ကျောင်းသားသမဂ္ဂများ ဆန္ဒပြနေမှု တက္ကသိုလ် ဆရာ၊ ဆရာမများအသင်း ဖျောင်းဖျပေးရန် ၀န်ကြီးပြောကြား
အမျိုးသားပညာရေးဥပ ဒေမူကြမ်းအပေါ်ကျောင်းသားသ မဂ္ဂများဆန္ဒပြနေမှုနှင့်ပတ်သက် ၍ ဖျောင်းဖျပေး ရန်ပညာရေးဝန် ကြီးကတက္ကသိုလ်ဆရာ၊ ဆရာမ များအသင်းတာဝန်ရှိသူများအား ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။
ပညာရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဒေါက်တာဒေါ် ခင်စန်းရီ၊ အဆင့်မြင့်ပညာဦးစီးဌာနညွှန်ကြား
ရေးမှူးချုပ်ဦးဇော် ဌေးနှင့် ပါမောက္ခချုပ်ဒေါက်တာ အောင်မင်းတို့သည် တက္ကသိုလ် ဆရာ၊ ဆရာမများအ သင်းမှ ဒေါက်တာ စိုင်းခိုင်မျိုးထွန်းနှင့် ဒေါက်တာ အာကာမိုးသူတို့ အား တွေ့ဆုံပြောကြားခဲ့ခြင်း ဖြစ်သည်။
‘‘ကျောင်းသားဆန္ဒပြပွဲတွေ ထပ်ဖြစ်မှာ စိုးရိမ်တဲ့ သဘောရှိတယ်။ ကျောင်းသားတွေကို ဖျောင်းဖျပေးဖို့ လည်းပြောတယ်။ ကျောင်းသားတွေက သူတို့ယုံ ကြည်ချက်နဲ့လုပ်ကြတာဖြစ်တဲ့အတွက် ကျွန်တော်တို့က ဘာမှလုပ် မပေးနိုင်ဘူးလို့ပြောခဲ့တယ်။ တစ် စုံတစ်ရာသဘောတူညီမှုမရှိခဲ့ပါ ဘူး’’ဟု ဒေါက်တာအာကာ မိုးသူ ကပြောသည်။
ပညာရေးဝန်ကြီးဌာန တာ ၀န်ရှိသူများက တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းမှ ဆရာများ နှင့်အလွတ် သဘောတွေ့ဆုံဆွေး နွေခဲ့ခြင်းဖြစ်ပြီး ပညာရေးဝန်ကြီး က ထပ်မံတွေ့ဆုံလိုသည်ဟု ပြောကြားခဲ့သည် ဟုဆိုသည်။
ပြည်ထောင်စုလွှတ်တော်သို့ သမ္မတ ဦးသိန်းစိန်က သဘော ထားမှတ်ချက်ပေးပို့ထားသောအ မျိုးသားပ ညာရေး ဥပဒေမူကြမ်းကို ဒေသအသီးသီးရှိ တက္ကသိုလ် ကျောင်းသားသမဂ္ဂများက ကန့် ကွက်ဆန္ဒပြပွဲ များ ပြုလုပ်လျက်ရှိ သည်။
အဆိုပါဥပဒေမူကြမ်းကို အ ရပ်ဘက်ပညာရေး အဖွဲ့အစည်း များဖြင့် စုစည်းထားသောပညာ ရေးစနစ်ပြု
ပြင်ပြောင်း လဲရေးနိုင် ငံလုံးဆိုင်ရာကွန်ရက်(NNER)နှင့် တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းက ကန့် ကွက်ကြောင်းထုတ် ပြန်ထားသည်။
မြန်မာနိုင်ငံ၏ ပထမဆုံးအ မျိုးသားပညာရေးဥပဒေဖြစ်လာ နိုင်သော ဥပဒေမူကြမ်းသည်ပြည် သူ့လွှတ်
တော်နှင့် အမျိုးသား လွှတ်တော်အကြားသဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံ တော်သမ္မတကလည်း အတည်ပြု လက်မှတ်ရေးထိုးခြင်းမရှိဘဲ သ ဘောထားမှတ်ချက်ပြန်လည်ပေး ပို့ထားသည်။
7Day

မှတ်ချက်များ