သင့္အခ်စ္ဆံုးသူငယ္ခ်င္းက သင့္အတြက္ အခ်ိ္န္မေပးႏိုင္တဲ့အခါ လုပ္ႏိုင္တဲ့အရာ (၆)ခု
Zawgyiျဖင့္ဖတ္ရန္
လူေတြက ကိုယ့္အတြက္ အခ်ိန္မေပးႏိုင္တဲ့အခ်ိန္ဆိုတာ ရွိစၿမဲပါ။ အထူးသျဖင့္ သင့္သူငယ္ခ်င္းက အရင္လို သင့္အတြက္ အခ်ိန္မေပးႏိုင္ေတာ့ရင္ ပိုနာက်င္ရပါတယ္။ သူငယ္ခ်င္းပစ္ထားတာက အသည္းကြဲတာထက္ ပိုဆိုးပါတယ္။ အထူးသျဖင့္ FA ဂုဏ္ကို ထိန္းထားတဲ့ သူငယ္ခ်ငး္ႏွစ္ေယာက္မွာ တစ္ေယာက္က ခ်စ္သူရသြားရင္ ဒါမ်ိဳးျဖစ္တတ္ပါတယ္။ ဒီေတာ့ အခင္ဆံုးသူငယ္ခ်င္းက အခ်ိန္မေပးႏိုင္တဲ့အခ်ိန္ ဘာလုပ္ႏိုင္သလဲဆိုေတာ့-
၁။ နားလည္ေပးပါ
ငါသာ သူ႕ေနရာမွာဆိုရင္ သူ႔လို အလုပ္မ်ားတဲ့အခါ ဆိုတဲ့စိတ္ေလးနဲ႔ ကိုယ္စားဝင္ၿပီး နားလည္ေပးလိုက္ပါ။ သူ႕မွာလည္း အလုပ္ေတြ အမ်ားႀကီးရွိလို႔ေနမွာပါ။ ဒီေတာ့ ကိုယ့္သူငယ္ခ်င္း မအားတဲ့အခ်ိန္ နားလည္ေပးၾကည့္ပါ။
၂။ သူအားတဲ့အခ်ိန္ေလးသြားေတြ႕လိုက္ပါ
သူက တအားအလုပ္မ်ားသူဆိုရင္ သူအားတဲ့အခ်ိန္ေလး ကိုယ္က သြားၿပီး ေန႔လည္စာလိုက္စားတာ။ ညစာတူတူစားတာ စတာေတြ လုပ္ႏိုင္ပါတယ္။ ကိုယ့္ဘက္က အေလွ်ာ့ေပးၿပီး သူရွိရာသြားၾကည့္လိုက္ပါ။
၃။ အရင္စေခၚသူ ကိုယ္ပဲျဖစ္ပါေစ
ကိုယ္က သူ႕ကို အရမ္းခင္တယ္ဆိုရင္ အထာကိုင္စရာမလိုပါဘူး။ စေခၚရင္လည္း ကိုယ္ကပဲ စေခၚလိုက္ပါ။ အျပင္သြားမယ္ဆိုရင္လည္း ကိုယ့္ဘက္က အစျပဳၾကည့္ပါ။
၄။ တျခားသူငယ္ခ်င္းေတြနဲ႔ ေလွ်ာက္လည္ပါ
ကိုယ္ခင္ရတဲ့သူငယ္ခ်င္းက ကိုယ့္အတြက္ အခ်ိန္မေပးႏိုင္ေတာ့ရင္ တျခားသူငယ္ခ်င္းေတြနဲ႔ အျပင္ေလွ်ာက္သြားၾကည့္ပါ။
၅။ ကိုယ္က သူ႕အတြက္ အၿမဲရွိမွန္းသူသိပါေစ
သူအလုပ္မ်ားတာက အေၾကာင္းအမ်ိဳးမ်ိဳး ရွိႏိုင္ပါတယ္။ သူလိုအပ္တဲ့အခ်ိန္တိုင္း ကိုယ္က အၿမဲရွိတာ သူသိပါေစ။ သူငယ္ခ်င္းေကာငး္ေတြပဲေလ။
၆။ သူ႕ကိုေျပာျပပါ
သူတကယ္မအားတာလား တမင္ေရွာင္ေနတာလား။ ရွင္းရွင္းလင္းလင္း ေမးသင့္ရင္ေမးပါ။ ဒါမွ ကိုယ္စိတ္ရွင္းသြားမွာပါ။
May Thu Soe
Credit:Aunty May
Unicodeဖြင့်ဖတ်ရန်
သင့်အချစ်ဆုံးသူငယ်ချင်းက သင့်အတွက် အချိန်မပေးနိုင်တဲ့အခါ လုပ်နိုင်တဲ့အရာ (၆)ခု
လူတွေက ကိုယ့်အတွက် အချိန်မပေးနိုင်တဲ့အချိန်ဆိုတာ ရှိစမြဲပါ။ အထူးသဖြင့် သင့်သူငယ်ချင်းက အရင်လို သင့်အတွက် အချိန်မပေးနိုင်တော့ရင် ပိုနာကျင်ရပါတယ်။ သူငယ်ချင်းပစ်ထားတာက အသည်းကွဲတာထက် ပိုဆိုးပါတယ်။ အထူးသဖြင့် FA ဂုဏ်ကို ထိန်းထားတဲ့ သူငယ်ချင်းနှစ်ယောက်မှာ တစ်ယောက်က ချစ်သူရသွားရင် ဒါမျိုးဖြစ်တတ်ပါတယ်။ ဒီတော့ အခင်ဆုံးသူငယ်ချင်းက အချိန်မပေးနိုင်တဲ့အချိန် ဘာလုပ်နိုင်သလဲဆိုတော့-
၁။ နားလည်ပေးပါ
ငါသာ သူ့နေရာမှာဆိုရင် သူ့လို အလုပ်များတဲ့အခါ ဆိုတဲ့စိတ်လေးနဲ့ ကိုယ်စားဝင်ပြီး နားလည်ပေးလိုက်ပါ။ သူ့မှာလည်း အလုပ်တွေ အများကြီးရှိလို့နေမှာပါ။ ဒီတော့ ကိုယ့်သူငယ်ချင်း မအားတဲ့အချိန် နားလည်ပေးကြည့်ပါ။
၂။ သူအားတဲ့အချိန်လေးသွားတွေ့လိုက်ပါ
သူက တအားအလုပ်များသူဆိုရင် သူအားတဲ့အချိန်လေး ကိုယ်က သွားပြီး နေ့လည်စာလိုက်စားတာ။ ညစာတူတူစားတာ စတာတွေ လုပ်နိုင်ပါတယ်။ ကိုယ့်ဘက်က အလျှော့ပေးပြီး သူရှိရာသွားကြည့်လိုက်ပါ။
၃။ အရင်စခေါ်သူ ကိုယ်ပဲဖြစ်ပါစေ
ကိုယ်က သူ့ကို အရမ်းခင်တယ်ဆိုရင် အထာကိုင်စရာမလိုပါဘူး။ စခေါ်ရင်လည်း ကိုယ်ကပဲ စခေါ်လိုက်ပါ။ အပြင်သွားမယ်ဆိုရင်လည်း ကိုယ့်ဘက်က အစပြုကြည့်ပါ။
၄။ တခြားသူငယ်ချင်းတွေနဲ့ လျှောက်လည်ပါ
ကိုယ်ခင်ရတဲ့သူငယ်ချင်းက ကိုယ့်အတွက် အချိန်မပေးနိုင်တော့ရင် တခြားသူငယ်ချင်းတွေနဲ့ အပြင်လျှောက်သွားကြည့်ပါ။
၅။ ကိုယ်က သူ့အတွက် အမြဲရှိမှန်းသူသိပါစေ
သူအလုပ်များတာက အကြောင်းအမျိုးမျိုး ရှိနိုင်ပါတယ်။ သူလိုအပ်တဲ့အချိန်တိုင်း ကိုယ်က အမြဲရှိတာ သူသိပါစေ။ သူငယ်ချင်းကောင်းတွေပဲလေ။
၆။ သူ့ကိုပြောပြပါ
သူတကယ်မအားတာလား တမင်ရှောင်နေတာလား။ ရှင်းရှင်းလင်းလင်း မေးသင့်ရင်မေးပါ။ ဒါမှ ကိုယ်စိတ်ရှင်းသွားမှာပါ။
May Thu Soe
Credit:Aunty May


မှတ်ချက်များ