The Mask Singers ရဲ႕ သီးေမႊးက အိမ့္ခ်စ္လို႔ေဝဖန္ေနၾကတာကုိရွင္းလိုက္တဲ့ အိမ့္ခ်စ္
Zawgyiျဖင့္ဖတ္ရန္
The Mask Singer အစီအစဥ္ဟာ ေက်ာိၾကားတဲ့ အႏုပညာရွင္ေတြက မ်က္ႏွာဖံုးဒီဇိုင္းအလန္းေတြကိုဝတ္ဆင္ေဖ်ာ္ေျဖရၿပီး ဆယ္လီစံုေထာက္လုိ႔ ေခၚတဲ့ အႏုပညာရွင္ေလးဦးက မ်က္ႏွာဖံုးစြပ္ထားတဲ့အႏုပညာ႐ွင္ေတြ ဘယ္သူေတြ ျဖစ္မလဲဆိုတာကို ခန္႔မွန္းၾကရတဲ့အစီအစဥ္ပါ။ အဲ့ဒီအစီအစဥ္ကို ေတာင္ကိုရီးယားရဲ႕ MBC ႐ုပ္သံကစတင္႐ိုက္ကူးထုတ္လႊင့္ခဲ့တာျဖစ္ၿပီး အခုဆိုရင္ အေမရိကန္ျပည္ေထာင္စု ၊ ထိုင္းႏိုင္ငံ ၊ ျပင္သစ္ ၊ အဂၤလန္ စတဲ့ ႏိုင္ငံေတြအျပင္ ျမန္မာႏိုင္ငံကလည္း ျပန္လည္ရိုက္ကူးထုတ္လႊင့္ေနတာ တတိယအပတ္ကိုေတာင္ေရာက္ခဲ့ပါၿပီ။
သီဆုိသူေတြ ဘယ္သူျဖစ္မလဲဆိုတာ ခန္႔မွန္းရတာက ေပ်ာ္ဖို႔ေကာင္းသလို ရင္ခုန္စိတ္လွုပ္ရွားစရာလည္းေကာင္းတာေၾကာင့္ ပရိသတ္ေတြအႀကိဳက္ေတြ႕တဲ့အစီအစဥ္တစ္ခုအျဖစ္ရပ္တည္ေနတယ္ဆိုရင္လည္းမမွားပါဘူး။ ဘယ္သူျဖစ္မယ္ထင္တယ္ဆိုတဲ့အေျဖကိုေတာ့ ဆယ္လီစံုေထာက္ေတြက မဲေပးဆံုးျဖတ္ရၿပီး ၿပီးခဲ့တဲ့အပတ္ကေတာ့ ပိုင္တံခြန္က ပြဲကေနအေစာဆံုးထြက္ခြာသြားခ့ဲရပါတယ္။
အဲဒီမွာသီဆိုေနတဲ့ အဆိုေတာ္ေတြထဲဲမွာ သီးေမႊးက အိမ့္ခ်စ္ဆိုတဲ့ ေဝဖန္သံေတြထြက္ေနျပီး ဒုိင္ေတြကုိယ္တုိင္ကိုက သီးေမႊးဟာ အိမ့္ခ်စ္မ်ားလားလို႔ဇေဝဇဝါျဖစ္ခဲ့ရပါတယ္။ဒါေပမယ့္ျပီးခဲ့တဲ့ပြဲစဥ္မွာ ထြန္းထြန္းတု႔ိက သီးေမႊးကုိအိမ့္ခ်စ္လားလို႔ သံသယဝင္ေနခ်ိန္ မခိုင္ေလးက အိမ့္ခ်စ္ အဲ့ေလာက္မကိတ္ဘူးလို႔ ေျပာခဲ့တာပါ။ အဲဒီျဖစ္ရပ္ဟာ ပရိသတ္ေတြကုိလည္း သေဘာက်ေစခဲ့ျပီး ဆယ္လီစံုေထာက္္ေတြအတြက္လည္းရယ္ျမဴးစရာ ကိစၥတစ္ခုျဖစ္ခဲ့ပါတယ္။
ပရိသတ္ေတြကလည္း အိမ့္ခ်စ္မကိတ္တာ မခိုင္ေလးသိတယ္ဆိုျပီး စေနာက္ေနခဲ့ၾကျပီး သေဘာတက်နဲ႔ ျပန္ share ေနခဲ့ၾကတာပါ။ အိမ့္ခ်စ္ကလည္း အဲဒါကုိ သေဘာေတြက်ျပီး မခိုင္ေလးနဲ႔ ရတနာမုိင္အပါအဝင္ ဆယ္လီစံုေထာက္ေတြဝိုင္းၾကည့္ေနတဲ့ ဓာတ္ပံုေလးကုိ သူမရဲ႕ လူမႈကြန္ယက္ေပၚမွာျပန္တင္ျပီး “ဘယ္သူပဲျဖစ္ျဖစ္ သီးေမႊးက အိမ့္ခ်စ္မဟုတ္တာေသခ်ာတယ္္”လို႔ ရယ္တဲ့ပံုေလးေတြနဲ႔တင္ထားခဲ့တာပါ။
ဒါေပမယ့္ ပရိသတ္ေတြကေတာ့ ဒါကုိလွည့္ကြက္လို႔ထင္ၾကျပီး အိမ့္ခ်စ္က သီးေမႊးပဲျဖစ္ရမယ္လုိ႔ ဆက္လက္ထင္ေနသူေတြကလည္းရွိေနဆဲပါ။ သီးေမႊးရဲ႕အသံေရာလူေရာကလည္း အိမ့္ခ်စ္နဲ႔မတိမ္းမယိိမ္းျဖစ္ေနတာေၾကာင့္ အိမ့္ခ်စ္္ဟုတ္မဟုတ္ အတပ္ေျပာဖို႔ခက္တဲ့အေနအထားပါ။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ The Mask Singers ပြဲကုိၾကည့္ျဖစ္ၾကလား။ သီးေမႊးက အိမ့္ခ်စ္တကယ္ဟုတ္မယ္ထင္လား။ ထင္ျမင္ခ်က္ေလးေတြကုိေဝမ်ွခဲ့ၾကပါဦး။
Unicode ဖြင့်ဖတ်ရန်
The Mask Singer အစီအစဉ်ဟာ ကျောိကြားတဲ့ အနုပညာရှင်တွေက မျက်နှာဖုံးဒီဇိုင်းအလန်းတွေကိုဝတ်ဆင်ဖျော်ဖြေရပြီး ဆယ်လီစုံထောက်လို့ ခေါ်တဲ့ အနုပညာရှင်လေးဦးက မျက်နှာဖုံးစွပ်ထားတဲ့အနုပညာရှင်တွေ ဘယ်သူတွေ ဖြစ်မလဲဆိုတာကို ခန့်မှန်းကြရတဲ့အစီအစဉ်ပါ။ အဲ့ဒီအစီအစဉ်ကို တောင်ကိုရီးယားရဲ့ MBC ရုပ်သံကစတင်ရိုက်ကူးထုတ်လွှင့်ခဲ့တာဖြစ်ပြီး အခုဆိုရင် အမေရိကန်ပြည်ထောင်စု ၊ ထိုင်းနိုင်ငံ ၊ ပြင်သစ် ၊ အင်္ဂလန် စတဲ့ နိုင်ငံတွေအပြင် မြန်မာနိုင်ငံကလည်း ပြန်လည်ရိုက်ကူးထုတ်လွှင့်နေတာ တတိယအပတ်ကိုတောင်ရောက်ခဲ့ပါပြီ။
သီဆိုသူတွေ ဘယ်သူဖြစ်မလဲဆိုတာ ခန့်မှန်းရတာက ပျော်ဖို့ကောင်းသလို ရင်ခုန်စိတ်လှုပ်ရှားစရာလည်းကောင်းတာကြောင့် ပရိသတ်တွေအကြိုက်တွေ့တဲ့အစီအစဉ်တစ်ခုအဖြစ်ရပ်တည်နေတယ်ဆိုရင်လည်းမမှားပါဘူး။ ဘယ်သူဖြစ်မယ်ထင်တယ်ဆိုတဲ့အဖြေကိုတော့ ဆယ်လီစုံထောက်တွေက မဲပေးဆုံးဖြတ်ရပြီး ပြီးခဲ့တဲ့အပတ်ကတော့ ပိုင်တံခွန်က ပွဲကနေအစောဆုံးထွက်ခွာသွားခဲ့ရပါတယ်။
အဲဒီမှာသီဆိုနေတဲ့ အဆိုတော်တွေထဲမှာ သီးမွှေးက အိမ့်ချစ်ဆိုတဲ့ ဝေဖန်သံတွေထွက်နေပြီး ဒိုင်တွေကိုယ်တိုင်ကိုက သီးမွှေးဟာ အိမ့်ချစ်များလားလို့ဇဝေဇဝါဖြစ်ခဲ့ရပါတယ်။ဒါပေမယ့်ပြီးခဲ့တဲ့ပွဲစဉ်မှာ ထွန်းထွန်းတု့ိက သီးမွှေးကိုအိမ့်ချစ်လားလို့ သံသယဝင်နေချိန် မခိုင်လေးက အိမ့်ချစ် အဲ့လောက်မကိတ်ဘူးလို့ ပြောခဲ့တာပါ။ အဲဒီဖြစ်ရပ်ဟာ ပရိသတ်တွေကိုလည်း သဘောကျစေခဲ့ပြီး ဆယ်လီစုံထောက်တွေအတွက်လည်းရယ်မြူးစရာ ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။
ပရိသတ်တွေကလည်း အိမ့်ချစ်မကိတ်တာ မခိုင်လေးသိတယ်ဆိုပြီး စနောက်နေခဲ့ကြပြီး သဘောတကျနဲ့ ပြန် share နေခဲ့ကြတာပါ။ အိမ့်ချစ်ကလည်း အဲဒါကို သဘောတွေကျပြီး မခိုင်လေးနဲ့ ရတနာမိုင်အပါအဝင် ဆယ်လီစုံထောက်တွေဝိုင်းကြည့်နေတဲ့ ဓာတ်ပုံလေးကို သူမရဲ့ လူမှုကွန်ယက်ပေါ်မှာပြန်တင်ပြီး “ဘယ်သူပဲဖြစ်ဖြစ် သီးမွှေးက အိမ့်ချစ်မဟုတ်တာသေချာတယ်”လို့ ရယ်တဲ့ပုံလေးတွေနဲ့တင်ထားခဲ့တာပါ။
ဒါပေမယ့် ပရိသတ်တွေကတော့ ဒါကိုလှည့်ကွက်လို့ထင်ကြပြီး အိမ့်ချစ်က သီးမွှေးပဲဖြစ်ရမယ်လို့ ဆက်လက်ထင်နေသူတွေကလည်းရှိနေဆဲပါ။ သီးမွှေးရဲ့အသံရောလူရောကလည်း အိမ့်ချစ်နဲ့မတိမ်းမယိမ်းဖြစ်နေတာကြောင့် အိမ့်ချစ်ဟုတ်မဟုတ် အတပ်ပြောဖို့ခက်တဲ့အနေအထားပါ။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော The Mask Singers ပွဲကိုကြည့်ဖြစ်ကြလား။ သီးမွှေးက အိမ့်ချစ်တကယ်ဟုတ်မယ်ထင်လား။ ထင်မြင်ချက်လေးတွေကိုဝေမျှခဲ့ကြပါဦး။
Credit: Yangon News


မှတ်ချက်များ