



Zawgyi ဖြင့်ဖတ်ရန်













Unicode ဖြင့်ဖတ်ရန်


အေးမြဖြူ ကို Winner မဖြစ်စေချင်ဘူး လို့ ပြောလိုက်တဲ့ မြန်မာအိုင်ဒေါက ပြိုင်ပွဲဝင်ဟောင်း ဆိုဖီယာ

ယခုကျင်းပပြုလုပ်နေတဲ့ Myanmar Idol Season 4 မှာတော့ ပြိုင်ပွဲဝင်အေးမြဖြူဟာ သူမရဲ့ တကယ်မိုက်တဲ့ သီဆိုဟန်တွေကြောင့် ပြိုင်ပွဲမှာ Winner ဖြစ်ဖို့ တစ်ပြေးနေတဲ့ ပြိုင်ပွဲဝင်တစ်ဦးပါ အသံပါရမီရှင်တစ်ဦးလို့ ပညာရှင်ဆရာကြီးတွေကပါ ချီးကျူးခဲ့သလို သူမရဲ့ ပရိသတ်တွေကလည်း တနေ့တခြားတိုးပွားလာနေတာလည်းဖြစ်ပါတယ်။



Myanmar Idol Season 1 ရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ခဲ့တဲ့ ဆိုဖီယာကတော့ ယခုအချိန်မှာ ပရိသတ်အခိုင်အမာနဲ့ ဂီတလမ်းကြောင်းပေါ်မှာ အေးဆေးစွာ ဖြတ်သန်းလျှက်ရှိတာပါ သူမကတော့ အင်တာဗျူးတစ်ခုမှာ သူမအနေနဲ့ အေးမြဖြူကို အလွန်ကြိုက်နှစ်သက်ကြောင်း ဒါပေမယ့် သူမကို winner. မရစေချင်ဘဲ ဒုတိယ တတိယလောက်ပဲရစေချင်တယ်လို့ ပြောသွားခဲ့တာပါ သူမအနေနဲ့ အေးမြဖြူကို ဂီတအနေနဲ့ လွတ်လွတ်လပ်လပ်လုပ်စေချင်ကြောင်း ဖိအားတွေမပိစေလိုတဲ့ အတွက်Winner မဖြစ်စေလိုကြောင်း ပြောသွားခဲ့တာပါ။



ပရိသတ်ကြီးအတွက် ဆိုဖီယာရဲ့ အင်တာဗျူးလေးအပြည့်အစုံကို တင်ဆက်ပေးလိုက်ပါတယ်နော်။

share from: burmese.asia



မှတ်ချက်များ