ကိုယ့္အိမ္ေထာင္ဖက္ လက္တြဲေဖာ္ကို လံုးဝမလိမ္ညာသင့္တဲ့ အေၾကာင္းရင္း (၄)ခ်က္
Zawgyiျဖင့္ဖတ္ရန္
လိမ္တယ္ဆိုတာ ဘယ္လိုအေၾကာင္းေၾကာင့္ပဲလိမ္လိမ္ မေကာင္းတဲ့ အရာတစ္ခုသာျဖစ္ပါတယ္။ အထူးသျဖင့္ ယံုၾကည္မႈကိုအေျခခံတည္ေဆာက္ထားတဲ့ အခ်စ္ေရး၊ အိမ္ေထာင္ေရးတစ္ခုမွာ တစ္ေယာက္နဲ႕တစ္ေယာက္ လံုးဝမလိမ္သင့္ပါဘူး။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ ကိုယ့္ရဲ႕ ခ်စ္သူ၊ အိမ္ေထာင္ဖက္ကို လိမ္ညာျခင္းေၾကာင့္ ဒီလိုဆိုးက်ိဳးေတြျဖစ္လာနိုင္ပါတယ္။
(၁) ယံုၾကည္မႈပ်က္စီးသြားမယ္
အခ်စ္ေရး၊ အိမ္ေထာင္ေရးဆိုတာ ယံုၾကည္မႈနဲ႕ တည္ေဆာက္ထားၾကတာပါ။ ကိုယ္လိမ္တာကို သူသိသြားတာပဲျဖစ္ျဖစ္၊ သူလိမ္တာကို သူသိသြားတာပဲျဖစ္ျဖစ္ ဘယ္ဟာမွမေကာင္းပါဘူး။ ယံုၾကည္မႈက တစ္ခါပ်က္စီးသြားရင္ အေကာင္းအတိုင္းျပန္မျဖစ္နိုင္ေတာ့ဘဲ သံသယေတြနဲ႕ မြန္းၾကပ္လာနိုင္ပါတယ္။
(၂) အျပန္အလွန္ေလးစားမႈမရွိနိုင္ေတာ့ဘူး
ဘယ္သူမဆို ကိုယ္ယံုၾကည္ရတဲ့သူကိုမွ ေလးစားမႈဆိုတာ ထားနိုင္တာျဖစ္ပါတယ္။ ခ်စ္သူေတြ၊ အိမ္ေထာင္ဖက္ေတြ တစ္ေယာက္နဲ႕တစ္ေယာက္ အျပန္အလွန္ ယံုၾကည္မႈေလ်ာ့နည္းလာတဲ့အခါ၊ သံသယေတြျဖစ္လာတဲ့အခါ သူေရာကိုယ္ပါ အျပန္အလွန္ေလးစားမႈ မရွိနိုင္ေတာ့ပါဘူး။ ေလးစားမႈမရွိၾကတဲ့ ဆက္ဆံေရးက ေရရွည္မွာလည္း အဆင္မေျပနိုင္ပါဘူး။
(၃) ကေလးေတြအတြက္ စံျပမျဖစ္နိုင္ေတာ့ဘူး
အလိမ္အညာတစ္ခုက တစ္သက္လံုးဖံုးထားဖို႕ သိပ္ေတာ့မျဖစ္နိုင္ပါဘူး။ ကိုယ့္ရဲ႕ အလိမ္အညာေတြကို တစ္ဖက္က ခ်စ္လို႕ပဲျဖစ္ျဖစ္ ခြင့္လႊတ္ေပးလိုက္မယ္ဆိုရင္ေတာင္ ကိုယ့္ကေလးေတြက တစ္နည္းနည္းနဲ႕ သိသြားတဲ့အခါ ဒီတစ္ခ်က္နဲ႕တင္ ကေလးေတြရဲ႕ စံျပအျဖစ္ ေလးစားခံရေတာ့မွာမဟုတ္ပါဘူး။
(၄) နွစ္ေယာက္သားဆက္ဆံေရးအဆံုးသတ္တဲ့အထိျဖစ္နိုင္တယ္
အလိမ္အညာတစ္ခုကေန နွစ္ခုထပ္လာျပီး အယံုအၾကည္ပ်က္လာတဲ့အခါ နွစ္ေယာက္သားရဲ႕ ဆက္ဆံေရးကလည္း အပ်က္အပ်က္နဲ႕ ႏွာေခါင္းေသြးထြက္လာျပီး ဆက္ဆံေရးအဆံုးသတ္တဲ့အထိျဖစ္သြားနိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕ ခ်စ္သူ၊ လက္တြဲေဖာ္ကို ဘာအေၾကာင္းနဲ႕မွ မလိမ္ညာဘဲ အရိုးသားဆံုးလက္တြဲနိုင္ေအာင္ၾကိဳးစားသင့္ပါတယ္။
RAY
Credit:Aunty May
Unicodeဖြင့်ဖတ်ရန်
ကိုယ့်အိမ်ထောင်ဖက် လက်တွဲဖော်ကို လုံးဝမလိမ်ညာသင့်တဲ့ အကြောင်းရင်း (၄)ချက်
လိမ်တယ်ဆိုတာ ဘယ်လိုအကြောင်းကြောင့်ပဲလိမ်လိမ် မကောင်းတဲ့ အရာတစ်ခုသာဖြစ်ပါတယ်။ အထူးသဖြင့် ယုံကြည်မှုကိုအခြေခံတည်ဆောက်ထားတဲ့ အချစ်ရေး၊ အိမ်ထောင်ရေးတစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် လုံးဝမလိမ်သင့်ပါဘူး။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကိုယ့်ရဲ့ ချစ်သူ၊ အိမ်ထောင်ဖက်ကို လိမ်ညာခြင်းကြောင့် ဒီလိုဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။
(၁) ယုံကြည်မှုပျက်စီးသွားမယ်
အချစ်ရေး၊ အိမ်ထောင်ရေးဆိုတာ ယုံကြည်မှုနဲ့ တည်ဆောက်ထားကြတာပါ။ ကိုယ်လိမ်တာကို သူသိသွားတာပဲဖြစ်ဖြစ်၊ သူလိမ်တာကို သူသိသွားတာပဲဖြစ်ဖြစ် ဘယ်ဟာမှမကောင်းပါဘူး။ ယုံကြည်မှုက တစ်ခါပျက်စီးသွားရင် အကောင်းအတိုင်းပြန်မဖြစ်နိုင်တော့ဘဲ သံသယတွေနဲ့ မွန်းကြပ်လာနိုင်ပါတယ်။
(၂) အပြန်အလှန်လေးစားမှုမရှိနိုင်တော့ဘူး
ဘယ်သူမဆို ကိုယ်ယုံကြည်ရတဲ့သူကိုမှ လေးစားမှုဆိုတာ ထားနိုင်တာဖြစ်ပါတယ်။ ချစ်သူတွေ၊ အိမ်ထောင်ဖက်တွေ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ယုံကြည်မှုလျော့နည်းလာတဲ့အခါ၊ သံသယတွေဖြစ်လာတဲ့အခါ သူရောကိုယ်ပါ အပြန်အလှန်လေးစားမှု မရှိနိုင်တော့ပါဘူး။ လေးစားမှုမရှိကြတဲ့ ဆက်ဆံရေးက ရေရှည်မှာလည်း အဆင်မပြေနိုင်ပါဘူး။
(၃) ကလေးတွေအတွက် စံပြမဖြစ်နိုင်တော့ဘူး
အလိမ်အညာတစ်ခုက တစ်သက်လုံးဖုံးထားဖို့ သိပ်တော့မဖြစ်နိုင်ပါဘူး။ ကိုယ့်ရဲ့ အလိမ်အညာတွေကို တစ်ဖက်က ချစ်လို့ပဲဖြစ်ဖြစ် ခွင့်လွှတ်ပေးလိုက်မယ်ဆိုရင်တောင် ကိုယ့်ကလေးတွေက တစ်နည်းနည်းနဲ့ သိသွားတဲ့အခါ ဒီတစ်ချက်နဲ့တင် ကလေးတွေရဲ့ စံပြအဖြစ် လေးစားခံရတော့မှာမဟုတ်ပါဘူး။
(၄) နှစ်ယောက်သားဆက်ဆံရေးအဆုံးသတ်တဲ့အထိဖြစ်နိုင်တယ်
အလိမ်အညာတစ်ခုကနေ နှစ်ခုထပ်လာပြီး အယုံအကြည်ပျက်လာတဲ့အခါ နှစ်ယောက်သားရဲ့ ဆက်ဆံရေးကလည်း အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်လာပြီး ဆက်ဆံရေးအဆုံးသတ်တဲ့အထိဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ချစ်သူ၊ လက်တွဲဖော်ကို ဘာအကြောင်းနဲ့မှ မလိမ်ညာဘဲ အရိုးသားဆုံးလက်တွဲနိုင်အောင်ကြိုးစားသင့်ပါတယ်။
RAY
Credit:Aunty May


မှတ်ချက်များ