ပွဲတွေမှာ live လွှင့်တဲ့ မီဒီယာတွေကို သတိပေးလိုက်တဲ့ အိမ့်ချစ်


အိမ့်ချစ်ဟာ အောင်မြင်မှုကိုနှစ်တွေအကြာကြီးထိန်းသိမ်းလာနိုင်သူဖြစ်ပြီးအခုအချိန်အထိလည်း ပရိသတ်အားပေးမှုတွေများစွာရရှိထားပြီး အောင်မြင်နေတဲ့ အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။ အိမ့်ချစ်က မကြာသေးမီကလည်း ဂျပန်နိုင်ငံသား မြန်မာလူမျိုး အဝင်းနဲ့အတူတူ Win Show Time မှာ ဝင်ရောက်ရိုက်ကူးတင်ဆက်ထားပြီး ပရိသတ်တွေရဲ့အားပေးမှုရထားတာပါ။

မြန်မာပရိသတ်တွေ သည်းသည်းလှုပ်ချစ်ရတဲ့ အဝင်းလေးနဲ့အတူ Win Show Time မှာ အတွဲညီညီတင်ဆက်ရင်း ပရိသတ်အားပေးမှုတွေအများကြီးရခဲ့ပြီးနောက်မှာ အိမ့်ချစ်က အဝင်းနဲ့ မောင်နှမတွေလိုရင်းနှီးတဲ့ဆက်ဆံရေးရခဲ့ပြီးအနုပညာအလုပ်တွေလက်တွဲလုပ်နေခဲ့တယ်လို့လည်းသိရပါတယ်။ အိမ့်ချစ်က လက်ရှိမှာ ပွဲတွေဇယ်ဆက်သလိုသွားနေရသလို သီချင်းအသစ်တွေထုတ်ဖို့လည်း ကြိုးစားနေပြီး ပရိသတ်တွေကလည်း အိမ့်ချစ်ရဲ့သီချင်းအသစ်တွေကိုမျှော်လင့်နေကြပါပြီ။

ဖျော်ဖြေပွဲတွေဆက်တိုက်ဆိုသလိုသွားနေတဲ့ အိမ့်ချစ်က မကြာသေးမီက ပွဲတွေမှာ live လွှင့်တဲ့ မီဒီယာတွေကို သူမရဲ့ လူမှုကွန်ယက်ကနေ မေတ္တာရပ်ခံစာလေးရေးထားခဲ့တာတွေ့ရပါတယ်။ ဖျော်ဖြေပွဲတွေမှာ ပရိသတ်တွေ Live လွှင့်သလို မီဒီယာတွေက လွယ်လွယ်လေး live လွှင့်လို့မရကြောင်းနဲ့ ပရိသတ်တွေ live လွှင့်တာနဲ့ မီဒီယာတွေ စီးပွားဖြစ် live လွှင့်တာက ရည်ရွယ်ချက်ခြင်းမတူတာမို့လို့ ကင်မရာကြီးတွေထောင်ပြီးရိုက်ကူးထုတ်လွှင့်မယ်ဆိုရင် ခွင့်တောင်းကြဖို့ပြောထားခဲ့တာပါ။

အိမ့်ချစ်က သူမရဲ့ လူမှုကွန်ယက်မှာ “Facebook ကကျွန်တော် ကျွန်မတို့ရဲ့ပွဲလေးမှာဖျော်ဖြေတာကိုPage လေးကနေMedia တစ်ခုခုကနေ Live လေးလွှင့်မယ်နော်လို့လွယ်လွယ်လေးလုပ်လို့မရပါဘူးရှင်ခွင့်ပြုချက်တောင်းကြပါ မေးကြပါတရားဝင်ကြီး ကင်မရာတွေထောင်အကြီးအကျယ်ရိုက်မယ်ဆို ညှိနှိုင်းရမှာတွေ စကားပြောရမှာတွေရှိပါတယ်ရှင့် လွယ်လွယ်လေး လွှင့်လို့မရပါဘူးခွင့်ပြုချက်တောင်းရမှာတွေရှိပါတယ်ဒါလေးလွှင့်တာများဘာဖြစ်လို့လဲပွဲလာကြည့်တဲ့သူတွေတောင် live လွှင့်နေသေးတာပဲလို့ပြောလို့မရပါဘူးရှင့်စီးပွါးဖြစ်ရိုက်ကူးထုတ်လွှင့်တာနဲ့ အပျော် Live လွှင့်တာလဲကွာခြားပါတယ်ရှင့်လွှင့်တဲ့ရည်ရွယ်ချက်ခြင်းလဲကွာပါတယ်ရှင့် လွယ်လွယ်လေးလို့ထင်ပြီးလုပ်နေတဲ့သူတွေ သိစေချင်လို့ပါရှင့်”လို့ ရေးသားပြီးအသိပေးထားခဲ့တာတွေ့ရပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော အိမ့်ချစ်ပြောတဲ့ မီဒီယာတွေကိုlive လွှင့်ရင်ခွင့်တောင်းဖို့ကိစ္စအပေါ် ထင်မြင်ချက်လေးတွေပြောပြခဲ့ပါဦး။ ပရိသတ်ကြီးရော အိမ့်ချစ်ကိုချစ်ကြလား။အိမ့်ချစ်ရဲ့ နောက်ထပ်သီချင်းအသစ်တွေထွက်လာရင်ရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

မှတ်ချက်များ