အဆိုေတာ္ ရႈမၿငီး “ကိုေရ ဘာေတြလဲ” MTVနဲ႔ပတ္သက္လို႔ ရွင္းပီ
Zawgyiျဖင့္ဖတ္ရန္
ဒီသီခ်င္းေလးကို ကိုယ္တိုင္ေရး ကိုယ္တိုင္ဆို ကိုယ္တိုင္သ႐ုပ္ေဆာင္ ကိုယ္တိုင္ဒါ႐ိုက္တာလုပ္ထားတဲ့ MTVေလးျဖစ္ပီး အၾကမ္းစား ႐ိုက္ခ်က္ေတြနဲ႔ ႐ိုက္ကူးထားတာျဖစ္ပါတယ္။
ဒီအမ္တီဗြီေလးကို လူေတြအမ်ားအျပားၾကည့္ရႈ႕ခဲ့ၾကပီး ေဝဖန္မႈေတြလည္း ျမင့္တက္လာခဲ့ပါတယ္။ ဒါနဲ႔ပတ္သက္လို႔ အဆိုေတာ္ ရႈ႕မၿငီးေရာ သ႐ုပ္ခဲ့တဲ့ မင္းဟိဏ္း ပါ ေျဖရွင္းလာတာေတြ႕ရပါတယ္။
ရႈ႕မၿငီးရဲ႕ ေျပာျပခ်က္ေတြမွာေတာ့ ေကာင္းတာဆိုးတာကၾကေတာ့ ဒြန္တြဲေနတာညီမေလး၊ ဒါေရွာင္လႊဲလို႔မရဘူး ႀကိဳက္တဲ့လူကၾကေတာ့ ေကာင္းတယ္လို႔ေျပာမွာပဲ၊ မႀကိဳက္တဲ့လူကေတာ့ ဒါမသင့္ေတာ္ဘူး မ႐ိုက္ျပသင့္ဘူးေပါ့ေနာ္၊ သူတို႔က အဲလိုေျပာမယ္ေပါ့၊ ေကာင္းတာဆိုးတာ ဒြန္တြဲေနတဲ့အခါၾကေတာ့ မမတို႔က သိပ္ေတာ့ အမ်ားႀကီးေတာ့ ေျပာစရာမရွိပါဘူး။ လို႔ ေျဖရွင္းလာပါတယ္။
႐ိုက္ကူးရတဲ့အခက္အခဲနဲ႔ပတ္သက္လို႔လည္း အခုလိုေျပာပါတယ္ အခက္အခဲေတြရွိလားဆိုေတာ့ ဟယ္… ဒါႀကီးက မမတို႔က အရမ္းအလြန္အကြၽံႀကီးလည္းမဟုတ္ပါဘူး၊ မမရဲ႕စိတ္ထဲမွာေတာ့ ဒီလိုပဲ ခ်စ္ၾကတဲ့ ခ်စ္သူေတြ စုံတြဲေတြဆိုလည္း ဒီလိုပဲ ရွိၾကမွာပဲေလ သိပ္ေတာ့ ေထြေထြထူးထူးေတြမပါပါဘူး။ လို႔ ေျပာထားပါတယ္။
Credit – အကုန္သိ
Unicodeဖြင့်ဖတ်ရန်
အဆိုတော် ရှုမငြီး “ကိုရေ ဘာတွေလဲ” MTVနဲ့ပတ်သက်လို့ ရှင်းပီ
ဒီသီချင်းလေးကို ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို ကိုယ်တိုင်သရုပ်ဆောင် ကိုယ်တိုင်ဒါရိုက်တာလုပ်ထားတဲ့ MTVလေးဖြစ်ပီး အကြမ်းစား ရိုက်ချက်တွေနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီအမ်တီဗွီလေးကို လူတွေအများအပြားကြည့်ရှု့ခဲ့ကြပီး ဝေဖန်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ အဆိုတော် ရှု့မငြီးရော သရုပ်ခဲ့တဲ့ မင်းဟိဏ်း ပါ ဖြေရှင်းလာတာတွေ့ရပါတယ်။
ရှု့မငြီးရဲ့ ပြောပြချက်တွေမှာတော့ ကောင်းတာဆိုးတာကကြတော့ ဒွန်တွဲနေတာညီမလေး၊ ဒါရှောင်လွှဲလို့မရဘူး ကြိုက်တဲ့လူကကြတော့ ကောင်းတယ်လို့ပြောမှာပဲ၊ မကြိုက်တဲ့လူကတော့ ဒါမသင့်တော်ဘူး မရိုက်ပြသင့်ဘူးပေါ့နော်၊ သူတို့က အဲလိုပြောမယ်ပေါ့၊ ကောင်းတာဆိုးတာ ဒွန်တွဲနေတဲ့အခါကြတော့ မမတို့က သိပ်တော့ အများကြီးတော့ ပြောစရာမရှိပါဘူး။ လို့ ဖြေရှင်းလာပါတယ်။
ရိုက်ကူးရတဲ့အခက်အခဲနဲ့ပတ်သက်လို့လည်း အခုလိုပြောပါတယ် အခက်အခဲတွေရှိလားဆိုတော့ ဟယ်… ဒါကြီးက မမတို့က အရမ်းအလွန်အကျွံကြီးလည်းမဟုတ်ပါဘူး၊ မမရဲ့စိတ်ထဲမှာတော့ ဒီလိုပဲ ချစ်ကြတဲ့ ချစ်သူတွေ စုံတွဲတွေဆိုလည်း ဒီလိုပဲ ရှိကြမှာပဲလေ သိပ်တော့ ထွေထွေထူးထူးတွေမပါပါဘူး။ လို့ ပြောထားပါတယ်။
Credit – အကုန်သိ


မှတ်ချက်များ