Voting အနည္းဆံုးျဖစ္ခဲ့ေပမယ့္ ဒိုင္ေတြဆီက Save လုပ္ခံရၿပီး ေနာက္တစ္ပတ္ထိတက္လွမ္းသြားတဲ့ ေနာ္ေစးေစးထူး


Zawgyiျဖင့္ဖတ္ရန္

Myanmar Idol Season 4 ၿပိဳင္ပြဲႀကီးက တစ္ေန႔ထက္တစ္ေန႔ ပရိသတ္ေတြရဲ႕ စိတ္ဝင္စား အားေပးမႈကို ရရိွလာတာပဲ ျဖစ္ပါတယ္။ Top (11) အျဖစ္ Live Show ႀကီးကို စတင္ခဲ့ရာ ျခဴးစစ္ဟန္တစ္ေယာက္ ျပဳတ္သြားၿပီး ၿပိဳင္ပြဲဝင္ (၁၀) ဦးသာ ဆက္လက္ယွဥ္ၿပိဳင္ေနခဲ့တာပဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ (၇) ရက္ေန႔မွာ Myanmar Idol Season (4) Rock Week ကိုက်င္းပခဲ့ရာ ၿပိဳင္ပြံဝင္ (၁၀) ဦးစလံုး အႀကိတ္အနယ္ သီဆိုယွဥ္ၿပိဳင္ခဲ့တာပဲ ျဖစ္ပါတယ္။

ထိုထဲကမွ "ဆူးေလး" သီခ်င္းနဲ႔ သီဆိုယွဥ္ၿပိဳင္ခဲ့တဲ့ ၿပိဳင္ပြဲဝင္ ေနာ္ေစးေစးထူးဟာ Voting အနည္းဆံုးျဖစ္ခဲ့ၿပီး ၿပိဳင္ပြဲမွ ထြက္ခြာရဖို႔ျဖစ္ခဲ့ေပမယ့္ ဒိုင္ေတြဆီက Save လုပ္ျခင္းခံရၿပီး ေနာက္တစ္ဆင့္ကို တက္လွမ္းခြင့္ ရရိွခဲ့ပါတယ္။

ဒိုင္ေတြက ေနာ္ေစးေစးထူးကို save လုပ္ခဲ့လို႔ ဒီတစ္ပတ္မွာ ၿပိဳင္ပြဲက ထြက္ခြာသြားရတဲ့သူ မရိွပါဘူး။ အဲ့ဒါအတြက္ ေနာက္တစ္ပတ္ၿပိဳင္ပြဲမွာေတာ့ Voting အနည္းဆံုး ၿပိဳင္ပြဲဝင္ႏွစ္ဦးက ထြက္ခြာရမွာ ျဖစ္ပါတယ္။

ေနာ္ေစးေစးထူးကေတာ့ save လုပ္ျခင္း ခံရၿပီး ေနာက္တစ္ဆင့္ကို တက္လွမ္းသြားခဲ့တာ အရမ္းဝမ္းသာစရာပါပဲေနာ္။ ပရိသတ္ႀကီးလည္း ေနာက္အပတ္ေတြမွာ Myanmar Idol မွာ ဘယ္သူေတြ ဆက္လက္ထြက္ခြာသြားရမလဲဆိုတာ ေစာက့္ၾကည့္ေပးၾကပါဦးေနာ္။

Rowena

Source: Myanmar Idol

Credit:Momolay

Unicodeဖြင့်ဖတ်ရန်

Voting အနည်းဆုံးဖြစ်ခဲ့ပေမယ့် ဒိုင်တွေဆီက Save လုပ်ခံရပြီး နောက်တစ်ပတ်ထိတက်လှမ်းသွားတဲ့ နော်စေးစေးထူး

Myanmar Idol Season 4 ပြိုင်ပွဲကြီးက တစ်နေ့ထက်တစ်နေ့ ပရိသတ်တွေရဲ့ စိတ်ဝင်စား အားပေးမှုကို ရရှိလာတာပဲ ဖြစ်ပါတယ်။ Top (11) အဖြစ် Live Show ကြီးကို စတင်ခဲ့ရာ ခြူးစစ်ဟန်တစ်ယောက် ပြုတ်သွားပြီး ပြိုင်ပွဲဝင် (၁၀) ဦးသာ ဆက်လက်ယှဉ်ပြိုင်နေခဲ့တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၇) ရက်နေ့မှာ Myanmar Idol Season (4) Rock Week ကိုကျင်းပခဲ့ရာ ပြိုင်ပွံဝင် (၁၀) ဦးစလုံး အကြိတ်အနယ် သီဆိုယှဉ်ပြိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ထိုထဲကမှ "ဆူးလေး" သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် နော်စေးစေးထူးဟာ Voting အနည်းဆုံးဖြစ်ခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခွာရဖို့ဖြစ်ခဲ့ပေမယ့် ဒိုင်တွေဆီက Save လုပ်ခြင်းခံရပြီး နောက်တစ်ဆင့်ကို တက်လှမ်းခွင့် ရရှိခဲ့ပါတယ်။

ဒိုင်တွေက နော်စေးစေးထူးကို save လုပ်ခဲ့လို့ ဒီတစ်ပတ်မှာ ပြိုင်ပွဲက ထွက်ခွာသွားရတဲ့သူ မရှိပါဘူး။ အဲ့ဒါအတွက် နောက်တစ်ပတ်ပြိုင်ပွဲမှာတော့ Voting အနည်းဆုံး ပြိုင်ပွဲဝင်နှစ်ဦးက ထွက်ခွာရမှာ ဖြစ်ပါတယ်။

နော်စေးစေးထူးကတော့ save လုပ်ခြင်း ခံရပြီး နောက်တစ်ဆင့်ကို တက်လှမ်းသွားခဲ့တာ အရမ်းဝမ်းသာစရာပါပဲနော်။ ပရိသတ်ကြီးလည်း နောက်အပတ်တွေမှာ Myanmar Idol မှာ ဘယ်သူတွေ ဆက်လက်ထွက်ခွာသွားရမလဲဆိုတာ စောက့်ကြည့်ပေးကြပါဦးနော်။

Rowena

Source: Myanmar Idol

Credit:Momolay

မှတ်ချက်များ