![]() |
| ဖမ်းမိတဲ့ ပါ့စ်ပို့များ၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ် |
ပါကစ္စတန်နိုင်ငံသား ၂ ဦးဖြစ်တဲ့ Shahzad Nazeer Butt နဲ့ Khawaja Rizwan Haleem တို့နဲ့အတူ သူတို့ ရဲ့ ထိုင်းလူမျိုး ဇနီးသည်တွေဖြစ်တဲ့ Orawan နဲ့ Nongrak Rakwongsri တို့ကို ထိုင်း အထူးစုံစမ်းရေး တပ်ဖွဲ့ DSI က သြဂုတ်လ ကုန်ပိုင်း ကတည်းက ဖမ်းဆီးခဲ့တာပါ။
ပြီးခဲ့တဲ့ ကြာသပတေးနေ့အထိ DSI က အသေးစိပ်သတင်းထုတ်ပြန်မှု မလုပ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ ကြာသပတေး
နေ့ကတော့ DSI ရဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ ရာဇဝတ်မှုရုံးအကြီးအကဲ Songsak Ruksrisakul က ပြောတာ ကို ဘန်ကောက်ပို့စ်ရဲ့ စက်တင်ဘာ ၄ ရက်နေ့သတင်းတပုဒ်မှာ ရေးထားပါတယ်။
အခုဖမ်းဆီးလိုက်တဲ့ လူ ၄ ဦးတို့ဟာ ဘန်ကောက်ရဲ့ လူစည်ကားတဲ့ ပတူနမ် ( ခေါ် ) ပလက်တီနမ် ရှော့ ပင်းမော အနီးမှာ နှစ်ပေါင်း ၂ဝ ကျော်ကြာ စားသောက်ဆိုင်ဖွင့်ထားကြတယ်လို့ သူကဆိုပါတယ်။
အဲဒီ စားသောက်ဆိုင်ကို သူတို့ရဲ့ စီးပွားရေး လုပ်ငန်းအဖြစ် ပြပြီး တဖက်မှာ နိုင်ငံကူးလက်မှတ် အရောင်း အဝယ်တွေ လုပ်နေတာလို့ Songsak Ruksrisakul က ပြောပါတယ် ။
အခုအဖမ်းခံရတဲ့ ပါ့စ်ပို့ အရောင်းအဝယ်လုပ်သူတွေဟာ နိုင်ငံခြားသားတွေဆီက ခိုးယူလာတဲ့ပါ့စ်ပို့
တွေကိုလည်း ဝယ်ခဲ့ပြီး အဲဒီ ပါ့စ်ပို့နဲ့ တူတဲ့ ပါ့စ်ပို့တ်အတုတွေလည်း လုပ်ပါတယ်တဲ့။ တချို့ ပါ့စ်ပို့စာအုပ် အစစ်တွေမှာ ဝယ်ယူသူရဲ့ လိုအပ်ချက် အပေါ် မူတည်ပြီး နာမည်နဲ့အချက် အလက် တွေပြောင်းပေး ပါတယ်။
သူတို့ဖောက်သည်တွေကလည်း ထိုင်းနိုင်ငံတွင်းကရော၊ ထိုင်းနိုင်ငံပြင်ပတွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် ရှိတယ်လို့ ဆိုတယ်။
DSI အရာရှိတွေလည်း အဖမ်းခံရတဲ့သူတွေရဲ့ စားသောက်ဆိုင်နဲ့ သူတို့ နေထိုင်တဲ့ တိုက်ခန်းတွေကို သွားရောက်ရှာဖွေ စစ်ဆေးမှုတွေ လုပ်ခဲ့တော့ အခိုးခံထားရတဲ့ အီတလီ ပါ့စ်ပို့တွေ၊ ပါ့စ်ပို့အတုမှာ သုံးတဲ့ ဓာတ်ပုံတွေ၊ ဗီဇာ အတုတွေ၊ မှတ်ပုံ တင်ကတ်အတုတွေ၊ ယာဉ်မောင်လိုင်စင်တွေနဲ့ နိုင်ငံပေါင်း ၄၂ နိုင် ငံကျော်က ပါစ့်ပို့စာအုပ် အဖုံးတွေကိုလည်း သက်သေ အဖြစ် သိမ်းဆည်းခဲ့တယ်လို့ Mr Songsak က ဆိုပါတယ်။
ပါကစ္စတန် အမျိုးသား ၂ ဦးနဲ့ သူတို့ရဲ့ ဇနီးသည် ထိုင်းအမျိုးသမီး ၂ဦးတို့ကတော့ ပါ့စ်ပို့အတုလုပ်မှု၊ ရောင်း ဝယ်ဖောက်ကား မှု တွေနဲ့ တရားရင်ဆိုင်ရဖို့ ရှိပါတယ်။
စုံစမ်းစစ်ဆေးသူတွေကလည်း ဒီလို ပါ့စ်ပို့မှောင်ခိုဂိုဏ်းမှာ ပါဝင်တဲ့သူတွေကို ဆက်လက်စုံစမ်းနေကြပြီး လက်ရဖမ်းမိနိုင်ရေး ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။
ပါ့စ်ပို့ အတု၊ ပါ့စ်ပို့ အစစ်ကို ကပ်ခွာလို့ ခေါ်တဲ့ အမည်နဲ့ အချက်အလက်ပြောင်းလဲတဲ့ ကိစ္စတွေနဲ့ပတ် သက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အလွန်နာမည်ကြီးပါတယ်။
ပြီးခဲ့တဲ့ မတ်လဆန်းက မလေးရှားလေကြောင်းလိုင်း MH 370 လေယာဉ်ပျောက်ဆုံးမှုမှာ နိုင်ငံကူးလက် မှတ်အတုကိုင် ဆောင်လိုက်ပါသွားတဲ့ ခရီးသည် ၂ ဦးကိစ္စမှာ ထိုင်း DSI တွေလည်း ပါ့စ်ပို့ ဂိုဏ်းတွေ ကို
ခြေရာခံ လိုက်ပြီး အပြင်အထန် နှိမ်နင်းမှုတွေ လုပ်လာနေတာပါ။
အိမ့်သံစဉ်

မှတ်ချက်များ