ဆီးရီးယား နှင့် အီရတ်နိုင်ငံ အတွင်း အကြမ်းဖက် တိုက်ခိုက်လျက် ရှိသည့် ISIS အစ္စလာမ္မစ် စစ်သွေးကြွ များအပေါ် လေကြောင်းမှ တိုက်ခိုက်နေမှုကို တုံ့ပြန်သည့် အနေဖြင့် ထပ်မံ ခေါင်းဖြတ် သတ်ဖြတ်ရန် ခြိမ်းခြောက်ခြင်း ခံထားရသည့် ဗြိတိန်နိုင်ငံမှ အကူအညီ ပေးရေး လုပ်သား ဖြစ်သူ Alan Henning ကိုလူ သားချင်း စာနာ ထောက်ထားသည့် အနေဖြင့် ပြန်လည်လွှတ် ပေးရန် အယ်လ်ကိုင်ဒါ အဖွဲ့က ISIS အစ္စ လာမ္မစ် စစ်သွေးကြွ အဖွဲ့ကို တောင်းဆို ခဲ့ကြောင်း ဗြိတိန်နိုင်ငံ ထုတ် သတင်းစာ တစ်စောင်၏ ဖော်ပြချက် အရ သိရသည်။
အမေရိကန် ပြည်ထောင်စုတွင် အကြမ်းဖက် တိုက်ခိုက်မှု များကို လုပ်ဆောင် ခဲ့သည့် အယ်လ်ကိုင်ဒါ အဖွဲ့ သည် ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့၏ ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံထားရသည့် ဗြိတိန်နိုင်ငံသား Alan Henning ကို ပြန်လည် လွှတ်ပေးရန်နှင့် ၄င်းသည် ဒေသခံပြည်သူများ ဒုက္ခဆင်းရဲ နှင့် ကြုံတွေ့နေရမှု အပေါ် လာရောက် အကူအညီ ပေးအပ်နေသူ တစ်ဦး ဖြစ်သောကြောင့် ၄င်းကို ပြန်လည် လွှတ်ပေးရန်
တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
Alan Henning သည် ယခင်က အငှားယာဉ်မောင်း တစ်ဦးဖြစ်ပြီး ဆီးရီးယား နိုင်ငံအတွင်း ရှိ ဒုက္ခသည်များ ကို အကူအညီ ပေးရန်အတွက် ဇနီးဖြစ်သူ နှင့် သား၊ သမီးနှစ်ဦးကို ခေါ်ဆောင်၍ ဆီးရီးယား နိုင်ငံ အတွင်းရှိ အယ်လ်ဒါနာမြို့ သို့ လွန်ခဲ့သည့် နှစ်အတွင်းက ရောက်ရှိ လာခဲ့သူ ဖြစ်ကြောင်း သိရသည်။
၎င်းသည် အစ္စလာမ္မစ် စစ်သွေးကြွ များ၏ ဖမ်းဆီးခြင်းကို လွန်ခဲ့သည့် ဒီဇင်ဘာလ အတွင်းက ခံခဲ့ရခြင်း
ဖြစ်သည်။ ၄င်းကို ပြန်လည် လွှတ်ပေးရန် တိုက်တွန်း ပြောကြား ထားသည့် အယ်လ်ကိုင်ဒါ အဖွဲ့၏ တောင်း ဆိုချက် သည် အဆိုပါ အစ္စလာမ္မစ် စစ်သွေးကြွ များက အနောက်နိုင်ငံ များမှ ဓားစာခံ သုံးဦးကို ခေါင်းဖြတ် ကွပ်မျက် ခဲ့ခြင်းကြောင့် နိုင်ငံတကာ အသိုက်အဝန်း ၏ ပြစ်တင် ရှုတ်ချမှုကို ခံခဲ့ရပြီး နောက်ပိုင်း ထွက်ပေါ် လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
PyiChitThar
ပင်မ
/
ဗြိတိန်နိုင်ငံမှ အကူအညီ ပေးရေး လုပ်သား Alan Henning ကို ပြန်လွှတ်ပေးရန် အယ်လ်ကိုင်ဒါ အဖွဲ့က ISIS စစ်သွေးကြွ အဖွဲ့ကို တောင်းဆို


မှတ်ချက်များ