” ေဒၚလာသန္းခ်ီခ်မ္းသာမယ့္ ဘီးက်ဲမ်ိဳးကိုပဲ ပိုင္ဆိုင္ခ်င္တယ္လို႔ဆိုလာတဲ့ ေနျခည္ဦး “




Zawgyi ျဖင့္ဖတ္ရန္

CeleConnections ပရိသတ္ႀကီးေရ မိန္းကေလးပရိသတ္ႀကီးရဲ႕အခ်စိေတာ္ေနျခည္ဦးကေတာ့ ဒီဇင္ဘာလရဲ႕အစမွာ သူမအသက္ႀကီးလာရင္ ေနထိုင္ခ်င္တဲ့ ပုံစံေလးကို လူမႈကြန္ရက္စာမ်က္ႏွာမွာ ရင္ဖြင့္ခဲ့တာပဲ ျဖစ္ပါတယ္။ ” အသက္ႀကီးလာရင္ ဒီလိုေလးဘဲ ျဖစ္ခ်င္တယ္။မာဖလာအျပာေလးနဲ႔ ဘီးႀကဲႀကီးကိုတြဲ ဂုတ္က်ားေလးကို လမ္းထြက္ေလွ်ာက္ဘဏ္ထဲမွာ ေဒၚလာတစ္သန္းေလာက္ ” ဆိုတဲ့စာသားေလးနဲ႔ ရင္ဖြင့္ခဲ့တာပါ။



ေနျခည္ဦးကေတာ့ Beauty Blogger အျဖစ္နဲ႔ မိန္းကေလးပရိသတ္ေတြရဲ႕ အားေပးဝန္းရံမႈ အမ်ားဆုံးရရွိထားတဲ့ သူတစ္ေယာက္လို႔ ဆိုရမွာပါ။ လက္ရွိမွာလည္း သ႐ုပ္ေဆာင္ဘက္ကို ကူးေျပာင္းလာၿပီး ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ဆက္တိုက္႐ိုက္ကူးလာၿပီပဲ ျဖစ္ပါတယ္။ သူမရဲ႕သ႐ုပ္ေဆာင္ခ်က္ကို တက္သစ္စျဖစ္ေပမယ့္ ဝါရင့္သ႐ုပ္ေဆာင္ေတြကပါ ခ်ီးက်ဴးရတဲ့ထိပါပဲေနာ္။





အခ်စ္ေရးအေနနဲ႔ ခ်စ္သူသက္တမ္း(၂)ႏွစ္ေက်ာ္ ၾကာေအာင္ ခ်စ္သူနဲ႔ လက္တြဲၿပီး ႏွစ္ဦးသေဘာတူညီမႈနဲ႔ လမ္းခြဲခဲ့ၾကတာျဖစ္ၿပီး ခ်ီခ်ီကေတာ့ လက္ရွိမွာ တစ္ေယာက္တည္း Single အျဖစ္နဲ႔ အႏုပညာအလုပ္ေတြကို အားစိုက္လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။CeleConnections ပရိသတ္ႀကီးေရာ ခ်ီခ်ီရဲ႕ ေနခ်င္တဲ့ Life Style နဲ႔ ထပ္တူညီၾကလားဆိုတာ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။



Source : Nay Chi Oo


Unicode ဖြင့်ဖတ်ရန်


” ဒေါ်လာသန်းချီချမ်းသာမယ့် ဘီးကျဲမျိုးကိုပဲ ပိုင်ဆိုင်ချင်တယ်လို့ဆိုလာတဲ့ နေခြည်ဦး “


CeleConnections ပရိသတ်ကြီးရေ မိန်းကလေးပရိသတ်ကြီးရဲ့အချစိတော်နေခြည်ဦးကတော့ ဒီဇင်ဘာလရဲ့အစမှာ သူမအသက်ကြီးလာရင် နေထိုင်ချင်တဲ့ ပုံစံလေးကို လူမှုကွန်ရက်စာမျက်နှာမှာ ရင်ဖွင့်ခဲ့တာပဲ ဖြစ်ပါတယ်။ ” အသက်ကြီးလာရင် ဒီလိုလေးဘဲ ဖြစ်ချင်တယ်။မာဖလာအပြာလေးနဲ့ ဘီးကြဲကြီးကိုတွဲ ဂုတ်ကျားလေးကို လမ်းထွက်လျှောက်ဘဏ်ထဲမှာ ဒေါ်လာတစ်သန်းလောက် ” ဆိုတဲ့စာသားလေးနဲ့ ရင်ဖွင့်ခဲ့တာပါ။



နေခြည်ဦးကတော့ Beauty Blogger အဖြစ်နဲ့ မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှု အများဆုံးရရှိထားတဲ့ သူတစ်ယောက်လို့ ဆိုရမှာပါ။ လက်ရှိမှာလည်း သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးလာပြီပဲ ဖြစ်ပါတယ်။ သူမရဲ့သရုပ်ဆောင်ချက်ကို တက်သစ်စဖြစ်ပေမယ့် ဝါရင့်သရုပ်ဆောင်တွေကပါ ချီးကျူးရတဲ့ထိပါပဲနော်။



အချစ်ရေးအနေနဲ့ ချစ်သူသက်တမ်း(၂)နှစ်ကျော် ကြာအောင် ချစ်သူနဲ့ လက်တွဲပြီး နှစ်ဦးသဘောတူညီမှုနဲ့ လမ်းခွဲခဲ့ကြတာဖြစ်ပြီး ချီချီကတော့ လက်ရှိမှာ တစ်ယောက်တည်း Single အဖြစ်နဲ့ အနုပညာအလုပ်တွေကို အားစိုက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။CeleConnections ပရိသတ်ကြီးရော ချီချီရဲ့ နေချင်တဲ့ Life Style နဲ့ ထပ်တူညီကြလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။



Source : Nay Chi Oo


မှတ်ချက်များ