Selena အေပၚ သူမရဲ႕ သေဘာထားႀကီးမႈကို ျပလိုက္တဲ့ Hailey Bieber




Zawgyi ျဖင့္ဖတ္ရန္

Hailey Bieber နဲ႔ Selena Gomez တို႔ကေတာ့ ေယာက်ာ္း တစ္ေယာက္တည္းကို ခ်စ္ခဲ့ဖူးၾကတဲ့ သူေတြပါ။ Justin Bieber ရဲ႕ အရင္ ငယ္ခ်စ္ေဟာင္း Selena နဲ႔ လက္ရွိဇနီး မယား ေနရာမွာရွိေနတဲ့ Hailey တို႔ ၾကားမွာ အရင္တုန္းကေတာ့ အဖုအထစ္ေလးေတြ ရွိခဲ့တယ္ဆိုတာ ကိုေတာ့ သူတို႔ရဲ႕ ဆိုရွယ္မီဒီယာ Post ေတြကို ၾကည့္ရင္ သိႏိုင္ပါတယ္။ဒါေပမယ့္ အခုကေတာ့ သူတို႔ ၾကားက ဆက္ဆံ ေရး ျပန္အဆင္ေျပေတာ့မယ့္ အရိပ္အေယာင္ေတြ ကို ျပန္ျမင္ေနရပါၿပီ။


https://www.instagram.com/explore/locations/8443836/microsoft-theater/?utm_source=ig_embed

ၿပီးခဲ့တဲ့ ရက္ပိုင္းမွာေတာ့ Hailey Bieber က Selena အေပၚ သူမရဲ႕ သေဘာထားႀကီးမႈကို ျပလိုက္ပါတယ္။ (2019) အေမရိကန္ Music Award (AMAs) ပြဲရဲ႕ အမွတ္တရ ပုံေတြကို၊ ဗီဒီယိုဖိုင္ေတြကို Selena က သူမရဲ႕အေကာင့္မွာတင္ခဲ့ပါတယ္။ ေကာေဇာနီထက္ကိာ မသြားခ်င္ သူမရဲ႕ မိတ္ကပ္ Artist Hungo Vanngo နဲ႔ အတူ ပုံေတြ ႐ိုက္ခဲ့ပါတယ္။ Hungo တင္ထားတဲ့ Selena ရဲ႕ ဗီဒီယိုဖိုင္ ကိုေတာ့ Hailey က Like ေပးခဲ့ပါတယ္။ သူမနဲ႔  ခင္ပြန္းျဖစ္သူရဲ႕ ရည္စားေဟာင္းၾကားမွာ ဘာအကန႔္မွ မရွိပါဘူး၊ သူမဘက္က Selena အေပၚ ေအးေဆးပဲ ဆိုတာကို တစ္ဖက္လွည့္နဲ႔ ျပသလိုက္ပုံရပါတယ္။ ဒါတင္ မကေသးပါဘူး။



Hailey ဟာ အရင္တုန္းကလည္း Selena အေပၚ သူမရဲ႕ အားေပးမႈကို ေဖာ္ျပခဲ့ဖူးပါတယ္။ သူငယ္ခ်င္းေတြနဲ႔အတူ သီခ်င္းသစ္အတြက္ ေအာင္ပြဲ ခံေနတဲ့ ပုံမွာလည္း Like ေပးခဲ့ဖူးပါတယ္။ Selena ကေတာ့ သူမရဲ႕ ခ်စ္သူေဟာင္း The Weeknd ရဲ႕ လက္ရွိခ်စ္သူ Bella ရဲ႕ IG Post ေအာက္မွာ Comment ဝင္ေရးခဲ့ဖူးပါတယ္။ Bella ကေတာ့ Selena Comment ဝင္ေရးတဲ့ Post တစ္ခုလုံးကိုပါ ဖ်က္ၿပီး Selena အေပၚ မႏွစ္သက္တဲ့ သူမရဲ႕ စိတ္ကို ျပခဲ့ပါတယ္။

Credit:aunty may 





Unicode ဖြင့်ဖတ်ရန်

Selena အပေါ် သူမရဲ့ သဘောထားကြီးမှုကို ပြလိုက်တဲ့ Hailey Bieber



Hailey Bieber နဲ့ Selena Gomez တို့ကတော့ ယောကျာ်း တစ်ယောက်တည်းကို ချစ်ခဲ့ဖူးကြတဲ့ သူတွေပါ။ Justin Bieber ရဲ့ အရင် ငယ်ချစ်ဟောင်း Selena နဲ့ လက်ရှိဇနီး မယား နေရာမှာရှိနေတဲ့ Hailey တို့ ကြားမှာ အရင်တုန်းကတော့ အဖုအထစ်လေးတွေ ရှိခဲ့တယ်ဆိုတာ ကိုတော့ သူတို့ရဲ့ ဆိုရှယ်မီဒီယာ Post တွေကို ကြည့်ရင် သိနိုင်ပါတယ်။ဒါပေမယ့် အခုကတော့ သူတို့ ကြားက ဆက်ဆံ ရေး ပြန်အဆင်ပြေတော့မယ့် အရိပ်အယောင်တွေ ကို ပြန်မြင်နေရပါပြီ။


ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ Hailey Bieber က Selena အပေါ် သူမရဲ့ သဘောထားကြီးမှုကို ပြလိုက်ပါတယ်။ (2019) အမေရိကန် Music Award (AMAs) ပွဲရဲ့ အမှတ်တရ ပုံတွေကို၊ ဗီဒီယိုဖိုင်တွေကို Selena က သူမရဲ့အကောင့်မှာတင်ခဲ့ပါတယ်။ ကောဇောနီထက်ကိာ မသွားချင် သူမရဲ့ မိတ်ကပ် Artist Hungo Vanngo နဲ့ အတူ ပုံတွေ ရိုက်ခဲ့ပါတယ်။ Hungo တင်ထားတဲ့ Selena ရဲ့ ဗီဒီယိုဖိုင် ကိုတော့ Hailey က Like ပေးခဲ့ပါတယ်။ သူမနဲ့  ခင်ပွန်းဖြစ်သူရဲ့ ရည်စားဟောင်းကြားမှာ ဘာအကန့်မှ မရှိပါဘူး၊ သူမဘက်က Selena အပေါ် အေးဆေးပဲ ဆိုတာကို တစ်ဖက်လှည့်နဲ့ ပြသလိုက်ပုံရပါတယ်။ ဒါတင် မကသေးပါဘူး။



Hailey ဟာ အရင်တုန်းကလည်း Selena အပေါ် သူမရဲ့ အားပေးမှုကို ဖော်ပြခဲ့ဖူးပါတယ်။ သူငယ်ချင်းတွေနဲ့အတူ သီချင်းသစ်အတွက် အောင်ပွဲ ခံနေတဲ့ ပုံမှာလည်း Like ပေးခဲ့ဖူးပါတယ်။ Selena ကတော့ သူမရဲ့ ချစ်သူဟောင်း The Weeknd ရဲ့ လက်ရှိချစ်သူ Bella ရဲ့ IG Post အောက်မှာ Comment ဝင်ရေးခဲ့ဖူးပါတယ်။ Bella ကတော့ Selena Comment ဝင်ရေးတဲ့ Post တစ်ခုလုံးကိုပါ ဖျက်ပြီး Selena အပေါ် မနှစ်သက်တဲ့ သူမရဲ့ စိတ်ကို ပြခဲ့ပါတယ်။

Credit:aunty may 


မှတ်ချက်များ