အိတ္ထဲက သိန္းေျခာက္ေသာင္းခြဲ ေပ်ာက္ဆုံးသြားျခင္း
Zawgyi ျဖင့္ဖတ္ရန္
အစိုးရသတ္မွတ္ေဈးႏႈန္းထက္ ၁၀၀ က်ပ္မွ ၃၅၀၊ ၄၀၀ က်ပ္ ဝန္းက်င္အထိ ေဈးပိုေပးကာ ဝယ္ယူကံစမ္းေနၾကရတဲ့ ေအာင္ဘာေလထီ ကံစမ္းသူ ျပည္သူေတြကိုယ္စားျပဳကာ ၂၀၁၉ခုႏွစ္ ဒီဇင္ဘာလ ၁ ရက္မွာ ထြက္ရွိတဲ့ (၁၀) ႀကိမ္ေျမာက္ က်ပ္တစ္ေထာင္တန္ ေအာင္ဘာေလထီဆု ကံစမ္းမဲႏႈိက္ပြဲႀကီးကို ေစ့ငုၾကည့္ၾကပါစို႔။
ျပည္တြင္းအခြန္ဦးစီးဌာနရဲ႕ ႏိုဝင္ဘာ ၂၆ရက္ ထုတ္ျပန္ခ်က္အရ ‘က’ အကၡရာမွ အစဥ္လိုက္ ‘ကဂ’အထိ အကၡရာ (၃၆)လုံးျဖင့္ ထီလက္မွတ္ ေစာင္ေရ ၃၂၃သိန္းေက်ာ္ (၃၂၃၉၉၉၂၈) ကို ေရာင္းခ်ခဲ့တယ္လို႔ သိရပါတယ္။ ႏိုင္ငံေတာ္အေနနဲ႔ ထီလက္မွတ္ေရာင္းရေငြအျဖစ္ က်ပ္သန္းေပါင္း ၂၉၄၅၄ ဒသမ ၄၈၀ ရရွိထားတဲ့အတြက္ ထီလက္မွတ္တစ္ေစာင္ကို (၉၀၉)က်ပ္ ျဖင့္ ေရာင္းခ်ရတယ္လို႔ ယူဆရမွာ ျဖစ္ပါတယ္။
သို႔ေသာ္လည္း ေအာင္ဘာေလ ထီကံစမ္းသူမ်ားအေနနဲ႔ ထီတစ္ေစာင္ကို ေငြက်ပ္မည္မွ် ေပး၍ ဝယ္ယူခဲ့ၾကရပါသလဲ။ တခ်ိဳ႕က က်ပ္ ၁၁၀၀၊ တခ်ိဳ႕က က်ပ္ ၁၂၀၀ ၊ တခ်ိဳ႕က က်ပ္ ၁၃၀၀ စသျဖင့္ က်ပ္ ၁၅၀၀ ႏႈန္းအထိပင္ အျမင့္ဆုံးေပး၍ ဝယ္ယူကံစမ္းၾကရသူေတြ ရွိေနၾကမွာပါ။
ဒါေပမယ့္ အခုေတာ့ ထီတစ္ေစာင္ကို က်ပ္ ၁၂၀၀ ႏႈန္းျဖင့္ အၾကမ္းဖ်င္းသတ္မွတ္ကာ တြက္ခ်က္ၾကည့္ရေအာင္။
အစိုးရရဲ႕ တရားဝင္ သတ္မွတ္တန္းဖိုးထက္ က်ပ္ ၂၀၀ ေဈးပိုေပးရရင္ေတာင္ ႏိုဝင္ဘာ တစ္လတည္း ထုတ္ေရာင္းတဲ့ ထီအေစာင္ေရနဲ႔ တြက္ခ်က္ၾကည့္ပါက က်ပ္သိန္းေပါင္း ၆၅၀၀၀ ခန႔္(၆၄၇၉၉၈၅၆၀၀) ပိုမိုကုန္ေနတာကို ေတြ႕ရပါတယ္။ အခုဆိုရင္ က်ပ္တစ္ေထာင္တန္ ထီဖြင့္ခဲ့တာ (၁၀)ႀကိမ္ အထိ ရွိေနပါၿပီ။ ေအာင္ဘာေလထီ ကံစမ္းသူ ျပည္သူမ်ားအတြက္ မည္မွ်ဝန္ထုတ္ဝန္ပိုး ျဖစ္ေနၿပီလဲဆိုတာကို ျပည္သူ႔အစိုးရ သတိျပဳသင့္ပါၿပီ။
ဒါတင္ပဲဆိုေတာ့ မဟုတ္ပါ။ ျပည္သူမ်ားအတြက္ ဝန္ထုတ္ဝန္ပိုးတင္မကဘဲ ၿပဳံးၿပဳံးႀကီး ႀကဳံေတြ႕ေနရတဲ့ နစ္နာမႈႀကီးလည္း ရွိေနျပန္ပါတယ္။ အဲဒါကေတာ့ ထီဆုပါ။
ထီဥပေဒအရ ေရာင္းရေငြရဲ႕ ၄၀ ရာခိုင္ႏႈန္းကို ေအာင္ဘာေလထီ အခြန္အျဖစ္ ႏိုင္ငံေတာ္မွ ရရွိၿပီး ကံစမ္းသူမ်ားအတြက္ ေရာင္းရေငြရဲ႕ ၆၀ ရာခိုင္ႏႈန္းကို ဆုမဲအျဖစ္ ျပန္လည္ေပးအပ္ခဲ့ပါတယ္။ ဒါဟာ မွ်တပါရဲ႕လား သံသယျဖစ္စရာပါ။
၂၀၁၉ခုႏွစ္ ဒီဇင္ဘာလ ၁ ရက္မွာ ဖြင့္လွစ္ေပးခဲ့တဲ့ ထီဆုကံစမ္းမဲႏႈိက္ပြဲႀကီးမွာ ဆုမဲေပါင္း ႏွစ္သိန္းေက်ာ္ (၂၀၉၈၀၅) ဖြင့္လွစ္ေပးခဲ့ပါတယ္။ ဒါေၾကာင့္ ထီလက္မွတ္ေစာင္ေရ ၃၂၃သိန္းေက်ာ္နဲ႔ အခ်ိဳးခ်တြက္ခ်က္ ၾကည့္ပါက ထီအေစာင္ေရ ၁၆၀မွာမွ တစ္ေစာင္သာ ဆုမဲေပါက္ႏိုင္မယ့္ အေျခအေနျဖစ္ပါတယ္။ မူလကတည္းက ကံစမ္းပြဲလို႔ ကင္ပြန္းတပ္ထားေပမယ့္ သခ်ၤာနည္းအရတြက္ခ်က္ၾကည့္ပါက “ထီေပါက္ဖို႔ထက္ မိုးႀကိဳးထိဖို႔က ပိုနီးစပ္တယ္”ဆိုတဲ့ အတိသယဝုတၱိကို အျပစ္မဆိုသာေတာ့ပါ။
စိတ္ဝင္စားဖို႔ေကာင္းကေတာ့ ႏိုင္ငံေတာ္ အစိုးရနဲ႔ ထီကံစမ္းသူ ျပည္သူအၾကားက ခ်ိတ္ဆက္သူထီကိုယ္စားလွယ္ေတာ္ႀကီးမ်ားရဲ႕ အခန္းက႑ပါ။
သူတို႔ဟာ ထီေရာင္းသူနဲ႔ ထီထိုးသားအၾကား တံတားထိုးေပး႐ုံမွ်ျဖင့္ က်ပ္သိန္းေပါင္း တစ္ေသာင္းနီးပါး(၉၄၂၈၃၇၉၀၄၈) ရရွိသြားခဲ့တာပါပဲ။ ထီကိုယ္စားလွယ္ေတာ္ႀကီးမ်ားဟာ ႏိုင္ငံေတာ္မွ ထီတစ္ေစာင္ကို ၉၀၉က်ပ္ျဖင့္ ဝယ္ယူၿပီး ကံစမ္းသူမ်ားသို႔ ျပန္လည္ေရာင္းခ်ရာမွာ ၁၂၀၀က်ပ္(အၾကမ္းသတ္မွတ္ခ်က္)ျဖစ္တာေၾကာင့္ ထီတစ္ေစာင္အတြက္ အၾကမ္းမွ်အျမတ္ေငြ ၂၉၁ က်ပ္ ရရွိေနတာပါပဲ။
ထီကံစမ္းသူ ျပည္သူမ်ားအက်ိဳးကို ေမွ်ာ္ရည္သည္ဆိုပါရင္ ေအာင္ဘာေလထီ အေရးကို အေလးထားေဆာင္႐ြက္ သင့္ပါၿပီ။
share from: ႏွင္းကို
Unicode ဖြင့်ဖတ်ရန်
အိတ်ထဲက သိန်းခြောက်သောင်းခွဲ ပျောက်ဆုံးသွားခြင်း
အစိုးရသတ်မှတ်ဈေးနှုန်းထက် ၁၀၀ ကျပ်မှ ၃၅၀၊ ၄၀၀ ကျပ် ဝန်းကျင်အထိ ဈေးပိုပေးကာ ဝယ်ယူကံစမ်းနေကြရတဲ့ အောင်ဘာလေထီ ကံစမ်းသူ ပြည်သူတွေကိုယ်စားပြုကာ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှာ ထွက်ရှိတဲ့ (၁၀) ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေထီဆု ကံစမ်းမဲနှိုက်ပွဲကြီးကို စေ့ငုကြည့်ကြပါစို့။
ပြည်တွင်းအခွန်ဦးစီးဌာနရဲ့ နိုဝင်ဘာ ၂၆ရက် ထုတ်ပြန်ချက်အရ ‘က’ အက္ခရာမှ အစဉ်လိုက် ‘ကဂ’အထိ အက္ခရာ (၃၆)လုံးဖြင့် ထီလက်မှတ် စောင်ရေ ၃၂၃သိန်းကျော် (၃၂၃၉၉၉၂၈) ကို ရောင်းချခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတော်အနေနဲ့ ထီလက်မှတ်ရောင်းရငွေအဖြစ် ကျပ်သန်းပေါင်း ၂၉၄၅၄ ဒသမ ၄၈၀ ရရှိထားတဲ့အတွက် ထီလက်မှတ်တစ်စောင်ကို (၉၀၉)ကျပ် ဖြင့် ရောင်းချရတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။
သို့သော်လည်း အောင်ဘာလေ ထီကံစမ်းသူများအနေနဲ့ ထီတစ်စောင်ကို ငွေကျပ်မည်မျှ ပေး၍ ဝယ်ယူခဲ့ကြရပါသလဲ။ တချို့က ကျပ် ၁၁၀၀၊ တချို့က ကျပ် ၁၂၀၀ ၊ တချို့က ကျပ် ၁၃၀၀ စသဖြင့် ကျပ် ၁၅၀၀ နှုန်းအထိပင် အမြင့်ဆုံးပေး၍ ဝယ်ယူကံစမ်းကြရသူတွေ ရှိနေကြမှာပါ။
ဒါပေမယ့် အခုတော့ ထီတစ်စောင်ကို ကျပ် ၁၂၀၀ နှုန်းဖြင့် အကြမ်းဖျင်းသတ်မှတ်ကာ တွက်ချက်ကြည့်ရအောင်။
အစိုးရရဲ့ တရားဝင် သတ်မှတ်တန်းဖိုးထက် ကျပ် ၂၀၀ ဈေးပိုပေးရရင်တောင် နိုဝင်ဘာ တစ်လတည်း ထုတ်ရောင်းတဲ့ ထီအစောင်ရေနဲ့ တွက်ချက်ကြည့်ပါက ကျပ်သိန်းပေါင်း ၆၅၀၀၀ ခန့်(၆၄၇၉၉၈၅၆၀၀) ပိုမိုကုန်နေတာကို တွေ့ရပါတယ်။ အခုဆိုရင် ကျပ်တစ်ထောင်တန် ထီဖွင့်ခဲ့တာ (၁၀)ကြိမ် အထိ ရှိနေပါပြီ။ အောင်ဘာလေထီ ကံစမ်းသူ ပြည်သူများအတွက် မည်မျှဝန်ထုတ်ဝန်ပိုး ဖြစ်နေပြီလဲဆိုတာကို ပြည်သူ့အစိုးရ သတိပြုသင့်ပါပြီ။
ဒါတင်ပဲဆိုတော့ မဟုတ်ပါ။ ပြည်သူများအတွက် ဝန်ထုတ်ဝန်ပိုးတင်မကဘဲ ပြုံးပြုံးကြီး ကြုံတွေ့နေရတဲ့ နစ်နာမှုကြီးလည်း ရှိနေပြန်ပါတယ်။ အဲဒါကတော့ ထီဆုပါ။
ထီဥပဒေအရ ရောင်းရငွေရဲ့ ၄၀ ရာခိုင်နှုန်းကို အောင်ဘာလေထီ အခွန်အဖြစ် နိုင်ငံတော်မှ ရရှိပြီး ကံစမ်းသူများအတွက် ရောင်းရငွေရဲ့ ၆၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်ခဲ့ပါတယ်။ ဒါဟာ မျှတပါရဲ့လား သံသယဖြစ်စရာပါ။
၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှာ ဖွင့်လှစ်ပေးခဲ့တဲ့ ထီဆုကံစမ်းမဲနှိုက်ပွဲကြီးမှာ ဆုမဲပေါင်း နှစ်သိန်းကျော် (၂၀၉၈၀၅) ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒါကြောင့် ထီလက်မှတ်စောင်ရေ ၃၂၃သိန်းကျော်နဲ့ အချိုးချတွက်ချက် ကြည့်ပါက ထီအစောင်ရေ ၁၆၀မှာမှ တစ်စောင်သာ ဆုမဲပေါက်နိုင်မယ့် အခြေအနေဖြစ်ပါတယ်။ မူလကတည်းက ကံစမ်းပွဲလို့ ကင်ပွန်းတပ်ထားပေမယ့် သင်္ချာနည်းအရတွက်ချက်ကြည့်ပါက “ထီပေါက်ဖို့ထက် မိုးကြိုးထိဖို့က ပိုနီးစပ်တယ်”ဆိုတဲ့ အတိသယဝုတ္တိကို အပြစ်မဆိုသာတော့ပါ။
စိတ်ဝင်စားဖို့ကောင်းကတော့ နိုင်ငံတော် အစိုးရနဲ့ ထီကံစမ်းသူ ပြည်သူအကြားက ချိတ်ဆက်သူထီကိုယ်စားလှယ်တော်ကြီးများရဲ့ အခန်းကဏ္ဍပါ။
သူတို့ဟာ ထီရောင်းသူနဲ့ ထီထိုးသားအကြား တံတားထိုးပေးရုံမျှဖြင့် ကျပ်သိန်းပေါင်း တစ်သောင်းနီးပါး(၉၄၂၈၃၇၉၀၄၈) ရရှိသွားခဲ့တာပါပဲ။ ထီကိုယ်စားလှယ်တော်ကြီးများဟာ နိုင်ငံတော်မှ ထီတစ်စောင်ကို ၉၀၉ကျပ်ဖြင့် ဝယ်ယူပြီး ကံစမ်းသူများသို့ ပြန်လည်ရောင်းချရာမှာ ၁၂၀၀ကျပ်(အကြမ်းသတ်မှတ်ချက်)ဖြစ်တာကြောင့် ထီတစ်စောင်အတွက် အကြမ်းမျှအမြတ်ငွေ ၂၉၁ ကျပ် ရရှိနေတာပါပဲ။
ထီကံစမ်းသူ ပြည်သူများအကျိုးကို မျှော်ရည်သည်ဆိုပါရင် အောင်ဘာလေထီ အရေးကို အလေးထားဆောင်ရွက် သင့်ပါပြီ။
share from: နှင်းကို


မှတ်ချက်များ