Zawgyiျဖင့္ဖတ္ရန္
သရုပ္ေဆာင္ သဥၨာႏြယ္ဝင္းနဲ႔ စတီဗင္လွတို႔ ဇနီးေမာင္ႏွံမွာေတာ့ သားဦးေလး Peach အျပင္ ေနာက္ထပ္ သမီးဦးေလးပါ ထပ္မံရရွိလိုက္တာ ျဖစ္ပါတယ္။ ဝိတိုရိယေဆးရံုၾကီးမွာ ေမြးဖြားခဲ့တာျဖစ္ျပီး မိခင္ေရာ ကေလးပါ က်န္းမာလ်က္ ရွိပါတယ္။
Hot Pot City ဆိုင္ခြဲေတြရဲ႕ ပိုင္ရွင္ျဖစ္သလို စီးပြားေရးအကြက္ျမင္တဲ့ ခင္ပြန္းသည္က သဥၨာႏြယ္ဝင္းအတြက္ ဘုရားေပးတဲ့ဆုလို႔ ဆိုပါတယ္။ ခင္ပြန္းသည္အေပၚ အခ်စ္တိုးသလို သားသမီးရတနာ မ်ားမ်ားလိုခ်င္တဲ့ ခင္ပြန္းသည္အတြက္ ဒုတိယေျမာက္ သမီးဦးေလးကို ထပ္မံေမြးဖြားေပးလိုက္တာ ျဖစ္ပါတယ္။
သမီးေလးကို အဆင္ေျပေခ်ာေခ်ာေမြ႔ေမြ႔ ေမြးဖြားေပးတဲ့ အထူးကုဆရာဝန္ၾကီးေတြကို နဲ႔ အမွတ္တရဓာတ္ပံုမွတ္တမ္းတင္ေပးတဲ့ Wedding Service ကို ေက်းဇူးတင္ေၾကာင္းကိုေတာ့ သဥၨာႏြယ္ဝင္းက ခုလို ေရးသားထားပါတယ္။

“ဒီေန႔ သမီးေလးကုိ အဆင္ေျပေခ်ာေခ်ာေမြ႔ေမြ႕ နဲ႔ ေမြးဖြားျပီးပါျပီ။သဥၨာရဲ႕ OG ေဒၚျမတ္ျမတ္ဝါနဲ႔ ကေလးအထူးကု ေဒၚျမျမအုန္း ၊ Victoria hospital ႏွင့္ အမွတ္တရ ဓာတ္ပံု မွတ္တမ္းတင္ေပးပါေသာ My Dream One Stop Wedding Service တို႔ကို ေက်းဇူးအထူးတင္ပါတယ္။ မီဒီယာမွ အကို အမမ်ားလည္း My Dream မွာ ပံုေတြကို သြားယူလို႔ ရပါတယ္ရွင့္” ဆိုျပီး ေရးသားထားတာ ျဖစ္ပါတယ္။
သဥၨာႏြယ္ဝင္းရဲ႕ သမီးဦးေလးကို ေမြးဖြားစဥ္ အမွတ္တရ ပံုရိပ္ေတြကို တင္ဆက္ေပးလိုက္ပါတယ္။
Unicode ဖြင့်ဖတ်ရန်
သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းနဲ့ စတီဗင်လှတို့ ဇနီးမောင်နှံမှာတော့ သားဦးလေး Peach အပြင် နောက်ထပ် သမီးဦးလေးပါ ထပ်မံရရှိလိုက်တာ ဖြစ်ပါတယ်။ ဝိတိုရိယဆေးရုံကြီးမှာ မွေးဖွားခဲ့တာဖြစ်ပြီး မိခင်ရော ကလေးပါ ကျန်းမာလျက် ရှိပါတယ်။
Hot Pot City ဆိုင်ခွဲတွေရဲ့ ပိုင်ရှင်ဖြစ်သလို စီးပွားရေးအကွက်မြင်တဲ့ ခင်ပွန်းသည်က သဉ္ဇာနွယ်ဝင်းအတွက် ဘုရားပေးတဲ့ဆုလို့ ဆိုပါတယ်။ ခင်ပွန်းသည်အပေါ် အချစ်တိုးသလို သားသမီးရတနာ များများလိုချင်တဲ့ ခင်ပွန်းသည်အတွက် ဒုတိယမြောက် သမီးဦးလေးကို ထပ်မံမွေးဖွားပေးလိုက်တာ ဖြစ်ပါတယ်။
သမီးလေးကို အဆင်ပြေချောချောမွေ့မွေ့ မွေးဖွားပေးတဲ့ အထူးကုဆရာဝန်ကြီးတွေကို နဲ့ အမှတ်တရဓာတ်ပုံမှတ်တမ်းတင်ပေးတဲ့ Wedding Service ကို ကျေးဇူးတင်ကြောင်းကိုတော့ သဉ္ဇာနွယ်ဝင်းက ခုလို ရေးသားထားပါတယ်။
“ဒီနေ့ သမီးလေးကို အဆင်ပြေချောချောမွေ့မွေ့ နဲ့ မွေးဖွားပြီးပါပြီ။သဉ္ဇာရဲ့ OG ဒေါ်မြတ်မြတ်ဝါနဲ့ ကလေးအထူးကု ဒေါ်မြမြအုန်း ၊ Victoria hospital နှင့် အမှတ်တရ ဓာတ်ပုံ မှတ်တမ်းတင်ပေးပါသော My Dream One Stop Wedding Service တို့ကို ကျေးဇူးအထူးတင်ပါတယ်။ မီဒီယာမှ အကို အမများလည်း My Dream မှာ ပုံတွေကို သွားယူလို့ ရပါတယ်ရှင့်” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။
သဉ္ဇာနွယ်ဝင်းရဲ့ သမီးဦးလေးကို မွေးဖွားစဉ် အမှတ်တရ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။
Credit; Yangon News

မှတ်ချက်များ