၁ ႏွစ္သား ကေလး ဂ်ယ္လီ အတုံးဆို႔ၿပီး အျဖစ္ဆိုးနဲ႔ ေသဆုံးခဲ့ရ
Zawgyi ျဖင့္ဖတ္ရန္
မိဘေတြအေနနဲ႔ ကေလးငယ္ေတြကို အရမ္းအလိုမလိုက္သင့္ေၾကာင္း ဒီသတင္းေလးကေန သင္ခန္းစာယူၾကရမွာျဖစ္ပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံကအသက္ ၁ ႏွစ္နဲ႔ ၁ လ အ႐ြယ္ ကေလးေလးဟာ ႏိုဝင္ဘာလ ၁၅ ရက္ေန႔မွာ ဂ်ယ္လီစားၿပီးေနာက္ အစာႁပြန္လမ္းေၾကာင္းထဲမွာ တစ္ဆို႔ေန႔ခဲ့ပါတယ္။
ေဆး႐ုံကို အေရးေပၚပို႔ေပးခဲ့ေပးမယ့္ ကေလးဟာ ေသဆုံးသြားၿပီျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္ ၂၆ မိနစ္အၾကာမွ ကေလးကို အသက္ျပန္ရွင္ေအာင္ လုပ္ေပးႏိုင္ခဲ့ပါတယ္။ ကေလးဟာ အသက္ျပန္ရွင္ခဲ့ေပမယ့္ ၂၆ မိနစ္ေလာက္ ဦးေႏွာက္ထဲ ေသြးစီးဆင္းမႈမရွိတဲ့အတြက္ အသက္ရွင္ေနေသာ္လည္း ကိုမာရသြားခဲ့ပါတယ္။
ဦးေႏွာက္ထဲက ေသြးဆဲလ္ေလးေတြဟာ ၄ မိနစ္ကေန ၆ မိနစ္ေလာက္ထိ ေသြးစီးဆင္းမႈမရွိပါက ဆဲလ္ေတြရဲ႕ လုပ္ေဆာင္ခ်က္ ရပ္သြားၿပီး တစ္ျဖည့္ျဖည္းနဲ႔ ေနာက္ဆုံးမွာ ဆဲလ္ေတြေသသြားမွာ ျဖစ္ပါတယ္။
ကေလးဟာ အတြင္းကလီစာပ်က္ဆီးတာေတြ ျဖစ္လာၿပီး ေဟမိုဂလိုဖင္ ေသြးနီဥထုတ္လုပ္မႈလည္း က်ဆင္းလာၿပီး ဂလူးကို႔စ္နည္းပါးလာတဲ့ လကၡဏာေတြ ျပလာခဲ့ပါတယ္။ ေနာက္ထပ္ ၂ ရက္ေျမာက္ေန႔ ႏိုဝင္ဘာ ၂၂ ရက္ေန႔မွာေတာ့ ကေလး ေသဆုံးသြားခဲ့ပါတယ္။
အသက္ ၆ လ ကေန ၁ ႏွစ္ၾကား ကေလးငယ္ ရွိၾကတဲ့ မိဘေတြအေနနဲ႔ ေအာက္ေဖာ္ျပပါ အစားအစာေတြကို မေကြၽးၾကဖို႔ စားရင္းလုပ္ေပးလိုက္ပါတယ္။
အသီးအ႐ြက္မ်ား
ေျပာင္းဖူးအစိမ္း
ခ်ယ္ရီ၊ ဘယ္ရီ နဲ႔ စပ်စ္သီး (အလုံးလိုက္)
မာေက်ာတဲ့ သစ္သီးနဲ႔ ဟင္းသီးဟင္း႐ြက္မ်ား
သစ္သီးေျခာက္ (စပ်စ္သီးေျခာက္)
ပ႐ိုတိန္း
အေစ့အဆံႏွင့္ ေျမပဲပါေသာေထာပတ္ (အလုံးလိုက္၊ အပိုင္းအစ)
မာေက်ာေသာ (သို႔) ႀကီးမားေသာ အသားအတုံး၊ အတစ္
အသားညႇပ္မုန႔္၊ ဝက္/ၾကက္အူေခ်ာင္း
အ႐ိုးပါေသာငါး
ဒိန္ခဲအတုံးလိုက္
ေကာက္ပဲသီးႏွံ
ကြတ္ကီးစ္
အားလူေၾကာ္၊ ေျပာင္းဖူးေပါက္ေပါက္ နဲ႔ သြားရည္စာမ်ား
မုန႔္ကြၽတ္၊ အေစ့အဆံပါ ေပါင္မုန႔္
ထမင္းနဲ႔ ေကာက္ပဲသီးႏွံ႔ အေစ့အဆံလိုက္
မုန႔္အခ်ိဳ
သၾကားလုံး၊ ဂ်ယ္လီေခ်ာင္း၊ လိုလီေပါ့၊ ကပ္ေစးေသာ သၾကားလုံး
ပီေက
ဂ်ယ္လီ
အစရွိသည္တို႔ကို မေကြၽးၾကပါရန္ မိဘမ်ားအား အသိေပးလိုက္ပါတယ္။
Credit: popolay
Unicode ဖြင့်ဖတ်ရန်
၁ နှစ်သား ကလေး ဂျယ်လီ အတုံးဆို့ပြီး အဖြစ်ဆိုးနဲ့ သေဆုံးခဲ့ရ
မိဘတွေအနေနဲ့ ကလေးငယ်တွေကို အရမ်းအလိုမလိုက်သင့်ကြောင်း ဒီသတင်းလေးကနေ သင်ခန်းစာယူကြရမှာဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံကအသက် ၁ နှစ်နဲ့ ၁ လ အရွယ် ကလေးလေးဟာ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ဂျယ်လီစားပြီးနောက် အစာပြွန်လမ်းကြောင်းထဲမှာ တစ်ဆို့နေ့ခဲ့ပါတယ်။
ဆေးရုံကို အရေးပေါ်ပို့ပေးခဲ့ပေးမယ့် ကလေးဟာ သေဆုံးသွားပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ၂၆ မိနစ်အကြာမှ ကလေးကို အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ ကလေးဟာ အသက်ပြန်ရှင်ခဲ့ပေမယ့် ၂၆ မိနစ်လောက် ဦးနှောက်ထဲ သွေးစီးဆင်းမှုမရှိတဲ့အတွက် အသက်ရှင်နေသော်လည်း ကိုမာရသွားခဲ့ပါတယ်။
ဦးနှောက်ထဲက သွေးဆဲလ်လေးတွေဟာ ၄ မိနစ်ကနေ ၆ မိနစ်လောက်ထိ သွေးစီးဆင်းမှုမရှိပါက ဆဲလ်တွေရဲ့ လုပ်ဆောင်ချက် ရပ်သွားပြီး တစ်ဖြည့်ဖြည်းနဲ့ နောက်ဆုံးမှာ ဆဲလ်တွေသေသွားမှာ ဖြစ်ပါတယ်။
ကလေးဟာ အတွင်းကလီစာပျက်ဆီးတာတွေ ဖြစ်လာပြီး ဟေမိုဂလိုဖင် သွေးနီဥထုတ်လုပ်မှုလည်း ကျဆင်းလာပြီး ဂလူးကို့စ်နည်းပါးလာတဲ့ လက္ခဏာတွေ ပြလာခဲ့ပါတယ်။ နောက်ထပ် ၂ ရက်မြောက်နေ့ နိုဝင်ဘာ ၂၂ ရက်နေ့မှာတော့ ကလေး သေဆုံးသွားခဲ့ပါတယ်။
အသက် ၆ လ ကနေ ၁ နှစ်ကြား ကလေးငယ် ရှိကြတဲ့ မိဘတွေအနေနဲ့ အောက်ဖော်ပြပါ အစားအစာတွေကို မကျွေးကြဖို့ စားရင်းလုပ်ပေးလိုက်ပါတယ်။
အသီးအရွက်များ
ပြောင်းဖူးအစိမ်း
ချယ်ရီ၊ ဘယ်ရီ နဲ့ စပျစ်သီး (အလုံးလိုက်)
မာကျောတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များ
သစ်သီးခြောက် (စပျစ်သီးခြောက်)
ပရိုတိန်း
အစေ့အဆံနှင့် မြေပဲပါသောထောပတ် (အလုံးလိုက်၊ အပိုင်းအစ)
မာကျောသော (သို့) ကြီးမားသော အသားအတုံး၊ အတစ်
အသားညှပ်မုန့်၊ ဝက်/ကြက်အူချောင်း
အရိုးပါသောငါး
ဒိန်ခဲအတုံးလိုက်
ကောက်ပဲသီးနှံ
ကွတ်ကီးစ်
အားလူကြော်၊ ပြောင်းဖူးပေါက်ပေါက် နဲ့ သွားရည်စာများ
မုန့်ကျွတ်၊ အစေ့အဆံပါ ပေါင်မုန့်
ထမင်းနဲ့ ကောက်ပဲသီးနှံ့ အစေ့အဆံလိုက်
မုန့်အချို
သကြားလုံး၊ ဂျယ်လီချောင်း၊ လိုလီပေါ့၊ ကပ်စေးသော သကြားလုံး
ပီကေ
ဂျယ်လီ
အစရှိသည်တို့ကို မကျွေးကြပါရန် မိဘများအား အသိပေးလိုက်ပါတယ်။
Credit: popolay

မှတ်ချက်များ