မွန် ပြည်နယ် မော်လမြိုင်မြို့မှ သဘင် ပညာရှင်များအား မွန်ပြည်နယ် သမ ဝါယမဦးစီးဌာနမှ ငွေကျပ် သိန်း ၃၅၅ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်မှ ရည်မှန်းထားသော ၂ဝ၁၅ခုနှစ်တွင် ဆင်းရဲမွဲတေမှု ၂၆ ရာခိုင်နှုန်းမှ ၁၆ရာခိုင်နှုန်းသို့ လျှော့ ချနိုင်ရေးအတွက် ထုတ်ချေးခဲ့ခြင်း လည်းဖြစ်ကြောင်း သိရသည်။
''နှစ်တိုင်း အတိုးနှုန်းကြီးကြီးနဲ့ ဇာတ်တည်ထောင်သူတွေက အဖွဲ့ သား ၃၇ယောက်ရဲ့ လူမှုရေး၊ ကျန်း မာရေး၊ ပညာရေး၊ ဇာတ်နားတဲ့ ရာ သီတစ်မိုးတွင်းလုံး တစ်နွေလုံး ရုန်း ကန်ခဲ့ရပါတယ်။ အခုလို ကျွန်တော် တို့ဇာတ်သဘင်ကို အဖက်ဖက်က နေ ကူညီပံ့ပိုးကြတာ အရမ်းဝမ်းသာ ပါတယ်''ဟုမွန်ပြည်နယ်၊ မော်လ မြိုင် သဘင်ပညာရှင်များ အစည်းအရုံးမှ ဘဏ္ဍာရေးမှူး ဦးမင်းနိုင်စိုးက ပြော သည်။
မော်လမြိုင်မြို့ရှိ သဘင်ပညာ ရှင်များ အစည်းအရုံးတွင် အသင်း ဝင်ထားသည့် ဇာတ်သဘင် တည် ထောင် သူ ၃၅ဦး၊ အမှုဆောင်အဖွဲ့ ဝင်ငါးဦးဖြင့် သဘင်ပညာရှင်များ အစည်းအရုံး ငွေစုငွေချေး သမဝါ ယမအသင်း ဖွဲ့စည်းခဲ့ရာ အဆိုပါ တည်ထောင်သူ ၃၅ဦးနှင့် အမှု ဆောင် ငါးဦးတို့အား ဇာတ်သဘင် တည်ထောင်သူ တစ်ဦးလျှင် ၁ဝသိန်း နှုန်း၊ အမှုဆောင်တစ်ဦးလျှင် တစ် သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း ၃၅၅ကို ထုတ်ချေးခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြဟန် ထံမှ သိရသည်။
''အရင်တုန်းကတော့ သမဝါ ယမအသင်းက လူတစ်ဦးချင်းကိုပဲ ထုတ်ချေးပေးတယ်။ အခုတော့ ဇာတ်အဖွဲ့ တစ်ဖွဲ့မှာ လူ ၃၇ဦးရှိ တယ်။ ဒါပေမဲ့ ဇာတ်တည်ထောင်သူ ကိုပဲ ချေးလိုက်တယ်။ သူကတစ်ဆင့် သူ့ဇာတ် အဖွဲ့မှာရှိတဲ့ တခြားသူတွေ ကို ထပ်ဆင့်ပြန်လည်ချေးပေးနိုင်မှာ ဖြစ်တယ်'' ဟု ၄င်းက ပြောသည်။
ချေးငွေထုတ်ချေးရာတွင် ဝိုင်း ကြီးချုပ်စနစ်ဖြင့် ထုတ်ချေးခြင်းဖြစ်ပြီး စနစ်တွင် အာမခံရမည့်အချက်သုံး ချက်ရှိကြောင်း သိရသည်။
၎င်းတို့မှာ ချေးငွေအား အလွဲ သုံးစားမပြုရန် အချင်းချင်း ထိန်း ကျောင်းခြင်း၊ ရရှိသည့်ချေးငွေကို လုပ် ငန်း၌ ထိရောက်စွာ သုံးစွဲရန် ထိန်း ကျောင်းခြင်း၊ သတ်မှတ်ကာလအတွင်း ချေးငွေအရင်းနှင့် အတိုးများအား မှန်မှန်ကန်ကန် ပြန်လည်ပေးဆပ် အောင် အချင်းချင်း ကြပ်မတ်ထိန်း ကျောင်းရမည်ဖြစ်ပြီး အဖွဲ့ဝင်တစ် ဦး ပေးဆပ်ရန် ပျက်ကွက်ပါက ကျန်အဖွဲ့ ဝင်များက စိုက်လျော်ပေးရမည်ဖြစ် သည်။
၂ဝ၁၅ခုနှစ်တွင် ဆင်းရဲမှု ၂၆ ရာခိုင်နှုန်းမှ ၁၆ရာခိုင်နှုန်းသို့ လျှော့ ချနိုင်ရေး၊ ကုလသမဂ္ဂ၏ ထောင်စု နှစ် ရည်မှန်းချက်များ အကောင် အထည်ဖော်ရေးတို့ကို ထိရောက် စွာ ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူ များ၏ လူမှုစီးပွား အမှန်တကယ် တိုးတက်လာမည်ဖြစ်ကြောင်း သိရ သည်။
မွန်ပြည်နယ် ၁ဝမြို့နယ် အ တွင်း သမဝါယမအသင်းပေါင်း ၇ဝ၂ သင်းဖွဲ့စည်းပြီး အသေးစား အရင်းအနှီး
ချေးငွေ လုပ်ငန်းများ ဆောင်ရွက်နေသော အသင်းမှာ ၄ဝ၇သင်းရှိကာ ထုတ်ချေးငွေ စုစု ပေါင်း ၇၁၁၄၃ ဒသမ ၁၆ သိန်း ထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။
Democracytoday

မှတ်ချက်များ