Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
သနပ်ခါးပင်ဖြင့် ထင်းဆိုက်နေရလောက်အောင် ဈေးကွက်ပျက်နေသောမြန်မာ့ရိုးရာ သနပ်ခါး
ရေစကြို နယ်ထဲရောက်ရင် သနပ်ခါး ထင်း နဲ့ ဘူးသီးကြော်ရောင်းနေတာ ထမင်းချက်နေတာ မြင်ရပါလိမ့်မယ် (အချိန်ရရင် သွားလေ့လာပေါ့ဗျာ) တန်ဖိုး တခုဆိုတာ ဈေးကွက်ကို မူတည်ပါတယ် သနပ်ခါး အမြစ်ဆုံတွေကို မီးမွှေးဘို့လုပ်ကြပါတယ် အကောင်ဘလောင် တိုးမှာစိုးလို့ သနပ်ခါးပင်နဲ့ ခြံစည်းရိုးခပ်ထားသူတောင် ရှိပါတယ်
ခပ်ပေါပေါ သနပ်ခါးတွေဖြစ်မှာပါ အပွေးမကောင်းလောက်ပါဘူး လို့ထင်ရင်မှားပါတယ် ရောင်းချင်သူများပြီး ဝယ်လက်မရှိရင် ဈေးကျတာပါပဲ ရောင်းချင်သူများ အောင် ဝယ်ချင်သူမရှိအောင် အကြောင်းတစ်ခုကစေ့ဆော်ရင် ဈေးကွက်ပျက်ပါတယ် အဲ့ဒီအကြောင်းကို ဖန်တီးနိုင်သူဟာ ဆရာပေါ့
ရိုးရာသနပ်ခါး ကို မြတ်နိုးတာကတပိုင်းပါ သနပ်ခါးရောင်းရင် ရတဲ့ဈေးကတပိုင်းပါ (ဈေးကောင်းရမဲ့အချိန်ကို ထိန်းထားရမဲ့ ဒုက္ခနဲ့ မြတ်နိုးခြင်းကို လဲလှယ်ဖို့ရာ ငွေလိုပါတယ်) တန်ဖိုးတွေရဲ့ ဖွဲ့စည်းမှုအကြောင်းကို လက်ရှိရေစကြိုက သနပ်ခါးထင်းတွေက ပြောပြနေသလိုပါ
share from; theesaychin
မှတ်ချက်များ