အက်စတာ ဒေါ့ချင်းဆုန်ကို အားပေးကြမ်းတဲ့ သူဌေးတစ်ဦးက ဖိုင်နယ်အတွက်ကိုလည်း သိန်း ၁၄၀၀ဖိုး Vote ပေးမည်




Zawgyiဖြင့်ဖတ်ရန်









Unicode ဖြင့်ဖတ်ရန်



အက်စတာ ဒေါ့ချင်းဆုန်အတွက် အပတ်စဉ် ၅၈သိန်းဖိုး Vote ပေးနေတဲ့ အားပေးကြမ်းတဲ့ သူဌေးတစ်ဦးက ဖိုင်နယ်အတွက်ကိုလည်း သိန်း ၁၄၀၀ဖိုး Vote ပေးမည်။

Myanmar Idol Season 4 ရဲ့ Top 11 ဝင် ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ချင်းမလေး အက်စတာ ဒေါ့ချင်းဆုန်ကို အပတ်စဉ် ၅၈သိန်းဖိုး Vote ပေးနေတဲ့သူကတော့ ရန်ကုန်နဲ့ မန္တလေး မှာ အင်းယားမြိုင် Car Spa ဆိုပြီး

ဆိုင်တွေဖွင့်ထားတဲ့ ပိုင်ရှင် သူဋ္ဌေးကိုပုတု ပဲဖြစ်ပါတယ်။ လုပ်ငန်းခွဲပေါင်းများစွာ နဲ့ ဝန်ထမ်း ၁၈၀ ကျော် ကိုအုပ်ချုပ်နေတဲ့ CEO တစ်ယောက်လဲဖြစ်ပါတယ်။ ဒါအပြင် ဖိုင်နယ်အတွက်ကိုလည်း သိန်း (၁၄၀၀)ဖိုး Vote ပေးမယ်လို့ သိရပါတယ်။

ဒါပေမယ့် အခု ၈ ယောက်အဆင့်မှာ တင် ဆုန်ဆုန်က Button 3 မှာထိုင်လိုက်ရတော့စိတ်ပူပြီး နောက်ပတ်တွေကနေစပြီး သူ့ကုမ္ပဏီရဲ့ ရန်ကုန်မန္တလေး ရှိသမျှ

ဝန်ထမ်း အယောက် (၁၈၀)ကျော်ကို Vote ပေးတဲ့နေ့မှာ အလုပ်နားခိုင်းပြီး တစ်ပတ်ကို သိန်း ၁၀၀ ဖိုး တနေကုန် စနစ်တကျ Vote ပေးခိုင်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Voting ပေးဖို့အတွက် Team ဖွဲ့ထားပြီး ဖုန်း SMS နဲ့ရော မြန်မာအိုင်ဒေါ အပလီကေးရှင်းကပါ ဘုတ်လို့ရတဲ့နေရာမှန်သမျှကနေ နည်းလမ်းတကျ ဗုတ် လုပ်သွားမယ်လို့ သိရပါတယ်။

ဆုန်ဆုန်ကို vote ပေးဖို့အတွက် MPT,Ooredoo ,MyTel ဖုန်းဘေလ်တွေ ကုမ္ပဏီနဲ့ချိတ်ဆက်ဝယ်ယူထားပြီးဖြစ်တယ်လို့သိရပါတယ်။


Credit- Yomalan

မှတ်ချက်များ