SEA Games မွာ ေ႐ႊတံဆိပ္ မမက္ေမာပဲ ေရနစ္သူကိုဆင္းကယ္ခဲ့တဲ့ အားကစားသမား




Zawgyi ျဖင့္ဖတ္ရန္

ဖိလစ္ပိုင္ႏိုင္ငံမွာ လက္ရွိက်င္းပေနဆဲ SEA Games 2019 မွာ ေရလႊာေလွ်ာစီးအားကစားနည္း ယွဥ္ၿပိဳင္ေနစဥ္ ဖိလစ္ပိုင္ကစားသမားက ပန္းဝင္ရန္နီးကပ္ေနၿပီး ပထမဆု ေ႐ႊတံဆိပ္ဆုဆြတ္ခူးရန္ေသခ်ာေနေသာ္လည္း ၿပိဳင္ပြဲကထြက္ကာ ေရနစ္ေနသူကို ဆင္းကယ္တဲ့ ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ပါတယ္။





ဖိလစ္ပိုင္ကစားသမား Roger Casugay က ေရလႊာေလ်ာစီး ယွဥ္ၿပိဳင္ေနစဥ္ သူ၏ၿပိဳင္ဘက္ အင္ဒိုနီးရွားကစားသမား Arip Nurhidayat ဟာ ႀကီးမားတဲ့ ေရလႈိင္းႀကီး ႐ိုက္ခံရၿပီးေနာက္ ေရလႊာေလ်ာစီးဘုတ္ျပားေပၚကေန ျပဳတ္က်ကာ ဘုတ္ျပားနဲ႔ေျခေထာက္ တြဲခ်ီထားတဲ့ ႀကိဳးလည္း ျပတ္သြားခဲ့ပါတယ္။



ဒီအျဖစ္ပ်က္ကို ျမင္လိုက္တဲ့ Roger ဟာ ပန္းဝင္ခါနီးျဖစ္ေပမယ့္ ေနာက္ျပန္လွည့္ကာ ေရနစ္ေနတဲ့ Arip ကို အသက္ကယ္တင္ႏိုင္ခဲ့ပါတယ္။ သူ႔ရဲ႕ဘုတ္ျပားေပၚမွာ ႏွစ္ေယာက္သားတက္စီးကာ ကမ္းေျခကို ျပန္လာႏိုင္ခဲ့တဲ့အတြက္ အသက္ေဘးမွ လြတ္သြားခဲ့ပါတယ္။ ဖိလစ္ပိုင္တြင္ ကမ္မူရီတိုင္ဖုန္းမုန္တိုင္း ဝင္ေရာက္ေနတဲ့အတြက္ ေရလႈိင္းမ်ားက အသက္အႏၲရာယ္ရွိႏိုင္တဲ့အတြက္ ေရလႊာေလ်ာစီးၿပိဳင္ပြဲကို စီစဥ္သူေတြက ေ႐ြ႕ဆိုင္းလိုက္ၾကပါတယ္။



ဖိလစ္ပိုင္ကစားသမား Roger က အားကစားသမားတစ္ေယာက္ရဲ႕ စိတ္ဓါတ္နဲ႔ ၿပိဳင္ဘက္ပင္ျဖစ္ေနေသာ္ျငားလည္း ေ႐ႊတံဆိပ္ကို စြန႔္လႊတ္ကာ လူသားဆန္တဲ့ ႏွလုံးသားကို ျပသႏိုင္ခဲ့ပါတယ္။ အင္ဒိုနီးရွားကစားသမား Arip က Roger ရဲ႕လက္ကိုကိုင္ေျမႇာက္ၿပီး အႏိုင္ရတဲ့သူရဲေကာင္းအျဖစ္ ဂုဏ္ျပဳခဲ့ေၾကာင္း Fox Sport သတင္းတြင္ ပါရွိသည္။

Credit: popolay 





Unicode ဖြင့်ဖတ်ရန်

SEA Games မှာ ရွှေတံဆိပ် မမက်မောပဲ ရေနစ်သူကိုဆင်းကယ်ခဲ့တဲ့ အားကစားသမား


ဖိလစ်ပိုင်နိုင်ငံမှာ လက်ရှိကျင်းပနေဆဲ SEA Games 2019 မှာ ရေလွှာလျှောစီးအားကစားနည်း ယှဉ်ပြိုင်နေစဉ် ဖိလစ်ပိုင်ကစားသမားက ပန်းဝင်ရန်နီးကပ်နေပြီး ပထမဆု ရွှေတံဆိပ်ဆုဆွတ်ခူးရန်သေချာနေသော်လည်း ပြိုင်ပွဲကထွက်ကာ ရေနစ်နေသူကို ဆင်းကယ်တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။



ဖိလစ်ပိုင်ကစားသမား Roger Casugay က ရေလွှာလျောစီး ယှဉ်ပြိုင်နေစဉ် သူ၏ပြိုင်ဘက် အင်ဒိုနီးရှားကစားသမား Arip Nurhidayat ဟာ ကြီးမားတဲ့ ရေလှိုင်းကြီး ရိုက်ခံရပြီးနောက် ရေလွှာလျောစီးဘုတ်ပြားပေါ်ကနေ ပြုတ်ကျကာ ဘုတ်ပြားနဲ့ခြေထောက် တွဲချီထားတဲ့ ကြိုးလည်း ပြတ်သွားခဲ့ပါတယ်။



ဒီအဖြစ်ပျက်ကို မြင်လိုက်တဲ့ Roger ဟာ ပန်းဝင်ခါနီးဖြစ်ပေမယ့် နောက်ပြန်လှည့်ကာ ရေနစ်နေတဲ့ Arip ကို အသက်ကယ်တင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ဘုတ်ပြားပေါ်မှာ နှစ်ယောက်သားတက်စီးကာ ကမ်းခြေကို ပြန်လာနိုင်ခဲ့တဲ့အတွက် အသက်ဘေးမှ လွတ်သွားခဲ့ပါတယ်။ ဖိလစ်ပိုင်တွင် ကမ်မူရီတိုင်ဖုန်းမုန်တိုင်း ဝင်ရောက်နေတဲ့အတွက် ရေလှိုင်းများက အသက်အန္တရာယ်ရှိနိုင်တဲ့အတွက် ရေလွှာလျောစီးပြိုင်ပွဲကို စီစဉ်သူတွေက ရွေ့ဆိုင်းလိုက်ကြပါတယ်။



ဖိလစ်ပိုင်ကစားသမား Roger က အားကစားသမားတစ်ယောက်ရဲ့ စိတ်ဓါတ်နဲ့ ပြိုင်ဘက်ပင်ဖြစ်နေသော်ငြားလည်း ရွှေတံဆိပ်ကို စွန့်လွှတ်ကာ လူသားဆန်တဲ့ နှလုံးသားကို ပြသနိုင်ခဲ့ပါတယ်။ အင်ဒိုနီးရှားကစားသမား Arip က Roger ရဲ့လက်ကိုကိုင်မြှောက်ပြီး အနိုင်ရတဲ့သူရဲကောင်းအဖြစ် ဂုဏ်ပြုခဲ့ကြောင်း Fox Sport သတင်းတွင် ပါရှိသည်။

Credit: popolay 

မှတ်ချက်များ