အစ္မလို ခင္ရတဲ့ အိျႏၵာေက်ာ္ဇင္ရဲ႕The Bridge Myanmar ကို သြားေရာက္ဝန္းရံခဲ့တဲ့ ေဖြးေဖြး






Zawgyi ျဖင့္ဖတ္ရန္

အရမ္းခ်စ္ဖို႔ေကာင္းတဲ့ မင္းသမီးေခ်ာေလးေဖြးေဖြးကေတာ့ေအာင္ျမင္တဲ့ ႐ုပ္ရွင္ေတြ၊ေၾကာ္ျငာေတြမ်ားစြာရဲ႕ ပင္တိုင္မင္းသမီးေလးျဖစ္ၿပီး ျမန္မာႏိုင္ငံရဲ႕အေအာင္ျမင္ဆုံး မင္းသမီးေတြထဲက တစ္ဦးဆိုလည္း မမွားပါဘူး။



ေပ်ာ္ေပ်ာ္ေနတတ္လို႔ လူခ်စ္လူခင္ေပါတဲ့ ေဖြးေဖြးကေတာ့ လတ္တေလာမွာ အစ္မလို ခင္မင္ရတဲ့ အိျႏၵာေက်ာ္ဇင္ရဲ႕The Bridge Myanmar ပြဲေလးကို သြားေရာက္ ဝန္းရံခဲ့တဲ့ သူမရဲ႕ပုံရိပ္ေတြကို လူမႈကြန္ယက္မွာေဝမွ်ေပးထားတာေတြ႕ရပါတယ္။ အၿမဲလိုလို ဖက္ရွင္က်ေနတဲ့ ေဖြးေဖြးကေတာ့ ေပါ့ေပါ့ပါးပါး ဖက္ရွင္ေလးနဲ႔ေတာင္ အရမ္းကို အထာက်ၿပီး ၾကည့္လို႔မိုက္ေနတာပါေနာ္။



အဆိုပါပုံရိပ္ေတြကိုေတာ့ ေဖြးေဖြးရဲ႕ဖခင္က “The Bridge ပြဲတက္ ” ဆိုၿပီး သမီးျဖစ္သူ ေဖြးေဖြးရဲ႕ခ်စ္စရာ ပြဲတက္ပုံရိပ္ေတြကို လူမႈကြန္ယက္မွာ ေဝမွ်ေပးထားတာပဲ ျဖစ္ပါတယ္။ စီနီယာလည္းျဖစ္ ေမာင္ႏွမေတြလိုလည္းျဖစ္ေနတဲ့ ေဖြးေဖြးနဲ႔ အိျႏၵာေက်ာ္ဇင္တို႔ အႏုပညာညီအမေတြရဲ႕ပုံရိပ္ေတြကေတာ့ အရမ္းကို ခ်စ္ဖို႔ေကာင္းေနတာပဲ ျဖစ္ပါတယ္။





အဆိုပါပြဲကိုေတာ့ ေဖြးေဖြးရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းတစ္ဦးျဖစ္တဲ့ အဆိုေတာ္ Ar T ကလည္း တက္ေရာက္ခဲ့တာ ေတြ႕ရပါတယ္။



သ႐ုပ္ေဆာင္ပိုင္းမွာ ထူးခြၽန္လြန္းတဲ့ မင္းသမီးေခ်ာေလး ေဖြးေဖြးကေတာ့ အကယ္ဒမီဆု ၃ ဆုတိတိကို ပိုင္ဆိုင္ထားသူေလးပဲ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ေဖြးေဖြးက ႐ုပ္ရွင္ေတြ ႐ိုက္ကူးျဖစ္ေနၿပီး ပြဲေတြလည္း တက္ျဖစ္ေနတယ္လို႔ သိရပါတယ္

share from: burmese.asia




Unicode ဖြင့်ဖတ်ရန်

အစ်မလို ခင်ရတဲ့ အိန္ဒြာကျော်ဇင်ရဲ့The Bridge Myanmar ကို သွားရောက်ဝန်းရံခဲ့တဲ့ ဖွေးဖွေး

အရမ်းချစ်ဖို့ကောင်းတဲ့ မင်းသမီးချောလေးဖွေးဖွေးကတော့အောင်မြင်တဲ့ ရုပ်ရှင်တွေ၊ကြော်ငြာတွေများစွာရဲ့ ပင်တိုင်မင်းသမီးလေးဖြစ်ပြီး မြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံး မင်းသမီးတွေထဲက တစ်ဦးဆိုလည်း မမှားပါဘူး။



ပျော်ပျော်နေတတ်လို့ လူချစ်လူခင်ပေါတဲ့ ဖွေးဖွေးကတော့ လတ်တလောမှာ အစ်မလို ခင်မင်ရတဲ့ အိန္ဒြာကျော်ဇင်ရဲ့The Bridge Myanmar ပွဲလေးကို သွားရောက် ဝန်းရံခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာဝေမျှပေးထားတာတွေ့ရပါတယ်။ အမြဲလိုလို ဖက်ရှင်ကျနေတဲ့ ဖွေးဖွေးကတော့ ပေါ့ပေါ့ပါးပါး ဖက်ရှင်လေးနဲ့တောင် အရမ်းကို အထာကျပြီး ကြည့်လို့မိုက်နေတာပါနော်။



အဆိုပါပုံရိပ်တွေကိုတော့ ဖွေးဖွေးရဲ့ဖခင်က “The Bridge ပွဲတက် ” ဆိုပြီး သမီးဖြစ်သူ ဖွေးဖွေးရဲ့ချစ်စရာ ပွဲတက်ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ စီနီယာလည်းဖြစ် မောင်နှမတွေလိုလည်းဖြစ်နေတဲ့ ဖွေးဖွေးနဲ့ အိန္ဒြာကျော်ဇင်တို့ အနုပညာညီအမတွေရဲ့ပုံရိပ်တွေကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာပဲ ဖြစ်ပါတယ်။


အဆိုပါပွဲကိုတော့ ဖွေးဖွေးရဲ့အချစ်ဆုံးသူငယ်ချင်းတစ်ဦးဖြစ်တဲ့ အဆိုတော် Ar T ကလည်း တက်ရောက်ခဲ့တာ တွေ့ရပါတယ်။



သရုပ်ဆောင်ပိုင်းမှာ ထူးချွန်လွန်းတဲ့ မင်းသမီးချောလေး ဖွေးဖွေးကတော့ အကယ်ဒမီဆု ၃ ဆုတိတိကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဖွေးဖွေးက ရုပ်ရှင်တွေ ရိုက်ကူးဖြစ်နေပြီး ပွဲတွေလည်း တက်ဖြစ်နေတယ်လို့ သိရပါတယ်

share from: burmese.asia


မှတ်ချက်များ