ဝါးခယ်မမြို့နယ်ကျုံစိန်ကျေးရွာအုပ်စုညောင်ချောင်းကျေးရွာနေဦးစိန်လှဝင်းသည်စက်တင်ဘာ၁၃ရက်မွန်း လွဲ၁ နာရီခွဲက နေအိမ်၌ရှိစဉ် အိမ်နီးချင်းနေ ကျောင်းသူလေးနှစ်ဦးဖြစ်ကြသောမဟေမာန်ဦး (၆)နှစ်နှင့် မအေးချမ်းမေ(၈)နှစ်တို့ကဦးစိန်လှဝင်းအားပြောပြသည်မှာဝါးခယ်မမြို့ ဆေးရုံ ရပ်ကွက်နေ ဇော်ရှင်း (ခ) ဟာကင်း (၃၁)နှစ်သည် ၎င်း၏သမီးငိုလွန်းသဖြင့် ခြုံစောင်ဖြင့်ကလေးမျက်နှာကိုဖိအုပ်လိုက်ရာသေဆုံး သွားသည်ဟု ပြောပြ၍ သိရသည်။
ထို့ကြောင့်ဦးစိန်လှဝင်းက၀ါးခယ်မမြို့မရဲစခန်းသို့ သွားရောက်သတင်းပို့ရာဒုရဲမှုးဋ္ဌေးအောင်နှင့်အဖွဲ့ကမ ချစ်မွှေးငုံ၏နှာခေါင်းမှအမြှုပ်များထွက်ပြီးနှုတ်ခမ်းပြာနေကာဒဏ်ရာမရှိဘဲမွန်းကျပ်သေဆုံးခြင်းလက္ခဏာ
စစ်ဆေးတွေ့ရသည်။
ညနေ၆နာရီခွဲတွင် ဒုရဲမှူး ဌေးအောင်၏တိုင်တန်းချက်အရ၀ါးခယ်မမြို့မရဲစခန်းမှ(ပ) ၁၃၃/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၃၀၄ ဖြင့်တရားခံဇော်ရှင်း(ခ)ဟာကင်းအားဖမ်းဆီးအရေးယူထားသည်။
MMSTD.com

မှတ်ချက်များ