YBS 76 ေပၚမွာ တို႔ေဆးမိၿပီး ပစ္မွတ္ထားခံရတဲ့ သမီးေလး သတိကပ္ၿပီး ဥာဏ္ ေကာင္းခဲ့လို႔ လြတ္ေျမာက္ခဲ့ရ


Zawgyiျဖင့္ဖတ္ရန္

ဒီေန႔ ႐ုံးကအျပန္ ၇၆ စီးရင္း ေနရာမရလို့ မတ္တပ္ရပ္ေနခဲ့တာ ကိုယ္‌ကေတာ့ နားၾကပ္ေလးတပ္ပီး သီခ်င္းေလးနားေထာင္ေနတာေပါ့

ေနာက္ေတာ့ ကားက အရမ္းၾကပ္လာေတာ့ အက်ီအနီ၀တ္ထားတဲ့မိန္းမတေယာက္က ကိုယ့္အေနာက္မွာ အရမ္းကပ္ပီးလာရပ္ေနတယ္ ကိုယ္ကလဲ

ေအာ္ မိန္းမပဲ့ဆိုပီးဘာမွမေျပာဘဲ ဒီတိုင္းေနေနလိုက္တယ္

ခဏၾကာေတာ့ (ဒူးအေကြး)နားကေန ဆက္ကနဲ

ဆူးသလိုျဖစ္သြားတယ္ အဲ့အထိ ကိုယ္က ဒီတိုင္း ဘာမွမျဖစ္ပါဖူးလို့ထင္ခဲ့ဝာာ သိပ္မၾကာဖူး ေခါင္းနည္းနည္းမူးလာပီး ရိပ္ကနဲျဖစ္သြားတယ္ အဲ့ခ်ိန္မာ ကိုယ္က ငါဆင္းမွရမယ္ဆိုပီး ဆင္းမဲ့ေနရာနားသြားတဲ့အခ်ိန္မွာ အဲ့အနီေရာင္၀တ္ထားတဲ့မိန္းမနဲ႔ ေဘးနားက ေယာက္်ားတေယာက္က အေရွ႕မာရပ္ေနရင္းကေန ကိုယ္လဲ သြားေရာ ေဘးကေနလိုက္ကပ္လာတယ္

ကိုယ္ကလဲ ကားေပါဲက အျမန္ဆင္းေတာ့ သူတို့ကေနာက္ကလိုက္လာၾကတယ္ အဲ့တာနဲ႔ အေရွ႕မွာေတြ႕တဲ့ ABC store ထဲ၀င္ပီး အိမ္ကလူေတြကိုဖုန္းဆက္ပီး လာေခါဲခိုင္းရတယ္ အဲ့ခ်ိန္ထိ ဆိုင္ေရွ႕မွာ ရစ္သီရစ္သီလုပ္ေနတုန္းပါ ကိုယ္က ဆိုင္ကအမကိုအကူအညီေတာင္းပီး ဆိုင္ထဲမွာပဲ့ေနေနလိုက္တယ္

ဆိုင္ထဲေရာက္ေတာ့ ဒူးအေကြးနားမာ စူးသလိုျဖစ္ေနေတာ့ၾကည့္လိုက္ေတာ့ အပ္နဲ႔ထိုးထားသလို အစက္ေလးျဖစ္ေနတယ္

အဲ့ခ်ိန္ထိ ကိုယ့္မာ ဖုန္းတကြမ္ကြမ္နဲ႔ သတိမလြတ္သြားေအာင္လိုက္ဆက္ရတယ္

ေနာက္ဆူံး အိမ္ကလူေတြေရာက္လာမွပဲ့မ်က္လုံးမွိတ္နိုင္ေတ့ာတယ္

** ေျပာခ်င္တာက Bus စီးရင္ ဂ႐ုစိုက္စီးၾကပါ **

credit – may thet khine

Unicodeဖြင့်ဖတ်ရန်

YBS 76 ပေါ်မှာ တို့ဆေးမိပြီး ပစ်မှတ်ထားခံရတဲ့ သမီးလေး သတိကပ်ပြီး ဉာဏ် ကောင်းခဲ့လို့ လွတ်မြောက်ခဲ့ရ

ဒီနေ့ ရုံးကအပြန် ၇၆ စီးရင်း နေရာမရလို့ မတ်တပ်ရပ်နေခဲ့တာ ကိုယ်‌ကတော့ နားကြပ်လေးတပ်ပီး သီချင်းလေးနားထောင်နေတာပေါ့

နောက်တော့ ကားက အရမ်းကြပ်လာတော့ အကျီအနီဝတ်ထားတဲ့မိန်းမတယောက်က ကိုယ့်အနောက်မှာ အရမ်းကပ်ပီးလာရပ်နေတယ် ကိုယ်ကလဲ

အော် မိန်းမပဲ့ဆိုပီးဘာမှမပြောဘဲ ဒီတိုင်းနေနေလိုက်တယ်

ခဏကြာတော့ (ဒူးအကွေး)နားကနေ ဆက်ကနဲ

ဆူးသလိုဖြစ်သွားတယ် အဲ့အထိ ကိုယ်က ဒီတိုင်း ဘာမှမဖြစ်ပါဖူးလို့ထင်ခဲ့ဝာာ သိပ်မကြာဖူး ခေါင်းနည်းနည်းမူးလာပီး ရိပ်ကနဲဖြစ်သွားတယ် အဲ့ချိန်မာ ကိုယ်က ငါဆင်းမှရမယ်ဆိုပီး ဆင်းမဲ့နေရာနားသွားတဲ့အချိန်မှာ အဲ့အနီရောင်ဝတ်ထားတဲ့မိန်းမနဲ့ ဘေးနားက ယောက်ျားတယောက်က အရှေ့မာရပ်နေရင်းကနေ ကိုယ်လဲ သွားရော ဘေးကနေလိုက်ကပ်လာတယ်

ကိုယ်ကလဲ ကားပေါဲက အမြန်ဆင်းတော့ သူတို့ကနောက်ကလိုက်လာကြတယ် အဲ့တာနဲ့ အရှေ့မှာတွေ့တဲ့ ABC store ထဲဝင်ပီး အိမ်ကလူတွေကိုဖုန်းဆက်ပီး လာခေါဲခိုင်းရတယ် အဲ့ချိန်ထိ ဆိုင်ရှေ့မှာ ရစ်သီရစ်သီလုပ်နေတုန်းပါ ကိုယ်က ဆိုင်ကအမကိုအကူအညီတောင်းပီး ဆိုင်ထဲမှာပဲ့နေနေလိုက်တယ်

ဆိုင်ထဲရောက်တော့ ဒူးအကွေးနားမာ စူးသလိုဖြစ်နေတော့ကြည့်လိုက်တော့ အပ်နဲ့ထိုးထားသလို အစက်လေးဖြစ်နေတယ်

အဲ့ချိန်ထိ ကိုယ့်မာ ဖုန်းတကွမ်ကွမ်နဲ့ သတိမလွတ်သွားအောင်လိုက်ဆက်ရတယ်

နောက်ဆူံး အိမ်ကလူတွေရောက်လာမှပဲ့မျက်လုံးမှိတ်နိုင်တေ့ာတယ်

** ပြောချင်တာက Bus စီးရင် ဂရုစိုက်စီးကြပါ **

credit – may thet khine

မှတ်ချက်များ