ရခိုင် ပြည်နယ်အတွင်း ဘင်္ဂါလီ လူဦးရေတိုးပွားလာမှု ထိန်းချုပ် နိုင်ရန် ပင်လယ်ပြင်ကို ဦးစွာ ထိန်းချုပ်ရန် လိုအပ်ကြောင်း စစ်တွေ မြို့နယ် ပြည်နယ်လွှတ် တော်ကိုယ် စားလှယ် ဦးအောင်မြကျော်က ပြောသည်။
ယခုလ ၁၁ ရက်တွင် စစ်တွေ မြို့ရှိ လူမှုအဖွဲ့အစည်းများ၊ မြို့မိ မြို့ဖများ၊ အမျိုးဘာသာ သာသနာ စောင့်
ရှောက်ရေး အဖွဲ့များက ဘင်္ဂါလီ လူမျိုးများ နေရာချထားရေးနှင့် ပတ်သက်ပြီး ဒေသခံများ၏ သဘော ထား ကို နိုင်ငံတော် သမ္မတထံပေး ပို့သောစာတွင်လည်း ပဋိပက္ခနှစ် နှစ်ကျော်ကာလအတွင်း ဒုက္ခသည် စခန်းများ တွင် ဘင်္ဂါလီဦးရေ လေးသောင်းခန့် တိုးလာကြောင်း ဖော်ပြထားသည်။
”ဘင်္ဂါလီဦးရေက ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ တိုးနေတယ်။ အဓိက က ထိန်းချုပ်မှုလုံးဝမရှိလို့ဘဲ။ ပင် လယ်ပြင် ကိုထိန်းချုပ်နိုင်ဖို့လို တယ်။ မြန်မာ့ရေပိုင်နက်ကို ထိထိ ရောက်ရောက် ထိန်းချုပ်နိုင်ဖို့ အရည်အသွေးပြည့် တပ်ဖွဲ့လို တယ်”ဟု ဦးအောင်မြကျော်က ပြောသည်။
ရခိုင်ပြည်နယ်ရှိ အခြားမြို့ များကို မပြောလိုသော်လည်း စစ် တွေမြို့မှာမူ ဘင်္ဂါလီအဝင်အထွက် အတားအ ဆီးမရှိ ဝင်ထွက်နေ ကြောင်း၊ ဘင်္ဂါလီများအတွက် ထွက်ပေါက်ဝင်ပေါက် အထိန်း အကွပ်မရှိသကဲ့သို့ဖြစ်
နေကြောင်း ဦးအောင်မြကျော်ကပြောသည်။
ဘင်္ဂါလီလူမျိုးများ နေရာချ ထားရေးနှင့်ပတ်သက်ပြီးနိုင်ငံတော် သမ္မတထံ တင်ပြသည့်စာတွင် မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ဘင်္ဂါလီ လူမျိုး ၁ ဒသမ ၃၃ သန်းရှိသည့် အနက်ရခိုင်ပြည်နယ်တွင် ၁ ဒသမ ၁၅ သန်းခန့်ရှိ
ကြောင်း ဖော်ပြပါ ရှိသည်။
ဒုက္ခသည် စခန်းများတွင် စားနပ်ရိက္ခာနှင့် ဆေးဝါးစောင့် ရှောက် ထောက်ပံ့မှုများရှိခြင်း ကြောင့် ဒုက္ခသည် စခန်းများတွင် ခိုးဝင်နေထိုင်မှုများရှိကြောင်း ဒေသခံများကပြောသည်။
ကျင်းပပြီးစီးခဲ့သည့် ရခိုင် အမျိုးသားညီလာခံတွင်လည်း ဘင်္ဂါလီလူမျိုးများ ဝင်ရောက်မှု တားဆီးနိုင်ရေးအ တွက် ပင်လယ် ပြင်လုံခြုံရေးကို တိုးမြှင့်ဆောင် ရွက်ရန် တောင်းဆိုမည့် မူဝါဒ တစ်ရပ်ကို ချမှတ်ခဲ့သည်။
ရခိုင်ပြည်နယ်ရှိ ရဲတပ်ရင်း များမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေ ဖြင့် ပင်လယ်ပြင်ဝင်ပေါက်ကို အချိန်ပြည့်
စောင့်ကြည့်နေကြောင်း သိရသည်။
အောရမ်း | The Union Daily

မှတ်ချက်များ