Apple Watch အကြောင်းတစေ့တစောင်း

ပြီးခဲ့တဲ့ (၁)နှစ်၊ (၂)နှစ်အတွင်း Apple ရဲ့ Event တစ်ခုခုပြီးတိုင်း Apple ရဲ့ ပရိသတ်တွေ မျှော်လင့်တောင့် တ လေ့ရှိတဲ့ အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ event တစ်ခု စတင်ခါနီးအချိန်တိုင်း သတင်းထွက် ပေါ် လာ လေ့ရှိပြီး event ပြီးသွားတဲ့အခါ ကြေညာခြင်း၊ ထုတ်ဖော်ပြသခြင်း လုံးဝမရှိဖူးသေးတဲ့ Apple ရဲ့ wearable device ပါပဲ။ Apple ရဲ့ wearable device ဟာ တစ်နှစ်ပြီးတစ်နှစ် ကောလာဟလ သတင်းအဖြစ် သာ တည်ရှိနေရာကနေ ယခုနှစ် september event မှာတော့ အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ယခုကျင်းပခဲ့တဲ့ Apple ရဲ့ September Special Event 2014 မှာတော့ Apple Watch လို့ အမည်ရတဲ့ စမတ် နာရီကို ထူးခြားအံ့သြမှုတွေနဲ့အတူ ချပြနိုင်ခဲ့ပြီဖြစ်ပါတယ်။ နှစ်ချီစောင့်စားခဲ့ရတဲ့ apple ပရိသတ်တွေအ ဖို့ စောင့်ရတဲ့အချိန်နဲ့ တန်အောင် ပြီးပြည့်စုံပြီး စွဲဆောင်မှုရှိလှတဲ့ Apple Watch ကို မြင်လိုက်တဲ့အခါ စောင့် ဆိုင်းခဲ့ရတဲ့အချိန်တွေကို မေ့သွားစေလောက်ပါတယ်။ စမတ်နာရီကို တခြား ထိပ်တန်းနည်းပညာ ကုမ္ပဏီ
တွေက ဈေးကွက်မှာ အပြိုင်အဆိုင်ထုတ်လုပ်နေပြီး ဒုတိယမျိုးဆက်၊ တတိယမျိုးဆက် အဆင့်ထိ ရောက် ရှိနေပြီးဖြစ်ပါတယ်။

ဒါပေမဲ့ Apple ဟာ smart watch ဈေးကွက်ထဲကို အလျင်စလို မ၀င်ရောက်လာပဲ Apple Watch ကို အချိန်ယူ တည်ဆောက်ပြီး ပြီးပြည့်စုံတဲ့အချိန်ကျမှ ဈေးကွက်ထဲဝင်ရောက်လာတဲ့အတွက် လက်ရှိ Smart Watch
တွေရဲ့ အားနည်းချက်တွေကို ပြင်ဆင်နိုင်ခဲ့ပါတယ်။ လှပပြီး ဆွဲဆောင်မှုရှိရုံသာမက တကယ့် နာရီအစစ် တစ်လုံးနဲ့မခြား ခံစားရစေဖို့ ပြုလုပ်ထားတာက Apple ရဲ့ အားသာချက်ဖြစ်ပါတယ်။

နည်းပညာပိုင်းအရလည်း အမြဲတမ်း အသာစီးရရှိနေတဲ့ Apple ဟာ Apple Watch ကို ခေတ်ရှေ့ပြေးတဲ့ အဆင်တန်ဆာတစ်ခု၊ နေ့စဉ်အသုံးပြုရမယ့် နည်းပညာပစ္စည်းတစ်ခု၊ ကျန်းမာရေးအသုံးချ နည်းပညာ ပစ္စတည်းတစ်ခုသဖွယ် အသုံးဝင်နိုင်အောင် တည်ဆောက်ထားတာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။

Apple Watch ရဲ့ ကိုယ်ထည်အိမ်ကို Stainless Steel, Space Black Stainless Steel, Silver Aluminum, Space Gray Aluminum, 18-Karat Yellow Gold, 18-Karat Rose Gold ဆိုပြီး အမျိုးအစား ၆ မျိုး ထုတ် လုပ်မှာဖြစ်ပါတယ်။ အဲဒီ အမျိုးအစား ၆ မျိုးမှာ Normal, Sport, Edition ဆိုပြီး ကိုယ်နဲ့လိုက်ဖက်မယ့် collection ကို ထပ်မံရွေးချယ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကိုယ်ထည်အိမ်ရဲ့ အရွယ်အစားကို 38 mm နဲ့ 42 mm နှစ်မျိုး ထုတ်လုပ်မှာဖြစ်ပြီး လောလောဆယ်မှာ လက်ပတ်အမျိုးအစားပေါင်း ၁၈ မျိုးခန့် ထုတ်လုပ် ထားတဲ့ အတွက် ကိုယ်ထည်အိမ်နဲ့ လက်ပတ်ကြိုးကို ကိုယ်တိုင်စိတ်ကြိုက် ပေါင်းစပ် အသုံးပြုနိုင်မှာဖြစ် ပါတယ်။

Apple Watch ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကတော့ သီချင်းနားထောင်မယ်၊ ဓာတ်ပုံတွေမျှဝေမယ်၊ ဖုန်း လက်ခံပြောဆိုမယ်၊ လမ်းညွှန်သဖွယ်အသုံးပြုမယ်၊ ခန္ဓာကိုယ်ရဲ့ တစ်နေ့တာလှုပ်ရှားမှုမှတ်တမ်းကို သိမ်း ဆည်းထားမယ်၊ လူမှုကွန်ယက်တွေဆီကနေ သတိပေးချက်တွေ လက်ခံရရှိမယ် အစရှိသည်ဖြင့် iPhone နဲ့ ချိတ်ဆက်ပြီး များပြားလှတဲ့ လုပ်ငန်းဆောင်တာတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်နိုင်တဲ့အတွက် Apple Watch မှာ ကြီးကြီးမားမား ကို့ရို့ကားယား ခလုတ်တွေ၊ နှိပ်စရာနေ ရာတွေ ပါဝင်မှာမဟုတ်ဘဲ Digital Crown လို့ တင်စားထားတဲ့ လှည့်ပြီး၊ နှိပ်ပြီးအသုံးပြုနိုင်တဲ့ နာရီ သော့ သီးလေးသာ ပါဝင်မှာဖြစ်ပါတယ်။ နာရီရဲ့ မျက်နှာပြင်ဟာ ထိသိမှုအား အလွန်ကောင်းတဲ့ flexible retina display အမျိုးအစားဖြစ်ပြီး မျက်နှာပြင်ပေါ်ကျရောက်လာတဲ့ တို့ထိမှုရဲ့ ဖိအားကို အတိအကျသိရှိနိုင်စေပါ တယ်။

နာရီကိုယ်ထည်အိမ်ရဲ့ နောက်ကျောဘက်မှာတော့ Heart rate sensor, GPS နဲ့ Accelerometer Sensor တွေ တပ်ဆင်ထည့်သွင်းထားပြီး လှုပ်ရှားမှုမှန်သမျှကို ခြေရာခံ ဖော်ပြပေးနိုင်မှာဖြစ်ပါတယ်။ 2015 အစောပိုင်း ကာလမှ ဈေးကွက်ထဲရောက်ရှိလာမှာဖြစ်ပါတယ်။

TechSpace Journal

မှတ်ချက်များ