၂၀၁၄ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကို မပြု လုပ်ဖြစ်တော့ကြောင်း

ကြားဖြတ်ရွေးကောက်ပွဲ မပြုလုပ်ဖြစ်ကြောင်း သတင်းသမားများအား ရှင်းလင်း (ဓါတ်ပုံ - AP)
၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်စရာရှိနေတာ၊ အာဆီယံ ဥက္ကဌ နေရာရယူထားတာနဲ့ တိုက်ဆိုင်နေတဲ့အပြင် ၂၀၁၀ ခုနှစ် မှာ တည်ထောင်တဲ့ ပါတီတွေ သုံးနေရာဝင်ရောက် မယှဉ်ပြိုင်ရင် ပယ် ဖျက်ခံရမယ့် သတ်မှတ်ချက်ရှိတာကြောင့် ကြားဖြတ် ရွေးကောက်ပွဲပြုလုပ်ရင် ပါတီတွေ အတွက် အခက် အခဲဖြစ်နိုင်တာကြောင့် ၂၀၁၄ခုနှစ် ကြားဖြတ်ရွေးကောက် ကို မပြု လုပ်ဖြစ်တော့ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးကကနေ့ မြန်မာ့ငြိမ်းချမ်းရေးနဲ့ပြန်လည် ထူထောင်ရေးလုပ် ငန်းဗဟိုဌာနမှာပြုလုပ် တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ အတွက် ပြည်သူ့လွတ်တော်မှာမဲဆန္ဒနယ် ၁၃နေရာ အမျိုးသားလွတ်တော်မှာမဲ ဆန္ဒနယ် ၆ တိုင်းနဲ့ပြည်နယ်မှာ မဲဆန္ဒနယ် ၁၆နေရာစုစုပေါင်း နေရာလစ်လပ် မဲဆန္ဒနယ် ၃၅နေရာ ရှိတယ် လို့သိရပါတယ်။

မျိုးစန္ဒာ | Kumudra

မှတ်ချက်များ