ဇာတ္လမ္းတြဲအသစ္နဲ႔ ပရိသတ္ေတြေရွ႕ကို ျပန္ေရာက္လာေတာ့မယ့္ Song Ji-Hyo


Zawgyiျဖင့္ဖတ္ရန္

JTBC ရုပ္သံလိုင္းကေန အသစ္ျပသမယ့္ ဒရာမာျဖစ္တဲ့ ‘Did We Love’ ဇာတ္လမ္းတြဲမွာ အဓိကသရုပ္ေဆာင္အျဖစ္ပါဝင္မယ့္သူကေတာ့ Song Ji Hyo ပဲျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲမွာေတာ့ Song Ji Hyo နဲ႔အတူ Song Jong Ho , Kim Min Joon နဲ႔ Goo Ja Sang တုိ႔လည္း ပါဝင္မွာျဖစ္ပါတယ္။

ဒီဇာတ္လမ္းကေတာ့ လက္မထပ္ထားတဲ့ တစ္ကိုယ္ေတာ္ မိခင္တစ္ေယာက္ မတူညီတဲ့ အမ်ိဳးသားေလးေယာက္နဲ႔ ေတြ႔ဆံုတဲ့ ဇာတ္ေၾကာင္းျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ ရိုမန္တစ္လည္းဆန္ၿပီး အခ်စ္ဟာသ ဇာတ္လမ္းတြဲေလးလည္းျဖစ္ပါတယ္။

‘Did We Love’ ဇာတ္လမ္းတြဲကိုေတာ့ ေနာက္ႏွစ္အေစာပိုင္းမွာ ျပသသြားမွာျဖစ္တာေၾကာင့္ ဒရာမာ ပရိသတ္ေတြ အဆင္သင့္ျပင္ထားၾကေတာ့ေနာ္။

Source: Allkpop

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

ဇာတ်လမ်းတွဲအသစ်နဲ့ ပရိသတ်တွေရှေ့ကို ပြန်ရောက်လာတော့မယ့် Song Ji-Hyo

JTBC ရုပ်သံလိုင်းကနေ အသစ်ပြသမယ့် ဒရာမာဖြစ်တဲ့ ‘Did We Love’ ဇာတ်လမ်းတွဲမှာ အဓိကသရုပ်ဆောင်အဖြစ်ပါဝင်မယ့်သူကတော့ Song Ji Hyo ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ Song Ji Hyo နဲ့အတူ Song Jong Ho , Kim Min Joon နဲ့ Goo Ja Sang တို့လည်း ပါဝင်မှာဖြစ်ပါတယ်။

ဒီဇာတ်လမ်းကတော့ လက်မထပ်ထားတဲ့ တစ်ကိုယ်တော် မိခင်တစ်ယောက် မတူညီတဲ့ အမျိုးသားလေးယောက်နဲ့ တွေ့ဆုံတဲ့ ဇာတ်ကြောင်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ရိုမန်တစ်လည်းဆန်ပြီး အချစ်ဟာသ ဇာတ်လမ်းတွဲလေးလည်းဖြစ်ပါတယ်။

‘Did We Love’ ဇာတ်လမ်းတွဲကိုတော့ နောက်နှစ်အစောပိုင်းမှာ ပြသသွားမှာဖြစ်တာကြောင့် ဒရာမာ ပရိသတ်တွေ အဆင်သင့်ပြင်ထားကြတော့နော်။

Source: Allkpop

Credit:Aunty May

မှတ်ချက်များ