ဆွစ်ဇာလန်က မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ဒေါ်လာ ၁၆၄ သန်း ကူညီမည်


ဆွစ်ဇာလန်နိုင်ငံကမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအ တွက် ၂၀၁၃ မှ ၂၀၁၇ ခုနှစ်အထိ ငါးနှစ်စီမံကိန်းဖြင့် အမေရိကန် ဒေါ်လာ ၁၆၄ သန်းအကူအညီ ပေးရေး သဘောတူညီလိုက် ကြောင်း သတင်းရရှိသည်။

ထို့အပြင် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုတိုးမြှင့်ရေးအတွက် နိုင်ငံ ခြားရေးဝန်ကြီးဌာနအရာရှိများ ကြား ဒုဝန်ကြီး အဆင့်ပုံမှန်ဆက် ဆံဆွေးနွေးသည့် ယန္တရားထူ ထောင်ရေးကိုလည်း နှစ်နိုင်ငံ သမ္မတများ တွေ့ဆုံရာတွင် သဘောတူညီမှု ရခဲ့ကြောင်း သမ္မတဦးသိန်းစိန်နှင့် ဥရောပခရီး စဉ်အတွင်း အတူလိုက်ပါသွား သူ ပြည်
ထောင်စုဝန်ကြီး ဦးရဲထွဋ်က အီးမေးလ်မှတစ်ဆင့် ဖြေကြားသည်။

‘‘ဆွစ်ဇာလန်မှာ ပုဂံနဲ့ ပျူ ခေတ်ရှေးဟောင်းယဉ်ကျေးမှု ဆိုင်ရာပြပွဲကျင်းပနိုင်ရေးနဲ့ ရန် ကုန်မြို့တော် က
ရှေးဟောင်းအဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်ရေးလည်း ဆွေးနွေးခဲ့တယ်’’ဟု ၎င်းက
ဖြေကြားသည်။

မြန်မာ-ဆွစ်ဇာလန်နှစ်နိုင်ငံ သမ္မတတွေ့ဆုံမှုတွင် မြန်မာနိုင်ငံ တွင် နိုင်ငံ့ဝန်ထမ်းများစွမ်းဆောင် ရည်မြှင့် တင်ရေး၊ ဒေသန္တရအုပ် ချုပ်ရေး အဖွဲ့အစည်းများ စွမ်း ဆောင်ရည် မြှင့်တင်ရေး၊ ငြိမ်း ချမ်းရေး တည်
ဆောက်မှု၊ လူ့အ ခွင့်အရေးမြှင့်တင်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာကိစ္စရပ်များ နှင့် လွတ်လပ်ပြီး တရားမျှတ သော ရွေးကောက်ပွဲဆိုင်ရာကိစ္စ ရပ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက် ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်သည် ဆွစ်ဇာလန်နိုင်ငံတွင် ဖက်ဒရယ်ကောင်စီ၊ ဆွစ်ဇာလန်သမ္မတ တို့နှင့် တွေ့ဆုံပြီး
နောက် စက် တင်ဘာ ၆ ရက်တွင် ဆွစ်ဇာလန် နိုင်ငံ၏ နေရောင်ခြည်စွမ်းအင်နှင့် မွေးမြူရေးလုပ်ငန်းများသို့ သွား ရောက်လေ့လာမည်ဖြစ်သည်။

ဆွစ်ဇာလန် နိုင်ငံသည် မြန်မာနိုင်ငံ၏ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ကန်ဒေါ်လာ ၁၅ သန်းကို ၂၀၁၃-၁၄ ခုနှစ်အတွက် ပံ့ပိုးကူညီခဲ့ပြီးယခုကန်ဒေါ်လာ ၁၆၄ သန်းတန် ငါးနှစ်စီမံ ကိန်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုအကူအညီတွင်အသက်မွေးဝမ်းကျောင်းအပြင် ကျေးလက်ဒေသနှင့် မွေးမြူရေး လုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးကဏ္ဍတို့ပါဝင်ကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်သည် စက်တင်ဘာ ၇ ရက်တွင် နယ်သာလန်နိုင်ငံသို့ထွက်ခွာမည်ဖြစ်ပြီး ဥရောပခရီးစဉ် ကို စက်တင်ဘာ ၉ ရက်တွင် အဆုံးသတ်မည်ဖြစ်သည်။

7Day

မှတ်ချက်များ