Zawgyi ဖြင့်ဖတ်ရန်
Credit : Aunty may
Unicode ဖြင့်ဖတ်ရန်
ပြိုင်ပွဲ နိုင်နိုင် ရှုံးရှုံး ပွဲပြီးရင် ပရိသတ်တွေနဲ့ Live လွှင့်တွေ့ဆုံမယ့် အာကာ
အာကာကတော့ ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားတဲ့ နာမည်ကြီး စားဖိုမှူးတစ်ယောက်ပါ။MasterChef Myanmar ကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ဟင်းချက်ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း နောက်ဆုံး ဖိုင်နယ် ပွဲ အထိ တက်လှမ်းနိုင်ခဲ့သူပါ။ဒီပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်တွေဟာ တစ်ပတ်နဲ့ တစ်ပတ် မတူညီတဲ့ Challenge တွေကို သူ့ထက်ငါ အပြိုင်အဆိုင်ယှဉ်ပြိုင်ကြ ရတာပါ။ အပတ်စဉ်တိုင်းမှာ ပြိုင်ပွဲကနေ တစ်ယောက်ကို ပုံမှန်ထုတ်ပယ်လေ့ရှိ ပါတယ်။
နောက်ဆုံးဖိုင်နယ်ပွဲကိုတော့ အာကာနဲ့ နေအောင် ဆိုတဲ့ စားဖိုမှူးနှစ်ယောက တက်လှမ်းသွားခဲ့တာပါ။အာကာ ကတော့ နိုဝင်ဘာ (၂၄)မှာ ကျင်းပမယ့် ပြိုင်ပွဲကြီးမှာ အနိုင်ရသည်ဖြစ်စေ၊ရှုံးသည်ဖြစ်စေ သူချစ်တဲ့ ပရိသတ်တွေ အတွက် အထူးအစီအစဉ်လေးတစ်ခု လုပ်ပေးဖို့ ရှိပါတယ်။အဲ့ဒါကတော့ ပြိုင်ပွဲပြီးရင် ပရိသတ်တွေနဲ့ Live လွှင့် စကား ပြောမယ့် အစီအစဉ်ပါ။ဒီအကြောင်းကိုတော့ သူ့ရဲ့ FB မှာ အခုလို ဝေမျှ ထားပါတယ်။
“MasterChef Myanmar (Season -2) ပြိုင်ပွဲတစ်လျှောက်လုံး ကျွန်တော်ကိုအားပေးခဲ့တဲ့ WE LOVE ARKAR နဲ့ We Love Arkar(master chef myanmar season2) group ၂ ခုလုံးရဲ့ we love fan များအားလုံးနှင့် fanမဟုတ်ပေမဲ့အားပေးခဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။
ကျွန်တော်ဘဝတစ်လျှောက်လုံး အမြဲတမ်းအမှတ်ရပြီး ကျေးဇူးတင်နေမှာပါခင်ဗျာ။ကျွန်တော် Winner ရသည်ဖြစ်စေ၊ မရခဲ့သည်ဖြစ်စေ မနက်ဖြန် masterchef final ပြိုင်ပွဲအပြီး Live လွှင်ြ့ပီး ကျေးဇူးတင်စကားပြောချင်ပါတယ်ခင်ဗျာ🙏…” ဆိုပြီး အာကာရဲ့ အကောင့်မှာ တင်ထားပါတယ်။
Credit : Aunty may


မှတ်ချက်များ