Zawgyiျဖင့္ဖတ္ရန္
ေသြးတိုးေရာဂါရွိသူမ်ား ေသြးတိုးၿပီး ေခါင္းမူးလာပါ၍ ခ်က္ခ်င္း ေဆး႐ုံ ေဆးခန္း သြားျပဖို႔ အဆင္မေျပပါက ေအာက္ပါ သဘာ၀ နည္းမ်ားျဖင့္ ေသြးတိုးေရာဂါ သက္သာသြားေအာင္ ျပဳလုပ္ႏိုင္ၾကပါတယ္ေနာ္
(၁) ဒန႔္သလြန္႐ြက္ကို ေရစင္ေအာင္ေဆးၿပီး ေထာင္းလိုက္ပါ။ အရည္ညစ္ယူၿပီး လက္ဖက္ရည္ဇြန္း ၂ ဇြန္းခန႔္ကို ေသာက္လိုက္ပါ။ ေသြးတိုးခ်က္ခ်င္း သက္သာသြားေစပါတယ္။
(၂) သံပုရာသီးကို ခြဲၿပီး အေစ့ ၅ ေစ့ခန႔္ ဝါးစားလိုက္ပါ။ ေသြးတိုးခ်က္ခ်င္း သက္သာပါလိမ့္မည္။
(၃) သံပုရာသီး မရွိပါက သံပုရာပင္၏ အေခါက္ကို ေဆးေၾကာၿပီး ေရနဲ႔ ေသြးၿပီး ေသာက္ေပးႏိုင္ပါတယ္။
(၄) ဗန္ဒါ႐ြက္အႏု ၃၊ ၄ ႐ြက္ခန႔္ကို ေရစင္ေအာင္ေဆးၿပီး ၅ မိနစ္ခန႔္ ျပဳတ္ၿပီး ေသာက္ေပးပါ။
တစ္ေန႔ကို လက္ဖက္ရည္ခြက္ ၃ ခြက္ခန္႔ ေသာက္ေပးပါ။ ၅ ရက္နဲ႔ ၁ ပတ္အတြင္း ေသြးတိုးေရာဂါ သက္သာသြားပါမည္။
(သတိျပဳရန္)
ဗန္ဒါ႐ြက္ျပဳတ္ရည္ကို အလြန္အကြၽံ မေသာက္သင့္ပါ။ ဝမ္းခ်ဳပ္တတ္ပါတယ္။ ေသြးတိုးေရာဂါ ေဝဒနာရွင္မ်ားအတြက္ ေဘသဇၨဒါနအျဖစ္ မည္သူမဆို မွ်ေဝေပးႏိုင္ၾကပါတယ္။
Unicode ဖြင့်ဖတ်ရန်

သွေးတိုးရောဂါရှိသူများ သွေးတိုးပြီး ခေါင်းမူးလာပါ၍ ချက်ချင်း ဆေးရုံ ဆေးခန်း သွားပြဖို့ အဆင်မပြေပါက အောက်ပါ သဘာ၀ နည်းများဖြင့် သွေးတိုးရောဂါ သက်သာသွားအောင် ပြုလုပ်နိုင်ကြပါတယ်နော်
(၁) ဒန့်သလွန်ရွက်ကို ရေစင်အောင်ဆေးပြီး ထောင်းလိုက်ပါ။ အရည်ညစ်ယူပြီး လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ကို သောက်လိုက်ပါ။ သွေးတိုးချက်ချင်း သက်သာသွားစေပါတယ်။
(၂) သံပုရာသီးကို ခွဲပြီး အစေ့ ၅ စေ့ခန့် ဝါးစားလိုက်ပါ။ သွေးတိုးချက်ချင်း သက်သာပါလိမ့်မည်။
(၃) သံပုရာသီး မရှိပါက သံပုရာပင်၏ အခေါက်ကို ဆေးကြောပြီး ရေနဲ့ သွေးပြီး သောက်ပေးနိုင်ပါတယ်။
(၄) ဗန်ဒါရွက်အနု ၃၊ ၄ ရွက်ခန့်ကို ရေစင်အောင်ဆေးပြီး ၅ မိနစ်ခန့် ပြုတ်ပြီး သောက်ပေးပါ။
တစ်နေ့ကို လက်ဖက်ရည်ခွက် ၃ ခွက်ခန့် သောက်ပေးပါ။ ၅ ရက်နဲ့ ၁ ပတ်အတွင်း သွေးတိုးရောဂါ သက်သာသွားပါမည်။
(သတိပြုရန်)
ဗန်ဒါရွက်ပြုတ်ရည်ကို အလွန်အကျွံ မသောက်သင့်ပါ။ ဝမ်းချုပ်တတ်ပါတယ်။ သွေးတိုးရောဂါ ဝေဒနာရှင်များအတွက် ဘေသဇ္ဇဒါနအဖြစ် မည်သူမဆို မျှဝေပေးနိုင်ကြပါတယ်။
ခရက္ဒစ္ : ေစာႏြဲ႕ေနဆိုင္ (ပူတာအို)

မှတ်ချက်များ