![]() |
| ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း |
ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်းက ပြောပါတယ်။
ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သစ်မှောင်ခိုတွေကို ဘာကြောင့် မထိန်းချုပ်နိုင်ရတာ လဲဆိုတဲ့ မင်းကင်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင် ရဲ့ မေးခွန်းကို ဖြေကြား ရာမှာ ပြောခဲ့တာပါ။
သက်ဆိုင်ရာ နယ်မြေတွေမှာ ပုံမှန်ဖမ်းဆီးတာ၊ ရှောင်တခင် ဖမ်းဆီးတာ၊ တပ်မတော် စစ်ကြောင်းတွေ ရဲတွေနဲ့ ပူးပေါင်းဖမ်းဆီးတာအပြင် ၂၀၁၃ ခုနှစ်၊ သြဂုတ်ကစပြီး သစ်တော လုံခြုံရေး ရဲတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ တယ်လို့ ၀န်ကြီးက ပြောပါတယ်။
မင်းကင်း တမြို့နယ်ထဲမှာပဲ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၄ ဇွန်လအထိ ကျွန်း၊ သစ်မာနဲ့ တခြားသစ် တန်ပေါင်း ၁၁၀၀ ကျော် ဖမ်းမိခဲ့တယ်လို့လည်း ၀န်ကြီးက ဆက်ပြောပါတယ်။
DVB

မှတ်ချက်များ