သင့္ဘဝထဲမွာ မထားသင့္တဲ့ သင့္ကို ကံမေကာင္းေစမယ့္ လူ (၅) မ်ိဳး


Zawgyiျဖင့္ဖတ္ရန္

လူရယ္လို႔ ျဖစ္လာရင္ လူမ်ိဳးစံုနဲ႔ ႀကံဳရမွာပါ။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ရဲ႕ ကိုယ္ပိုင္ဘဝေလးထဲမွာေတာ့ ကိုယ္နဲ႔ ထပ္တူၾကတဲ့သူေတြကိုသာ ထားသင့္ပါတယ္ေနာ္။ မိတ္ေဆြစစ္ မိတ္ေဆြမွန္ဆိုတာ ခြဲရခက္ပါတယ္။ ဒါေပမယ့္ ေၾကာင္ၾကာၾကာ ေရမငုပ္ႏိုင္ပါဘူး။ မိတ္ေဆြတုမွန္း တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္မွာ သိရတာပါပဲ။ သိတာနဲ႔ သင့္ဘဝထဲ ဆက္မထားသင့္ေတာ့ပါဘူး။ မိတ္ေဆြတုေတြဆိုတာ ကိုယ့္ကို ပ်က္စီးရာ ပ်က္စီးေၾကာင္းအတြက္ပဲ လုပ္တာ ျဖစ္တဲ့အတြက္ သင့္ဘဝထဲ ထားလည္း သင္ပဲ ဆံုးရံႈးရမွာပါ။ ဒါေၾကာင့္ ဘယ္လိုလူမ်ိဳးေတြကို သတိထားသင့္လဲ သိထားသင့္ပါတယ္ေနာ္…

(၁) သင့္အေၾကာင္း အတင္းေျပာတတ္သူ

လူတိုင္း တစ္ျခားတစ္ေယာက္အေၾကာင္းကို ကြယ္ရာမွာ ေျပာေလ့ရွိပါတယ္။ အတင္းဆိုတာကေတာ့ ဆိုးတာမ်ိဳးကို ေျပာေလ့ရွိတာပါ။ သင့္ ျပစ္တင္ခံရႏိုင္တဲ့ အေၾကာင္းအရာေတြကို သင့္ကြယ္ရာမွာ ျပန္ေျပာတတ္တဲ့သူဆိုရင္ သတိထားသင့္ပါၿပီ။ တစ္ေယာက္ ကိုယ္ေရးကိုယ္တာကို ေလးစားရတာမွာက မိတ္ေဆြေတြရဲ႕ အလုပ္ပါ။ ဒါကို ျဖန္႔ျဖဴးေနတယ္ ဆိုရင္ေတာ့ လူေပါင္းမ်ားစြာကို သူ သင့္အေၾကာင္း လိုက္ေျပာေနမွာ က်ိန္းေသပါတယ္။ ဒီလိုလူမ်ိဳးက သင့္ကို ဘယ္ေတာ့မွ အေကာင္းျမင္မွာ မဟုတ္တဲ့အတြက္ သင့္ဘဝထဲမွာ ဆက္မထားသင့္ပါဘူး။

(၂) ဟန္ေဆာင္ဆက္ဆံသူ

အသက္ႀကီးလာေလေလ လူေတြနဲ႔ ပိုသိလာေလေလပါပဲ။ အဲ့သည့္ လူေတြထဲမွာမွ မ်က္ႏွာဖံုးစြပ္ထားတဲ့ လူေတြနဲ႔လည္း ေတြ႔မွာပါ။ သင့္ကို ေရွ႕တစ္မ်ိဳး ကြယ္ရာတစ္မ်ိဳး ဆက္ဆံတတ္တဲ့သူေတြပါ။ သင့္အေပၚ ေကာင္းတဲ့ မိတ္ေဆြစစ္ မိတ္ေဆြမွန္ဆို မလိုအပ္ပဲ ဟန္မေဆာင္ၾကပါဘူး။ ဟန္ေဆာင္ၿပီး အေပၚယံ ဆက္ဆံတတ္တဲ့သူေတြကိုေတာ့ အေပၚယံပဲ ျပန္ဆက္ဆံၿပီး သင့္ဘဝထဲမွာ မထားသင့္ပါဘူး။

(၃) ဖိႏွိပ္ျပစ္တင္သူ

သင့္ကို အျမဲ အသံုးမက်ဘူး၊ မင္းက အျမဲ တလြဲလုပ္တယ္ မင္းလုပ္တာ ဟုတ္မွမဟုတ္တာ စသျဖင့္ သင့္အေပၚ ဘယ္ေတာ့မွ အေကာင္းမျမင္ပဲ ျပစ္တင္ႀကိမ္းေမာင္းေနတဲ့သူေတြက သင့္ကို ဘယ္ေတာ့မွ အားေပးမွာ မဟုတ္ပါဘူး။ မိတ္ေဆြစစ္မိတ္ေဆြမွန္ဆိုတာ သင့္ကို အျမဲ ျပစ္တင္မေနပါဘူး။ သင္ မွားေနတဲ့အခါ သင့္ကို ေဝဖန္ၿပီး သင္အားနည္းေနတဲ့ အခ်ိန္ အားေပးတတ္သူပါ။

(၄) ေျမွာက္ပင့္သူ

သင့္ကို တစ္ခ်ိန္လံုး ေျမွာက္ပင့္ေျပာဆိုေနတာကလည္း သဘာဝ မက်ပါဘူး။ သင့္ကို အေကာင္းခ်ည္းပဲ ေျပာၿပီး လုပ္ ခ် စသျဖင့္ ေျမွာက္ေပးတတ္သူက သင့္အက်ိဳးကို တကယ္လိုလားသူ မဟုတ္ပါဘူး။ သင့္ကို ျဖစ္ခ်င္ရာျဖစ္ဆိုၿပီး သင့္အလိုက် လိုက္ေျမွာက္ေပးၿပီး သင္ ဒုကၡေရာက္တဲ့အခါ မသိခ်င္ေယာင္ေဆာင္ေနမယ့္သူေတြပါ။

(၅) ကုန္းေခ်ာသူ

သူငယ္ခ်င္းေတြထဲမွာ ဒီလိုလူရွိရင္ သူငယ္ခ်င္းအခ်င္းခ်င္း ခဏခဏ အဆင္မေျပျဖစ္ေနရမွာပါ။ တစ္ေယာက္ကြယ္ရာမွာ က်န္သူေတြကို ကုန္းတိုက္ၿပီး သူကပဲ ေကာင္းေနသလိုလိုနဲ႔ လုပ္တတ္တဲ့သူေတြက သိပ္ရြံစရာေကာင္းပါတယ္ေနာ္။ အေပါင္းအသင္းေတြၾကား မယံုၾကည္မႈေတြ တိုးၿပီး စည္းစည္းလံုးလံုး မရွိေအာင္ လုပ္ၿပီး လူအားလံုးနဲ႔ သူပဲ အဆင္ေျပေအာင္ လုပ္ထားတတ္သူမ်ိဳးကို သတိထားမိတာနဲ႔ အဆက္အသြယ္ျဖတ္လိုက္သင့္ပါတယ္ေနာ္

အေပါင္းအသင္းမိတ္ေဆြဆိုတာ ဆိုးတူေကာင္းဖက္ ဘဝကို အတူျဖတ္သန္းၾကတဲ့သူေတြပါ။ အခုေျပာခဲ့တဲ့လူမ်ိဳးေတြကေတာ့ အခက္အခဲႀကံဳတဲ့အခ်ိန္ သင့္အတြက္ ရွိေနမွာ မဟုတ္သလုိ ပံုမွန္ အခ်ိန္ေတြမွာလည္း သင့္ကို တစ္နည္းနည္းနဲ႔ စိတ္အေႏွာင့္အယွက္ေပးေနတတ္လို႔ အဆင္မေျပမႈေတြ အျမဲႀကံဳေနရမွာပါ။ ဒါေၾကာင့္ သင့္ဘဝထဲ ဒီလိုလူမ်ိဳးေတြ မရွိပါေစနဲ႔ေနာ္……

Written by Kham

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

သင့်ဘဝထဲမှာ မထားသင့်တဲ့ သင့်ကို ကံမကောင်းစေမယ့် လူ (၅) မျိုး

လူရယ်လို့ ဖြစ်လာရင် လူမျိုးစုံနဲ့ ကြုံရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဘဝလေးထဲမှာတော့ ကိုယ်နဲ့ ထပ်တူကြတဲ့သူတွေကိုသာ ထားသင့်ပါတယ်နော်။ မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာ ခွဲရခက်ပါတယ်။ ဒါပေမယ့် ကြောင်ကြာကြာ ရေမငုပ်နိုင်ပါဘူး။ မိတ်ဆွေတုမှန်း တစ်ချိန်မဟုတ် တစ်ချိန်မှာ သိရတာပါပဲ။ သိတာနဲ့ သင့်ဘဝထဲ ဆက်မထားသင့်တော့ပါဘူး။ မိတ်ဆွေတုတွေဆိုတာ ကိုယ့်ကို ပျက်စီးရာ ပျက်စီးကြောင်းအတွက်ပဲ လုပ်တာ ဖြစ်တဲ့အတွက် သင့်ဘဝထဲ ထားလည်း သင်ပဲ ဆုံးရှုံးရမှာပါ။ ဒါကြောင့် ဘယ်လိုလူမျိုးတွေကို သတိထားသင့်လဲ သိထားသင့်ပါတယ်နော်…

(၁) သင့်အကြောင်း အတင်းပြောတတ်သူ

လူတိုင်း တစ်ခြားတစ်ယောက်အကြောင်းကို ကွယ်ရာမှာ ပြောလေ့ရှိပါတယ်။ အတင်းဆိုတာကတော့ ဆိုးတာမျိုးကို ပြောလေ့ရှိတာပါ။ သင့် ပြစ်တင်ခံရနိုင်တဲ့ အကြောင်းအရာတွေကို သင့်ကွယ်ရာမှာ ပြန်ပြောတတ်တဲ့သူဆိုရင် သတိထားသင့်ပါပြီ။ တစ်ယောက် ကိုယ်ရေးကိုယ်တာကို လေးစားရတာမှာက မိတ်ဆွေတွေရဲ့ အလုပ်ပါ။ ဒါကို ဖြန့်ဖြူးနေတယ် ဆိုရင်တော့ လူပေါင်းများစွာကို သူ သင့်အကြောင်း လိုက်ပြောနေမှာ ကျိန်းသေပါတယ်။ ဒီလိုလူမျိုးက သင့်ကို ဘယ်တော့မှ အကောင်းမြင်မှာ မဟုတ်တဲ့အတွက် သင့်ဘဝထဲမှာ ဆက်မထားသင့်ပါဘူး။

(၂) ဟန်ဆောင်ဆက်ဆံသူ

အသက်ကြီးလာလေလေ လူတွေနဲ့ ပိုသိလာလေလေပါပဲ။ အဲ့သည့် လူတွေထဲမှာမှ မျက်နှာဖုံးစွပ်ထားတဲ့ လူတွေနဲ့လည်း တွေ့မှာပါ။ သင့်ကို ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး ဆက်ဆံတတ်တဲ့သူတွေပါ။ သင့်အပေါ် ကောင်းတဲ့ မိတ်ဆွေစစ် မိတ်ဆွေမှန်ဆို မလိုအပ်ပဲ ဟန်မဆောင်ကြပါဘူး။ ဟန်ဆောင်ပြီး အပေါ်ယံ ဆက်ဆံတတ်တဲ့သူတွေကိုတော့ အပေါ်ယံပဲ ပြန်ဆက်ဆံပြီး သင့်ဘဝထဲမှာ မထားသင့်ပါဘူး။

(၃) ဖိနှိပ်ပြစ်တင်သူ

သင့်ကို အမြဲ အသုံးမကျဘူး၊ မင်းက အမြဲ တလွဲလုပ်တယ် မင်းလုပ်တာ ဟုတ်မှမဟုတ်တာ စသဖြင့် သင့်အပေါ် ဘယ်တော့မှ အကောင်းမမြင်ပဲ ပြစ်တင်ကြိမ်းမောင်းနေတဲ့သူတွေက သင့်ကို ဘယ်တော့မှ အားပေးမှာ မဟုတ်ပါဘူး။ မိတ်ဆွေစစ်မိတ်ဆွေမှန်ဆိုတာ သင့်ကို အမြဲ ပြစ်တင်မနေပါဘူး။ သင် မှားနေတဲ့အခါ သင့်ကို ဝေဖန်ပြီး သင်အားနည်းနေတဲ့ အချိန် အားပေးတတ်သူပါ။

(၄) မြှောက်ပင့်သူ

သင့်ကို တစ်ချိန်လုံး မြှောက်ပင့်ပြောဆိုနေတာကလည်း သဘာဝ မကျပါဘူး။ သင့်ကို အကောင်းချည်းပဲ ပြောပြီး လုပ် ချ စသဖြင့် မြှောက်ပေးတတ်သူက သင့်အကျိုးကို တကယ်လိုလားသူ မဟုတ်ပါဘူး။ သင့်ကို ဖြစ်ချင်ရာဖြစ်ဆိုပြီး သင့်အလိုကျ လိုက်မြှောက်ပေးပြီး သင် ဒုက္ခရောက်တဲ့အခါ မသိချင်ယောင်ဆောင်နေမယ့်သူတွေပါ။

(၅) ကုန်းချောသူ

သူငယ်ချင်းတွေထဲမှာ ဒီလိုလူရှိရင် သူငယ်ချင်းအချင်းချင်း ခဏခဏ အဆင်မပြေဖြစ်နေရမှာပါ။ တစ်ယောက်ကွယ်ရာမှာ ကျန်သူတွေကို ကုန်းတိုက်ပြီး သူကပဲ ကောင်းနေသလိုလိုနဲ့ လုပ်တတ်တဲ့သူတွေက သိပ်ရွံစရာကောင်းပါတယ်နော်။ အပေါင်းအသင်းတွေကြား မယုံကြည်မှုတွေ တိုးပြီး စည်းစည်းလုံးလုံး မရှိအောင် လုပ်ပြီး လူအားလုံးနဲ့ သူပဲ အဆင်ပြေအောင် လုပ်ထားတတ်သူမျိုးကို သတိထားမိတာနဲ့ အဆက်အသွယ်ဖြတ်လိုက်သင့်ပါတယ်နော်

အပေါင်းအသင်းမိတ်ဆွေဆိုတာ ဆိုးတူကောင်းဖက် ဘဝကို အတူဖြတ်သန်းကြတဲ့သူတွေပါ။ အခုပြောခဲ့တဲ့လူမျိုးတွေကတော့ အခက်အခဲကြုံတဲ့အချိန် သင့်အတွက် ရှိနေမှာ မဟုတ်သလို ပုံမှန် အချိန်တွေမှာလည်း သင့်ကို တစ်နည်းနည်းနဲ့ စိတ်အနှောင့်အယှက်ပေးနေတတ်လို့ အဆင်မပြေမှုတွေ အမြဲကြုံနေရမှာပါ။ ဒါကြောင့် သင့်ဘဝထဲ ဒီလိုလူမျိုးတွေ မရှိပါစေနဲ့နော်……

Written by Kham

Credit:Aunty May

မှတ်ချက်များ