အမႈိက္တစ္ထုပ္နဲ႔ အေႏြးထည္ တစ္ထည္လဲေပးတဲ့အစီအစဥ္ ပ်ဥ္းမနားၿမိဳ႕တြင္ စတင္
Zawgyi ျဖင့္ဖတ္ရန္
ကမာၻေျမႀကီးနဲ႔ သဘာဝပတ္ဝန္က်င္ကို သန႔္ရွင္းေစဖို႔အတြက္ ပ်ဥ္းမနားၿမိဳ႕တြင္ အမႈိက္နဲ႔ အေႏြးထည္ အက်ီလဲလည္ေပးတဲ့ အစီအစဥ္တစ္ခု စတင္ခဲ့တယ္လို႔ သိရပါတယ္။ ပ်ဥ္းမနားၿမိဳ႕ လူမႈကူညီေရး အဖြဲ႕တစ္ခုဟာ အမႈိက္တပိႆာ တထုပ္လာေပးရင္ အေႏြးထည္အက်ႌတစ္ထည္ေပးတဲ့ လႈပ္ရွားမႈက စတင္ျပဳလုပ္ေနပါတယ္။
ပလပ္စတစ္အပါအဝင္ သဘာဝပတ္ဝန္က်င္ကိုညစ္ညမ္းေစတဲ့ အမႈိက္ ၊ ေဆြ႕ေျမ့ဖို႔ ခက္ခဲ့တဲ့ အမႈိက္မ်ိဳးအစားေတြကို တစ္ပိသာ ၊ ေဖာ့ဘူးစတာေတြကို သူ႔တို႔ဆီလာပို႔ရင္ ေဆာင္ရာသီမွာ ဝတ္ဆင္ႏိုင္ဖို႔အတြက္ အေႏြးထည္အက်ႌ တစ္ထည္ လဲလွယ္ေပးတာ ျဖစ္ပါတယ္။'
အဲဒီလႈပ္ရွားမႈကို ဒီဇင္ဘာ ၁ရက္ေန႔ တနဂၤေႏြေန႔က စတင္ခဲ့တာျဖစ္ၿပီး ေဆာင္းရာသီကာလ လတိုင္းရဲ႕ အပတ္စဥ္ တနဂၤေႏြေန႔တိုင္းမွာ ပ်ဥ္းမနားၿမိဳ႕က ခ်ိဳ႕တဲ့တဲ့ရပ္ကြက္အမ်ားစုကို လွည့္လည္ကာ အမႈိက္နဲ႔ အေႏြးထည္ လဲလွယ္တာလို႔ လႈပ္ရွားမႈကို စတင္တဲ့ မွ်ေဝေသာ လက္မ်ား (ပ်ဥ္းမနား) ကူညီေရးအဖြဲ႕က သိရပါတယ္။
ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁ရက္ေန႔၊ လႈပ္ရွားမႈ စတင္တဲ့အခ်ိန္မွာပဲ အမႈိက္ ပိႆာ ၃၀၀ ရရွိခဲ့ၿပီး အေႏြးထည္ ၃၀၀ ကို ေဝမွ်ေပးခဲ့ရတယ္လို႔ သိရပါတယ္။
Credit: popolay
Unicode ဖြင့်ဖတ်ရန်
အမှိုက်တစ်ထုပ်နဲ့ အနွေးထည် တစ်ထည်လဲပေးတဲ့အစီအစဉ် ပျဉ်းမနားမြို့တွင် စတင်
ကမ္ဘာမြေကြီးနဲ့ သဘာဝပတ်ဝန်ကျင်ကို သန့်ရှင်းစေဖို့အတွက် ပျဉ်းမနားမြို့တွင် အမှိုက်နဲ့ အနွေးထည် အကျီလဲလည်ပေးတဲ့ အစီအစဉ်တစ်ခု စတင်ခဲ့တယ်လို့ သိရပါတယ်။ ပျဉ်းမနားမြို့ လူမှုကူညီရေး အဖွဲ့တစ်ခုဟာ အမှိုက်တပိဿာ တထုပ်လာပေးရင် အနွေးထည်အင်္ကျီတစ်ထည်ပေးတဲ့ လှုပ်ရှားမှုက စတင်ပြုလုပ်နေပါတယ်။
ပလပ်စတစ်အပါအဝင် သဘာဝပတ်ဝန်ကျင်ကိုညစ်ညမ်းစေတဲ့ အမှိုက် ၊ ဆွေ့မြေ့ဖို့ ခက်ခဲ့တဲ့ အမှိုက်မျိုးအစားတွေကို တစ်ပိသာ ၊ ဖော့ဘူးစတာတွေကို သူ့တို့ဆီလာပို့ရင် ဆောင်ရာသီမှာ ဝတ်ဆင်နိုင်ဖို့အတွက် အနွေးထည်အင်္ကျီ တစ်ထည် လဲလှယ်ပေးတာ ဖြစ်ပါတယ်။'
အဲဒီလှုပ်ရှားမှုကို ဒီဇင်ဘာ ၁ရက်နေ့ တနင်္ဂနွေနေ့က စတင်ခဲ့တာဖြစ်ပြီး ဆောင်းရာသီကာလ လတိုင်းရဲ့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းမှာ ပျဉ်းမနားမြို့က ချို့တဲ့တဲ့ရပ်ကွက်အများစုကို လှည့်လည်ကာ အမှိုက်နဲ့ အနွေးထည် လဲလှယ်တာလို့ လှုပ်ရှားမှုကို စတင်တဲ့ မျှဝေသော လက်များ (ပျဉ်းမနား) ကူညီရေးအဖွဲ့က သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ရက်နေ့၊ လှုပ်ရှားမှု စတင်တဲ့အချိန်မှာပဲ အမှိုက် ပိဿာ ၃၀၀ ရရှိခဲ့ပြီး အနွေးထည် ၃၀၀ ကို ဝေမျှပေးခဲ့ရတယ်လို့ သိရပါတယ်။
Credit: popolay

မှတ်ချက်များ