Zawgyi ဖြင့်ဖတ်ရန်
share from: xyznews
Unicode ဖြင့်ဖတ်ရန်
မြန်မာအတွက် ဂုဏ်ယူနိုင်အောင် တီရယ်ထန်း ကစားနိုင်မည်ဟု အောင်လအန်ဆန်ပြော
ချင်းတိုင်းရင်းသား တီရယ်ထန်းအနေနဲ့ မြန်မာနိုင်ငံသားအားလုံးအတွက် ဂုဏ်ယူနိုင်အောင် ကစားနိုင်လိမ့်မယ်လို့ MMA ဝမ်းချန်ပီယံ အောင်လအန်ဆန်က ပြောပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် MMA ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ချင်းတိုင်းရင်သား တီရယ်ထန်းက တောင်ကိုရီးယားက ကင်ဝန်းချုံးနဲ့ ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။
တီရယ်ထန်းကို အကောင်းဆုံး လေ့ကျင့်ပေးထားတာကြောင့် မြန်မာပရိသတ်အားလုံး ဂုဏ်ယူနိုင်အောင် ထိုးနိုင်လိမ့်မယ်လို့ အောင်လအန်ဆန်က ပြောပါတယ်။
အောင်လအန်ဆန်ဟာ လက်ချောင်းရိုး ခွဲစိတ်ထားရပေမယ့် လာမယ့်တပတ်အတွင်းမှာ ပြန်လည်ကောင်းမွန်လာတော့မယ်လို့ ပြောပါတယ်။
၂၀၂၀ ပြည့်နှစ်အတွင်း ချန်ပီယံ ကာကွယ်ပဲ ၃၊ ၄ ပွဲလောက် ယှဉ်ပြိုင်ထိုးသတ်သွားဖို့ရှိပြီး မတ်လအတွင်းမှာ စတင်ထိုးသတ်မယ်လို့ သိရပါတယ်။
share from: xyznews


မှတ်ချက်များ