦး။

Credit:Cantwait2say

Unicodeဖြင့်ဖတ်ရန်

Justin Bieber ကို သူ့သီချင်းတွေနားထောင်စေချင်တယ်ဆိုတဲ့ Selena Gomez

Selena ရဲ့ သီချင်းအသစ်ဖြစ်တဲ့ Lose You To Love Me ဟာ ပြီးခဲ့တဲ့ (22.10.2019)မှာထွက်ရှိလာပြီး ထွက်ရှိပြီးမိနစ်ပိုင်းမှာတင် တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့အားပေးမှုခံခဲ့ရပါတယ်။ Lose You To Love Me ဟာ Youtube မှာတင်ပြီး တစ်ရက်အတွင်းမှာတင် ကြည့်ရှုသူ (၁၈)သန်းကျော်သွားခဲ့ပြီး တစ်ကမ္ဘာလုံးက ပရိသတ်တွေကြားမှာရေပန်းစားသွားခဲ့တာပါ။ Selena Gomez ကို Justin Bieber က သူ့အဖေမင်္ဂလာဆောင်ကိုခေါ်သွားခဲ့ပြီးနောက် နှစ်လအတွင်းမှာတင် Hailey နဲ့ ပြန်တွဲခဲ့တာဖြစ်ပြီး အဲဒါက Selena ကို မယုံနိုင်အောင်ခံစားသွားစေခဲ့ပုံပေါ်ပါတယ်။

အဲဒါကို Selena က သူ့ရဲ့ Lose You To Love Me သီချင်းထဲမှာ “In two months, you replaced us. Like it was easy. Made me think I deserved it and to think of healing”လို့ထည့်သွင်းရေးသားထားခဲ့ပြီး သီချင်းရဲ့ Official Video မှာလည်း Selena က အဲဒီစာသားတွေကိုသီဆိုနေချိန်မှာ မယုံနိုင်ခြင်းတွေတုန်လှုပ်မှုတွေပေါ်လွင်နေခဲ့ပါတယ်။ အဲဒါကိုကြည့်ခြင်းအားဖြင့် JB ရဲ့ လုပ်ရပ်တွေဟာ Selena ကို နက်နက်ရှိုင်းရှိုင်းခံစားရစေခဲ့တာသေချာတယ်လို့ ပရိသတ်တွေက မှတ်ချက်ချနေကြပါတယ်။

အဲ့ဒီလို Drama ပေါင်းများစွာကြားမှာ Justin နဲ့ Selena ကိုသဘောတူခဲ့ကြတဲ့ပရိသတ်တွေကတော့ Lose You To Love Me ကို နားထောင်အပြီးမှာ JB အပေါ် Selena ရဲ့ခံစားချက်တွေအရောင်စုံနေတုန်းပဲလို့ မျှော်လင့်နေကြပါတယ်။ အဲ့ဒီလိုမျှော်လင့်နေတဲ့ပရိသတ်တွေအတွက် ဝမ်းသာဝမ်းနည်းဖြစ်ရမယ့် သတင်းတစ်ခုကလည်းထွက်လာခဲ့ပြန်ပါပြီ။အဲ့ဒီသတင်းကတော့ Selena က JB ကို သူမရဲ့သီချင်းတွေနားထောင်စေချင်နေတုန်းပါပဲတဲ့။

Selena က သူမရဲ့ Lose You To Love Me ထွက်ပြီးနောက်ပိုင်း Interview တွေတော်တော်များများဖြေကြားနေခဲ့ရာမှာ မကြာသေးမီက Zach Sang နဲ့ Interview မှာ “သူမသီချင်းထဲမှာထည့်သွင်းရေးသားခံရတဲ့ ကာယကံရှင်ကို သူမရဲ့သီချင်းတွေနားထောင်စေချင်လား”လို့ အမေးခံခဲ့ရချိန်မှာSelena က အနည်းငယ်စဉ်းစားနေပြီးမှ အဖြူစင်ဆုံးပြုံးပြီး “ဟုတ်ကဲ့ နားထောင်စေချင်ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။ ဒါကိုကြည့််ခြင်းအားဖြင့် Selena ဘက်က Justin ကို ချစ်နေသေးလို့ သူမရင်ထဲမှာ ခံစားနေရတာတွေကို သိစေချင်လို့ နားထောင်စေချင်တာလို့ထင်ကြေးပေးနေသူတွေလည်းရှိသလို Selena က JB မပါတဲ့ဘဝမှာဘယ်လောက်တောင်ပျော်ရွှင်နေလဲဆိုတာကိုမြင်စေချင်တာကြောင့်လို့ ဝေဖန်နေသူတွေလည်းရှိနေပါတယ်။

မကြာသေးမီကမှ Selena ရဲ့သီချင်းထွက်ပြီးနောက်ပိုင်း JB က သူ့ဇနီးကိုထားခဲ့ပြီး တစ်ယောက်တည်းစဉ်းစားစရာတွေရှိလို့ခရီးထွက်သွားတယ်ဆိုတဲ့သတင်းတွေလည်းထွက်လာတာကြောင့် သူတို့ကြားမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားနေကြတဲ့ပရိသတ်ကြီးကလည်း တစ်ကမ္ဘာလုံးမှာရှိနေပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော Selena က ဘယ်လိုစိတ်ကူးမျိုးနဲ့ JB ကိုသူ့သီချင်းတွေနားထောင်စေချင်တယ်လို့ဖြေခဲ့တာဖြစ်မလဲ။ ထင်မြင်ချက်လေးတွေဝေမျှခဲ့ကြပါဦး။

Credit:Cantwait2say

မှတ်ချက်များ