အဆိုေတာ္ ေဂေဂး နဲ႔ မိန္းကေလးခ်င္း လိင္တူခ်စ္သူေတြ ျဖစ္ေၾကာင္းေျပာလိုက္တဲ့ မယ္စၾကာဝဠာ ေဆြဇင္ထက္





Zawgyi ျဖင့္ဖတ္ရန္

၂၀၁၉ ခုႏွစ္ရဲ႕ Miss Universe Myanmar တစ္ဦးျဖစ္တဲ့ ေဆြဇင္ထက္ ကေတာ့ ႏိုင္ငံရပ္ျခားက ၿပိဳင္ပြဲမွာ သူမဟာ Lesbian တစ္ဦးျဖစ္တယ္ဆိုတဲ့အေၾကာင္း ဖြင့္ဟဝန္ခံခဲ့တာကို အားလုံး အသိပါေနာ္။ သူမဟာ အမ်ိဳးသမီးခ်င္း လိင္တူခ်စ္ႀကိဳက္သူတစ္ဦးျဖစ္တယ္လို႔ ထုတ္ေျပာရတာဟာ ျမန္မာႏိုင္ငံမွာရွိတဲ့ လိင္တူခ်စ္သူမ်ားနဲ႔ LGBTQ အသိုင္းအဝိုင္းကို အေထာက္အကူျဖစ္ေစႏိုင္ဖို႔အတြက္ ျဖစ္တယ္လို႔ သိရပါတယ္။





သူမဟာ အခုလို လိင္တူခ်စ္သူတစ္ဦးျဖစ္ေနတဲ့အေၾကာင္းကို သူမ အသက္ ၁၅-၁၆ ေလာက္မွာ စတင္သိခဲ့တာျဖစ္ၿပီးေတာ့ ေနာက္ပိုင္းမွာေတာ့ လက္ခံလိုက္တာျဖစ္တယ္လို႔ သိရပါတယ္။ ဒီအတြက္ မိဘေတြကို ထုတ္ေျပာခဲ့ေပမယ့္ မိဘေတြကိုေတာ့ အခုလိုလိင္ခံစားမႈ မတူညီတဲ့အျမင္ကို ကနဦးမွာ လက္မခံႏိုင္ပဲျဖစ္ေနခဲ့ၿပီးေတာ့ အခုေတာ့ ႏိုင္ငံျခားမွာလည္း လိင္တူခ်စ္သူေတြ ရွိတာေၾကာင့္ လက္ခံလာခဲ့ၿပီလို႔ သူမက ဆိုပါတယ္။



အခုေတာ္ အလွမယ္ေဆြဇင္ထက္ဟာ သူမရဲ႕ လိင္တူခ်စ္သူဟာ အဆိုေတာ္ ေဂးေဂးျဖစ္တယ္ဆိုတဲ့အေၾကာင္းကိုလည္း လူသိရွင္ၾကားထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ သူမတို႔ခ်စ္သူျဖစ္ေနတာ ၃ ႏွစ္ခန႔္ရွိၿပီျဖစ္ၿပီးေတာ့ ပါတီတစ္ခုမွာ သူမရဲ႕ခ်စ္သူနဲ႔ စတင္ေတြ႕ခဲ့တာလို႔ သူမက ျပန္ေျပာင္းေျပာဆိုပါတယ္။



သူမရဲ႕ ၿပိဳင္ပြဲအေျခအေနအရေတာ့ Miss Universe 2019 ဆုနဲ႔လြဲေခ်ာ္ခဲ့ၿပီးေတာ့ သူမဝင္ေရာက္ၿပိဳင္ခဲ့တဲ့ အမ်ိဳးသားဝတ္စုံအေနနဲ႔ လယ္သူမေလး ေကာက္ရိတ္သိမ္းခ်ိန္ ဆိုတဲ့ အမ်ိဳးသားဝတ္စုံနဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ေပမယ့္ ဆုကေတာ့ လြဲေခ်ာ္ခဲ့ပါတယ္။ Miss Universe 2019 ဆုကိုေတာ့ ေတာင္အာဖရိက အလွမယ္က ရရွိခဲ့တာျဖစ္ၿပီးေတာ့ အမ်ိဳးသား ဝတ္စုံဆုကိုေတာ့ မေလးရွားႏိုင္ငံက ရရွိခဲ့ပါတယ္။

Writer – SMT( Shwe Yaung Lan)




Unicode ဖြင့်ဖတ်ရန်

အဆိုတော် ဂေဂေး နဲ့ မိန်းကလေးချင်း လိင်တူချစ်သူတွေ ဖြစ်ကြောင်းပြောလိုက်တဲ့ မယ်စကြာဝဠာ ဆွေဇင်ထက်


၂၀၁၉ ခုနှစ်ရဲ့ Miss Universe Myanmar တစ်ဦးဖြစ်တဲ့ ဆွေဇင်ထက် ကတော့ နိုင်ငံရပ်ခြားက ပြိုင်ပွဲမှာ သူမဟာ Lesbian တစ်ဦးဖြစ်တယ်ဆိုတဲ့အကြောင်း ဖွင့်ဟဝန်ခံခဲ့တာကို အားလုံး အသိပါနော်။ သူမဟာ အမျိုးသမီးချင်း လိင်တူချစ်ကြိုက်သူတစ်ဦးဖြစ်
တယ်လို့ ထုတ်ပြောရတာဟာ မြန်မာနိုင်ငံမှာရှိတဲ့ လိင်တူချစ်သူများနဲ့ LGBTQ အသိုင်းအဝိုင်းကို အထောက်အကူဖြစ်စေနိုင်ဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။



သူမဟာ အခုလို လိင်တူချစ်သူတစ်ဦးဖြစ်နေတဲ့အကြောင်းကို သူမ အသက် ၁၅-၁၆ လောက်မှာ စတင်သိခဲ့တာဖြစ်ပြီးတော့ နောက်ပိုင်းမှာတော့ လက်ခံလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ဒီအတွက် မိဘတွေကို ထုတ်ပြောခဲ့ပေမယ့် မိဘတွေကိုတော့ အခုလို
လိင်ခံစားမှု မတူညီတဲ့အမြင်ကို ကနဦးမှာ လက်မခံနိုင်ပဲဖြစ်နေခဲ့ပြီးတော့ အခုတော့ နိုင်ငံခြားမှာလည်း လိင်တူချစ်သူတွေ ရှိတာကြောင့် လက်ခံလာခဲ့ပြီလို့ သူမက ဆိုပါတယ်။



အခုတော် အလှမယ်ဆွေဇင်ထက်ဟာ သူမရဲ့ လိင်တူချစ်သူဟာ အဆိုတော် ဂေးဂေးဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်း လူသိရှင်ကြားထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သူမတို့ချစ်သူဖြစ်နေတာ ၃ နှစ်ခန့်ရှိပြီဖြစ်ပြီးတော့ ပါတီတစ်ခုမှာ သူမရဲ့ချစ်သူနဲ့ စတင်
တွေ့ခဲ့တာလို့ သူမက ပြန်ပြောင်းပြောဆိုပါတယ်။



သူမရဲ့ ပြိုင်ပွဲအခြေအနေအရတော့ Miss Universe 2019 ဆုနဲ့လွဲချော်ခဲ့ပြီးတော့ သူမဝင်ရောက်ပြိုင်ခဲ့တဲ့ အမျိုးသားဝတ်စုံအနေနဲ့ လယ်သူမလေး ကောက်ရိတ်သိမ်းချိန် ဆိုတဲ့ အမျိုးသားဝတ်စုံနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ဆုကတော့ လွဲချော်ခဲ့ပါတယ်။ Miss Universe 2019 ဆုကိုတော့ တောင်အာဖရိက အလှမယ်က ရရှိခဲ့တာဖြစ်ပြီးတော့ အမျိုးသား ဝတ်စုံဆုကိုတော့ မလေးရှားနိုင်ငံက ရရှိခဲ့ပါတယ်။

Writer – SMT( Shwe Yaung Lan)


မှတ်ချက်များ