ဒုတ္ထိုးအိုးေပါက္ ေျပာတတ္တဲ့ ေကာင္မေလးေတြရဲ႕ စိတ္ေနစိတ္ထားနဲ႔ အရည္အခ်င္းမ်ား


Zawgyiျဖင့္ဖတ္ရန္

မိန္းကေလးျဖစ္ၿပီး မႏူးညံ့ဘူး။ စကားေျပာတာကလည္း ဒုတ္ထိုးအိုးေပါက္နဲ႔ ဆိုၿပီး မၾကာခဏ ၾကားေနရေတာ့တာပဲ။ တကယ္ေတာ့ သူတို႔ေတြကမွ အမွန္ လူေကာင္းေလးေတြ ျဖစ္ပါတယ္။ စိတ္ထားက ရိုးရွင္းလြန္းလို႔ ဒုတ္ထိုးအိုးေပါက္ေလးေတြ ျဖစ္ေနတာပါ။ အေျပာခ်ိဳခ်ိဳေလးေတြက ပိုေၾကာက္ဖို႔ေကာင္းတာ သိတယ္မလား။ ကဲ အခုေတာ့ ဒုတ္ထိုးအိုးေပါက္ေလးေတြရဲ႕ စိတ္သေဘာထားေတြနဲ႔ သူတို႔မွာ ရွိတဲ့ အရည္အခ်င္းေလးေတြကို အတူတူ ၾကည့္ရေအာင္…

(၁) မကြယ္ဝွက္ဘူး

ဒီေကာင္မေလးေတြက စိတ္ထဲ အရွိအရွိအတိုင္း ေျပာတတ္ၾကပါတယ္။ ဒါက ရိုင္းတယ္လို႔ မယူဆသင့္ပါဘူးေနာ္။ သူတို႔က ဟန္မေဆာင္တတ္သလို စိတ္ထဲ ကြယ္ဝွက္ထားၿပီး အေပၚယံ သကာရည္ေလာင္းတဲ့ စကားေတြ မေျပာတတ္လို႔ပါ။ ဟန္ေဆာင္ၿပီး ေျပာရတာကို မရိုးသားဘူးလို႔ လက္ခံထားၾကတဲ့သူေတြလည္း ျဖစ္ပါတယ္။

(၂) မေကာက္က်စ္တတ္ဘူး။

ဘြင္းဘြင္းပဲ  ေျပာတတ္တဲ့သူေတြမို႔ မေက်နပ္လည္း မေက်နပ္တဲ့အတိုင္း ေပၚတင္ပဲ ေျပာတတ္ၾကတာပါ။ အတြင္းစိတ္ထဲ ေကာက္က်စ္ၿပီး သူမ်ားကို ဒုကၡေပးဖို႔ ႀကံေနတာမ်ိဳး သူတို႔ ဘယ္ေတာ့မွ မလုပ္တတ္ၾကပါဘူး။ အဲ့လို ေကာက္က်စ္တာကိုလည္း မႏွစ္ၿမိဳ႕ၾကပါဘူး။ ဒါေၾကာင့္ တစ္ေယာက္ေယာက္ကို ဒုကၡေပးေတာ့မယ္ ဆိုတာ သူတို႔ သိသြားရင္လည္း ေဖာ္ေကာင္ လုပ္တတ္ၾကပါေသးတယ္။

(၃) ရိုးသားတယ္

သူတို႔ အျမဲ လက္ကိုင္ထားတာက ရိုးသားမႈဂုဏ္ပါ။ “ငါက အေျပာဆိုးတယ္ ဒါေပမဲ့ မေကာင္းတာ မလုပ္ဘူး ရိုးသားတယ္” ဆိုတာမ်ိဳးကို လက္ကိုင္ထားသူေတြ ျဖစ္ပါတယ္။ ရိုးသားေပမဲ့ လူလည္ေတြလည္း ျဖစ္ပါတယ္။ သူမ်ား သူတို႔အေပၚ မရိုးမသား လာလုပ္လို႔ကို မရေအာင္ လည္ၾကပါတယ္။

(၄) ပြင့္လင္းတယ္။ လူခ်စ္လူခင္ ေပါတယ္။

စကားဆို အျမဲ ပြင့္ပြင့္လင္းလင္း ေျပာတတ္ၾကသူေတြပါ။ ႀကိဳက္တယ္ဆို ႀကိဳက္တယ္ မႀကိဳက္ဘူးဆို မႀကိဳက္ဘူး ေျပာတတ္ၾကဘူး။ ေကြ႔ဝိုက္ေျပာတာေတြကုိ မႀကိဳက္သလို စိတ္လည္း မရွည္ပါဘူး။ သူတို႔ရဲ႕ ပြင့္လင္းမႈေၾကာင့္ သူတို႔ ဘယ္ေလာက္ရိုးသားတယ္ဆိုတာ လူေတြက သိေနလို႔ ေရာက္ေလရာ လူခ်စ္လူခင္ ေပါၾကပါတယ္။

(၅) ေပါင္းသင္းဆက္ဆံေရးေကာင္းတယ္

စကားေတြ ဒုတ္ထိုးအိုးေပါက္ ေျပာတယ္ ဆိုၿပီး သြားအထင္ေသးလို႔ေတာ့ မရဘူး။ ေပါင္းသင္းဆက္ဆံေရးမွာ သူတို႔က ဆရာတစ္ဆူ ပါ။ အရွိအရွိတိုင္း ေနတတ္လို႔ ေျပာတတ္လို႔ လူေတြဆီက ယံုၾကည္မႈကို လြယ္လြယ္ရၾကသူေတြပါ။ သူတို႔ရဲ႕ ပံုစံေၾကာင့္ လူေတြက သူတို႔ကို ခ်စ္ၾကခင္ၾကပါတယ္။ အတြင္းစိတ္ပုတ္ၿပီး အေျပာခ်ိဳတဲ့သူေတြကေတာ့ ခၽြင္းခ်က္ေပါ့ 😀

Written by Kham

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

ဒုတ်ထိုးအိုးပေါက် ပြောတတ်တဲ့ ကောင်မလေးတွေရဲ့ စိတ်နေစိတ်ထားနဲ့ အရည်အချင်းများ

မိန်းကလေးဖြစ်ပြီး မနူးညံ့ဘူး။ စကားပြောတာကလည်း ဒုတ်ထိုးအိုးပေါက်နဲ့ ဆိုပြီး မကြာခဏ ကြားနေရတော့တာပဲ။ တကယ်တော့ သူတို့တွေကမှ အမှန် လူကောင်းလေးတွေ ဖြစ်ပါတယ်။ စိတ်ထားက ရိုးရှင်းလွန်းလို့ ဒုတ်ထိုးအိုးပေါက်လေးတွေ ဖြစ်နေတာပါ။ အပြောချိုချိုလေးတွေက ပိုကြောက်ဖို့ကောင်းတာ သိတယ်မလား။ ကဲ အခုတော့ ဒုတ်ထိုးအိုးပေါက်လေးတွေရဲ့ စိတ်သဘောထားတွေနဲ့ သူတို့မှာ ရှိတဲ့ အရည်အချင်းလေးတွေကို အတူတူ ကြည့်ရအောင်…

(၁) မကွယ်ဝှက်ဘူး

ဒီကောင်မလေးတွေက စိတ်ထဲ အရှိအရှိအတိုင်း ပြောတတ်ကြပါတယ်။ ဒါက ရိုင်းတယ်လို့ မယူဆသင့်ပါဘူးနော်။ သူတို့က ဟန်မဆောင်တတ်သလို စိတ်ထဲ ကွယ်ဝှက်ထားပြီး အပေါ်ယံ သကာရည်လောင်းတဲ့ စကားတွေ မပြောတတ်လို့ပါ။ ဟန်ဆောင်ပြီး ပြောရတာကို မရိုးသားဘူးလို့ လက်ခံထားကြတဲ့သူတွေလည်း ဖြစ်ပါတယ်။

(၂) မကောက်ကျစ်တတ်ဘူး။

ဘွင်းဘွင်းပဲ  ပြောတတ်တဲ့သူတွေမို့ မကျေနပ်လည်း မကျေနပ်တဲ့အတိုင်း ပေါ်တင်ပဲ ပြောတတ်ကြတာပါ။ အတွင်းစိတ်ထဲ ကောက်ကျစ်ပြီး သူများကို ဒုက္ခပေးဖို့ ကြံနေတာမျိုး သူတို့ ဘယ်တော့မှ မလုပ်တတ်ကြပါဘူး။ အဲ့လို ကောက်ကျစ်တာကိုလည်း မနှစ်မြို့ကြပါဘူး။ ဒါကြောင့် တစ်ယောက်ယောက်ကို ဒုက္ခပေးတော့မယ် ဆိုတာ သူတို့ သိသွားရင်လည်း ဖော်ကောင် လုပ်တတ်ကြပါသေးတယ်။

(၃) ရိုးသားတယ်

သူတို့ အမြဲ လက်ကိုင်ထားတာက ရိုးသားမှုဂုဏ်ပါ။ “ငါက အပြောဆိုးတယ် ဒါပေမဲ့ မကောင်းတာ မလုပ်ဘူး ရိုးသားတယ်” ဆိုတာမျိုးကို လက်ကိုင်ထားသူတွေ ဖြစ်ပါတယ်။ ရိုးသားပေမဲ့ လူလည်တွေလည်း ဖြစ်ပါတယ်။ သူများ သူတို့အပေါ် မရိုးမသား လာလုပ်လို့ကို မရအောင် လည်ကြပါတယ်။

(၄) ပွင့်လင်းတယ်။ လူချစ်လူခင် ပေါတယ်။

စကားဆို အမြဲ ပွင့်ပွင့်လင်းလင်း ပြောတတ်ကြသူတွေပါ။ ကြိုက်တယ်ဆို ကြိုက်တယ် မကြိုက်ဘူးဆို မကြိုက်ဘူး ပြောတတ်ကြဘူး။ ကွေ့ဝိုက်ပြောတာတွေကို မကြိုက်သလို စိတ်လည်း မရှည်ပါဘူး။ သူတို့ရဲ့ ပွင့်လင်းမှုကြောင့် သူတို့ ဘယ်လောက်ရိုးသားတယ်ဆိုတာ လူတွေက သိနေလို့ ရောက်လေရာ လူချစ်လူခင် ပေါကြပါတယ်။

(၅) ပေါင်းသင်းဆက်ဆံရေးကောင်းတယ်

စကားတွေ ဒုတ်ထိုးအိုးပေါက် ပြောတယ် ဆိုပြီး သွားအထင်သေးလို့တော့ မရဘူး။ ပေါင်းသင်းဆက်ဆံရေးမှာ သူတို့က ဆရာတစ်ဆူ ပါ။ အရှိအရှိတိုင်း နေတတ်လို့ ပြောတတ်လို့ လူတွေဆီက ယုံကြည်မှုကို လွယ်လွယ်ရကြသူတွေပါ။ သူတို့ရဲ့ ပုံစံကြောင့် လူတွေက သူတို့ကို ချစ်ကြခင်ကြပါတယ်။ အတွင်းစိတ်ပုတ်ပြီး အပြောချိုတဲ့သူတွေကတော့ ချွင်းချက်ပေါ့ 😀

Written by Kham

Credit:Aunty May

မှတ်ချက်များ