ေ႐ႊတံဆိပ္ဆု ရတဲ့ေန႔မွာပင္ ဖခင္ျဖစ္သူေသဆုံးသြားတဲ့ ဝမ္းနည္းဖြယ္ရာ ျဖစ္ရပ္
Zawgyi ျဖင့္ဖတ္ရန္
အင္ဒိုနီးရွားႏိုင္ငံ ဝူးရႉးလက္ေ႐ြးစင္တစ္ဦးျဖစ္တဲ့ Edgar Marvelo ဟာ SEA Games ၿပိဳင္ပြဲမွာ သူ႔ဘဝရဲ႕ပထမဆုံး ေ႐ႊတံဆိပ္ကို ဆြတ္ခူးႏိုင္ခဲ့ေပမယ့္၊ ဖခင္ျဖစ္သူကေတာ့ မ်က္ဝါးထင္ထင္ ဂုဏ္ယူမသြားခဲ့ရပါဘူး။ သူဟာ သားျဖစ္သူ ၿပိဳင္ပြဲဝင္တဲ့ေန႔မွာပဲ ေသဆုံးသြားခဲ့တာပါ။
Edgar ဟာ Gunshu နဲ႔ Daoshu ၿပိဳင္ပြဲႏွစ္ရပ္စလုံးမွာ ေ႐ႊရယူႏိုင္ခဲ့တာျဖစ္ၿပီး၊ သူဟာ ဖခင္ေသဆုံးေၾကာင္း သိသြားတဲ့အတြက္ မ်က္ရည္မဆည္ႏိုင္ ျဖစ္ခဲ့ရပါတယ္။ သူနဲ႔အတူ လိုက္လာခဲ့တဲ့ လက္ေ႐ြးစင္ေတြ၊ အုပ္ခ်ဳပ္သူေတြ၊ နည္းျပေတြလည္း ငိုခဲ့ရပါတယ္။
Edgar ဟာ လက္ေ႐ြးစင္နည္းျပရဲ႕ ခြင့္ျပဴမႈနဲ႔အတူ ဖခင္ရဲ႕နာေရးကိုမီဖို႔ ေလေၾကာင္းခရီးနဲ႔ အင္ဒိုနီးရွားကို ျပန္ခြင့္ရခဲ့ပါတယ္။ သူဟာ ရရွိတဲ့ေ႐ႊတံဆိပ္ေတြကို ဖခင္ရဲ႕ေခါင္းတလားမွာ ဂါရဝါျပဳတပ္ဆင္ေပးခဲ့ေၾကာင္း သိရပါတယ္။ သူရဲ႕အျဖစ္ကို အင္ဒိုလူမႈကြန္ရက္အသုံးျပဳသူေတြက စာနာေထာက္ထားေၾကာင္း စာေရးသား ေပးပို႔ခဲ့ပါတယ္။
Edgar က သူရဲ႕ဖခင္ ေသဆုံးမႈနဲ႔ပတ္သက္ၿပီး ” အေဖ့ကို ေနာက္ဆုံးအေနနဲ႔ ႏႈတ္ဆက္ႏိုင္ခဲ့ပါၿပီ … အခုဆို သူ ကြၽန္ေတာ္ရခဲ့တဲ့ ဆုတံဆိပ္ေတြနဲ႔ ဂုဏ္ယူႏိုင္ပါၿပီ … “လို႔ ေရးသားခဲ့ပါတယ္။ သူဟာ ေ႐ႊတံဆိပ္ႏွစ္ခုနဲ႔ ဖခင္အတြက္ ဂုဏ္ယူစရာ သားျဖစ္ခဲ့ေပမယ့္၊ ေပ်ာ္စရာေကာင္းတဲ့ အေျခအေနေတာ့ မဟုတ္ပါဘူး။
share from: theesaychin
Unicode ဖြင့်ဖတ်ရန်
ရွှေတံဆိပ်ဆု ရတဲ့နေ့မှာပင် ဖခင်ဖြစ်သူသေဆုံးသွားတဲ့ ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်
အင်ဒိုနီးရှားနိုင်ငံ ဝူးရှူးလက်ရွေးစင်တစ်ဦးဖြစ်တဲ့ Edgar Marvelo ဟာ SEA Games ပြိုင်ပွဲမှာ သူ့ဘဝရဲ့ပထမဆုံး ရွှေတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့ပေမယ့်၊ ဖခင်ဖြစ်သူကတော့ မျက်ဝါးထင်ထင် ဂုဏ်ယူမသွားခဲ့ရပါဘူး။ သူဟာ သားဖြစ်သူ ပြိုင်ပွဲဝင်တဲ့နေ့မှာပဲ သေဆုံးသွားခဲ့တာပါ။
Edgar ဟာ Gunshu နဲ့ Daoshu ပြိုင်ပွဲနှစ်ရပ်စလုံးမှာ ရွှေရယူနိုင်ခဲ့တာဖြစ်ပြီး၊ သူဟာ ဖခင်သေဆုံးကြောင်း သိသွားတဲ့အတွက် မျက်ရည်မဆည်နိုင် ဖြစ်ခဲ့ရပါတယ်။ သူနဲ့အတူ လိုက်လာခဲ့တဲ့ လက်ရွေးစင်တွေ၊ အုပ်ချုပ်သူတွေ၊ နည်းပြတွေလည်း ငိုခဲ့ရပါတယ်။
Edgar ဟာ လက်ရွေးစင်နည်းပြရဲ့ ခွင့်ပြူမှုနဲ့အတူ ဖခင်ရဲ့နာရေးကိုမီဖို့ လေကြောင်းခရီးနဲ့ အင်ဒိုနီးရှားကို ပြန်ခွင့်ရခဲ့ပါတယ်။ သူဟာ ရရှိတဲ့ရွှေတံဆိပ်တွေကို ဖခင်ရဲ့ခေါင်းတလားမှာ ဂါရဝါပြုတပ်ဆင်ပေးခဲ့ကြောင်း သိရပါတယ်။ သူရဲ့အဖြစ်ကို အင်ဒိုလူမှုကွန်ရက်အသုံးပြုသူတွေက စာနာထောက်ထားကြောင်း စာရေးသား ပေးပို့ခဲ့ပါတယ်။
Edgar က သူရဲ့ဖခင် သေဆုံးမှုနဲ့ပတ်သက်ပြီး ” အဖေ့ကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်နိုင်ခဲ့ပါပြီ … အခုဆို သူ ကျွန်တော်ရခဲ့တဲ့ ဆုတံဆိပ်တွေနဲ့ ဂုဏ်ယူနိုင်ပါပြီ … “လို့ ရေးသားခဲ့ပါတယ်။ သူဟာ ရွှေတံဆိပ်နှစ်ခုနဲ့ ဖခင်အတွက် ဂုဏ်ယူစရာ သားဖြစ်ခဲ့ပေမယ့်၊ ပျော်စရာကောင်းတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။
share from: theesaychin



မှတ်ချက်များ